Sunday, 20 November 2011

သူတို့ လွှတ်တော်ထဲ ရောက်သွားကြသည့်အခါ ( ခိုင်အောင်ကျော်)


ဒီမိုကရေစီရွေးကောက်ပွဲ တခုကို ပြုလုပ်သည့်အခါနိုင်ငံရေးပါတီများက ၀င်ရောက်ယှဉ်ပြိုင်ကြတတ်သည်။
နိုင်သည့်ပါတီက အာဏာလွှဲပြောင်းရယူသွားပြီး လွှတ်တော်ခေါ်ကာ အစိုးရဖွဲရသည်။ သည့်နောက် အစိုးရသစ်ဖြစ်သည့်နည်းတူ ပထမအစိုးရ၏ မကောင်းခဲ့ သောနိုင်ငံရေးစနစ် သို့ မဟုတ် အကောင်အထည်မဖေါ်ဆောင်ခဲ့ သော ပေါ်လီစီများကိုပယ်ဖျက်ကာ မိမိတို့ အစိုးရ၏ ပေါ်လီစီများကို ဖွဲ
့စည်းအုပ်ချုပ်ပုံဥပဒေအဖြစ် သတ်မှတ်ကာ ဆောင်ရွက်တတ်ကြသည်။ဤသည်မှာဒီမိုကရေစီနိုင်များ၏ လုပ်ထုံးလုပ်နည်း မြင်နေရသောအနှစ်သာရဖြစ်သည်။ ယခုမြန်မာနိုင်ငံ၏ အစိုးရလွှတ်တော်ထဲတွင်
ကြးဖြတ်ရွေးကောက်ပွဲကို ကျင်းပရန်ရှိနေသည်။ ယင်းရွေးကောက်ပွဲတွင်အတိုက်အခံဟု ခေါ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကနိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်တော့မည်ဖြစ်သည်။တချိန်တည်းမှာ ရွေးကောက်ပွဲကို
ဝင်ရောက်ယှဉ်ပြိုင်မည်ဟုလည်း သိရသည်။ နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခြင်းကိုပင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကတရားဝင်နိုင်ငံရေးပါတီအဖြစ် တည်ရှိနေသေးကြောင်း ဥပဒေပုဒ်မများဖြင့်တရားရုံးအထိ လျှေက်ထားခဲ့ ပြီးဖြစ်သည်။ သို့ သော် အသိအမှတ်မပြု ။
ယခုတရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်သောအခါ တရားဝင်သွားပြီဖြစ်သည်။



သည်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ပြည်နယ်တိုင်းတွင်ရုံးခမ်းများဖွင့်လှစ်ခြင်းနှင့် တရားဝင်လှုပ်ရှားခွင့်ကိုရရှိသွားပြီဖြစ်သည်။ မည်သူမျှ နောက်ယောက်ခံ လိုက်လံ
ဖမ်းဆီးချုပ်နှောင်ခြင်း မရှိတော့ ။ ယခင်ကလိုက်ခလံဖမ်းဆီးချုပ်နှောက်ခံထားရသော သူများမှာလည်း
လွပ်မြောက်ကြရတော့မည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ယခင်ကတရားမ၀င်သော်လည်း ယခုဖြင့် တရားဝင်ပါတီဖြစ်သွားရာ သူတို့ မုချလွပ်မြောက်ခွင့်ရှိစေရမည်ဖြစ်သည်။ နိုင်ငံရေးပါတီဖြစ်၍ လွပ်လွပ်စွာ
စုရုံးပိုင်ခွင့်၊ လွပ်စွာ ဟောပြောခွင့်၊ လွပ်လွပ်စွာ ထုတ်ဝေခွင့်တို့ကို တရားဝင်ရရှိသွားပြီဖြစ်သည်ဟု မည်သူအာမခံနိုင်ပါမည်နည်း ။ပြည်တွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က
လွပ်လွပ်စွာ အဖွဲ့ အစည်းတည်ထောင်ခွင့်ကို ရရှိသွားပြီဖြစ်၍ ပြည်ပတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်( လွပ်မြောက်နယ်မြေ ) မှာ မလိုအပ်တော့ ။သို့ အတူ မြန်မာနိုင်ငံအမျိုးသားညွန့် ပေါင်းအစိုးရအဖွဲ့ လည်း
မလိုအပ်တော့ ။ ၁၉၉၀- ခုနှစ်ရွေးကောက်ပွဲ ရလဒ်ကလက်တွေ့ တွင်မလိုအပ်တော့ပါ-အော်နေစရာမလိုတော့ပါဟု ဒေါ်အောင်ဆန်းစုကြည့်၏ စကားကိုကိုးကားပြောရလျှင် ပြည်ပက ဤအဖွဲ့ တို့ သည်လည်း မလိုအပ်တော့ဟု
ပြောရတော့မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည့် ပြောသောစကားမှာ လက်တွေဆန်လွန်းလှပါသည်။ ၁၉၉၀-ခုနှစ် ရွေးကောက်ပွဲရလဒ်ကိုအော်ပြီးတောင်းခံစရာမလိုတော့ပါဟု ပြောသည်မှာ လွန်စွာ လက်တွေ့ ဆန်နေသည်။လက်တွေ့ ဆန်သော်လည်း ယင်းစကားကို ကြားရသော အတိုက်အခံသမားတွေက လက်မခံကြ။သည်တော့ ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မီတီသည်လည်း လက်တွေ့ မှာမလိုအပ်တော့ပါဟု ပြောရုံမှ တပါး အခြား မရှိတော့ပါဟုသာ ဆိုရပါတော့မည်။
ပြည်တွင်းမှာမှတ်ပုံတင်ခြင်းနှင့် ရွေးကောက်ပွဲဝင်ခြင်းသည်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ပါတီတွင်းပြသနာဖြစ်သည်။ သို့ သော်ဤဂယက်ကြောင့် မည်သည့်အကိုင်းအခက်များ ကျိုးပဲ့ကုန်လေသနည်းဆိုသည်ကိုကျွန်တော်တို့  ဆန်းစစ်ကြည့် ရန်လိုသည်။ ယခုပြည်ပမှာ ခြေလက်ကျိုးပဲ့ ကာမသန်မစွမ်း ဖြစ်ကြရသော အဖွဲ့ အစည်းများမှာ တချိန်က
ပြည်တွင်းနိုင်ငံရေးကို အထောက်အကူပြုပေးနိုင်ခဲ့ ကြသည်မှာ
အတိုင်းအတာတခုအနေဖြင့် ရှိခဲ့ သည်။

သူတို့ ၏ ကိုယ်စွမ်းညဏ်စွမ်း ရှိခဲ့မှုကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားတို့ ၏
စာမျက်နှာတိုင်းကို ကမ္ဘာတလွှားမှ သိရှိခဲ့ ကြသည်။ ယင်းအရှိတရားကို လက်တွေ
့ကျစွာ ကျွန်တော်တို့  လက်ခံထားရပေမည်။ ပြည်တွင်းမှ မလုပ်နိုင်ခဲ့ သည်ကိုပြည်ပမှ လုပ်နိုင်ခဲ့ ကြ၍ အတိုင်းအတာတခုအထိ အောင်မြင်မှုများ ရရှိခဲ့သည်မှာ မနည်းလှ။ယခုနိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခြင်းနှင့်ရွေးကောက်ပွဲဝင်ရခြင်းပေါ်မှာ ပထမဆုံးဝမ်းပမ်းတသာ ကြိုဆိုသူများနှင့်
ဝမ်းပန်းတနည်း ဖြစ်ကြရသူများကို ပြောချင်သည်။

ဝမ်းပမ်းတသာကြိုဆိုသူများမှာ အစိုးရဖြစ်သွားသော ကြံ့ဖွံ့ပါတီနှင့် တစညပါတီတို့  ဖြစ်ကြသည်။ ၀မ်းပန်းတနည်းဖြစ်ကြသောသူတို့ မှာ ပြည်ပကနိုင်ငံရေးအတိုက်အခံအဖွဲ့ အစည်းများနှင့် ပြည်တွင်းမှ
နော်အုံးလှအပါအ၀င် တိတိကျကျ လှုပ်ရှားနေကြသော အဖွဲ့အစည်းငယ်များဖြစ်ကြသည်။ ၀မ်းပန်းတနည်းဆိုသည်မှာ လက်မခံကြ၍မကြိုဆိုသောသူတို့ ကို ဆိုလိုခြင်းသာဖြစ်သည်။ ပြည်ပမှ
ဒေါင်ဒေါင်မည်သမားတို့ မှာ ခံစားရမှုများကို ကြေကွဲစွာ ပြောဆိုနေကြသည်ကို
ကျွန်တော်တို့  အသိဆုံးဖြစ်သည်။ ယင်းသူတို့ ၏အင်အားမှာ မသေးလှသလိုစည်းရုံးရေးစွမ်းရည်မှာလည်း မနည်းလှရာ ခုတော့ဖြင့်ယင်းသံမဏိစိတ်ဓါတ်တွေမှာ ယခုအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့်
လားလားမျှ မပါတ်သက်သလိုဖြစ်သွားပြီ ။

ယုတ်စွအဆုံး -၁၉၉၀-ခုနှစ်ရွေးကောက်ပွဲအနိုင်ရသော တိုင်းရင်းသားပါတီများမှာ နိုင်ငံရေးပါတီအဖြစ်
မှတ်ပုံတင်ခြင်းကိုပင်လျှင် အသိအမှတ်ပြု စကားများ မပြောကြတော့။ သူတို
့မှာ အဖမ်းဆီးခံ နိုင်ငံရေးခေါင်းဆောင်များရှိနေရာ သူတို့  မလွပ်သေးခင်
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်သလို ရွေးကောက်ပွဲကိုလည်း မ၀င်ကြဟု
ဆိုရှာပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် လက်ပွန်းတတီးရှိနေခဲ
့သော -CRPP-UNA တို့ က ခုအချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ 
့ချုပ်နှင့် တသံတည်း ထွက်မလာသည်ကို သတိထားမိသည်။
ယင်းမှာခေါင်းဆောင်တဦး၏ အရည်အချင်းအပေါ် စမ်းသတ်ခံရခြင်းဖြစ်သည်။ အကယ်၍
ဒေါ်အောင်ဆန်းစုကြည်သာ ခေါင်းဆောင်တဦးအနေဖြင့် နိုင်ငံရေးပါတီအဖြစ်
မှတ်ပုံတင်ခြင်းနှင့်ရွေးကောက်ပွဲကို ၀င်မည်ဟု နောက်လိုက်ကောင်းများအား
ကြိုတင် မိန့့် ခွန်းပြောထားခဲ့ လျှင် သို့ တည်းမဟုတ်
ပြည်သူတရပ်လုံးနှင့် ကမ္ဘာကို ကြေညာထားလျှင် နှစ်ပေါင်း-၂၀- ကျော်လုံးလုံး
လက်တွဲတိုက်ပွဲဝင်နေခဲ့  သော တိုင်းရင်းသားနိုင်ငံရေးပါတီများမှာ
ယခုကဲ့သို့  တဇောင်းချေးနှင့်မျက်ချေး
ဖြစ်စရာအကြောင်းမရှိနိုင်ဟုမြင်သည်။ ကျွန်တော်တို့ လိုချင်သည်မှာ
ခေါင်းဆောင်၏နောက်က တသွေမတိမ်းလိုက်နိုင်သော နောက်လိုက်ကောင်းများအဖြစ်
မြင်လို တွေ့ လိုခြင်းဖြစ်သည်။ ခုတော့ဖြင့် သည်လိုကမဟုတ်ခဲ့ ပြီလေ ။
နောက်တချက်မှာ အဖွဲ့ ချုပ်အတွင်း အကွဲမခံနိုင်ဆိုသော စကားကို
တဖန်ကြားနေရသည်။ ကွဲစပြုနေသော အဖွဲ့ ချုပ်၏ ပုံစံကို ဖါထေးနိုင်အောင်
ကျားကန်ကြိုးစားနေကြရသလို ဖြစ်နေသည်။ စင်စစ်အားဖြင့် ယခုကိစ္စကို စကတည်းက
သိနားလည့် ကြမည်ဆိုလျှင် ဤအသံတွေကို ကြားကြရလိမ့်မည်မထင် ။ တချို့ က
မှတ်ပုံတင်ခြင်းကိုသာ ထောက်ခံနေကြသလို ရွေးကောက်ပွဲကို ၀င်မှာ
လက်မခံသောသူများလည်း မြင်တွေ့ နေရသည်။ မည်သို့ ပင်ဖြစ်စေ
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှာ နိုင်ငံရေးပါတီအဖြစ်
မှတ်ပုံတင်တော့မည်ဖြစ်သည်။ တချိန်တည်းမှာပင် ရွေးကောက်ပွဲကို
ဝင်မည်ဟုလည်း ကြေညာထားပြီးဖြစ်သည်။ သည်တော့ နိုင်ငံရေးပါတီတခု၏
ရပိုင်ခွင့်များကို အထက်မှာ ဖေါ်ပြခဲ့ သလို မရရှိခဲ့ ပါက
-၁၉၉၃-ခုနှစ်-အမျိုးသားညီလာခံက ထွက်ခေါ်လာခဲ့ သည့်အတိုင်း လာခဲ့ ပြီဆိုပါက
ကောင်းသောလက္ခဏာတွေကို ရင်ဆိုင်ရတော့မည်မဟုတ်။ တကြိမ်မဟုတ်
နှစ်ကြိမ်သုံးကြိမ် တောင်းပန်နေမှတော့ ပြည်သူလူထုတွေက
စိတ်ပျက်ငြီးငြူသွားမည်မှာ အသေအချာဖြစ်သည်။ နိုင်ငံရေးပါတီတရပ်၏
စည်းရုံးရေးကောင်းသော လက္ခဏာမှာ တိုးတက်ဖြစ်ထွန်းမှုအပေါ်မှာ အခြေခံသည်။
သမတဦးသိန်းစိန်အစိုးရသည် နိုင်ငံရေးပါတီတခု၏ ဒီမိုကရေစီစံနုံးနှင့်အညီ
အမျိုးသားဒီမိုကရေစီအဖွဲ့ ကို လိုက်လျှောညီထွေ ရှိလေအုံးမည်လား ဆိုသည်မှာ
သံသယရှိနေတုံးဖြစ်သည်။ ပါတီရုံးခမ်းတွေ ဖွင့်လို့  မရသောမြို့ နယ်တွေ
ပြည်နယ်တွေမှ ယခင်က သောသောညံစွာ အသံတွေကို နားထဲမှာ ကြားနေခဲ
့ရပြီးဖြစ်သည်။ ယခုလည်း ယင်းအသံများကို ထပ်မံကြားရမည်လားဟု တွေးတောမိသည်။
အကယ်၍ ကြားရပြီဆိုပါက တခုခုတော့ လွှဲနေပြီဟု အရပ်သားတွေလို စကားပြောလို
့ကတော့ နိုင်ငံရေးသမားသိက္ခာကျကြရတော့မည်ဖြစ်သည်။
စင်စစ်အားဖြင့် နိုင်ငံရေးပါတီအဖြစ် စံနုံးများကို တွက်ချက်မနေဘဲ
ရွေးကောက်ပွဲကို ၀င်ခဲ့ ဦးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏
လွှတ်တော်ကိုယ်စားလှယ်အင်အားမှာ ကြံ့ဖွံ့ကိုယ်စားလှယ်များ၏ အင်အားထက်
လျော့နည်းနေသည်။ တချိန်တည်းမှာ ဥပဒေများကို ဖြည့်စွက်တင်ပြသည်ထားဦး၊
ညဏ်ကြီးရှင် ယူနီဖေါင်းလဲ ၀န်ကြီးတွေက ဖြေဆိုနေသော
စီမံကိန်းများအကြောင်းကို မည်သို့ မျှ ကျော်လွှား၍ ရမည်မဟုတ်။
ယူနီဖေါင်းချွတ် ၀န်ကြီးတွေမှာ အမှန်တကယ်ပင် လွှတ်တော်ထဲမှာ
ဖြေဆိုနေကြသည်ကို ကြည့်ခြင်းအားဖြင့် ကြံ့ဖွံ့အစိုးရ၏ မည်မျှတော်ကြောင်း
နားလည်ကြောင်း ခန့် မှန်းနိင်သည်။ မေးသူက တခွန်းလောက်သာ မေးသော်လည်း
ဖြေဆိုသော အဖြေများမှာ ယခင် နအဖစစ်အစိုးရလက်ထက်ကတည်းက စီမံကိန်းများကို
မည်သို့  မည်ပုံ အကောင်အထည် ဖေါ်ဆောင်နေသည်ကို သတင်းစာ
စာမျက်နှာအပြည့်ဖြေဆိုခြင်းမှာ သူတို့ မို့ လို့  ဖြေဆိုနိုင်ခြင်းဟု
သုံးသပ်မိသည်။ သမတဦးသိန်းစိန်အစိုးရ၏ လွှတ်တော်မှာ သူတို့ အစိုးရ၏
လုပ်ဆောင်ချက်များကို မည်သည့်အရာတခုမျှ အကောင်အထည် ဖေါ်ဆောင်နေသည်ကို
လွှတ်တော်၌ စီမံကိန်းတွေ ရေးဆွဲနေတာမပြဘဲ ယခင်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
ဆောင်ရွက်ခဲ့ သော စီမံကိန်းတွေကို ချပြနေလို့ ကတော့ ဤနိုင်ငံမည်သို့ မျှ
တိုးတက်မှုတွေ ဖြစ်လာမည်မထင်။ ယင်းသို့ နအဖစစ်အစိုးရ၏ စီမံကိန်းများကို
ဥပဒေရေးရာအဖြစ် ( နှင့်  ) ကို ( ဖြင့် ) ပြောင်းနေသော လွှတ်တော်ညီလာခံ၌
မည်သူကမျှ မြန်မာနိုင်ငံတော်ကို တိုးတက်ဖြစ်ထွန်းအောင် လုပ်ဆောင်၍
ရမည်မဟုတ်ချေ။
နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးသောကြောင့် တချို
့သောအတိုက်အခံ နိုင်ငံရေးအဖွဲ့ အစည်းတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ
့ချုပ်ကို တောင့်ခံစေချင်ကြသေးသည်။ ပြန်ပေးဆွဲထားသလို မင်းကိုနိုင်တို
့ကို ဖမ်းဆီးထားခြင်းကြောင့် သူတို့ လွှတ်ပေးမှ စဉ်းစားမည်ဆိုသောအဖြေကို
ပေးထားပြီး တောင့်ထားပါက သမတဦသိန်းစိန်အစိုးရမှာ အခက်တွေ့ နိုင်သည်ဟု
ထောက်ပြကြသည်။ သို့ မဟုတ် လက်လျှော့ ပေးလိမ့်မည်ဟု ထင်သည် ။ အာဆီယံဥက္ကဌ
ဖြစ်နိုင်လာမည်ကို အကြောင်းပြု၍ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို
မှတ်ပုံတင်စေပြီး ရွေးကောက်ပွဲဝင်စေလိုခြင်းမှာ သမတဦးသိန်းစိန်၏အစိုးရ၏
မျှော်မှန်းချက်တွေဖြစ်သည်။ ယင်းမျှော်မှန်းချက်များမှာ ယခုသူတို့ 
ပြည့်စုံသွားပေပြီ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့်ကော
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း မျှော်မှန်းချက်တွေ ဆန္ဒတွေ ဘာတခုမျ
မပြည့်စုံသေး။ သို့ ပေမင့် သူတို့  လွှတ်တော်ထဲ ရောက်ကြသွားသောအခါ
လွှတ်တော်ထဲက ကြံ့ဖွံ့ကိုယ်စားလှယ်များနှင့် စစ်တပ်ကိုယ်စားလှယ်များ၏
လက်ခုပ်သံများကသာ လွှမ်းမိုးနေမည်ကို မျက်မြင်တွေ့ ကြုံမည်ဆိုပါက
အကျဉ်းထောင်ထဲမှ မင်းကိုနိင်တို့ ၊၊
ရှမ်းနိုင်ငံရေးခေါင်းဆောင်-ခွန်ထွန်းဦးတို့ က- ဆုတောင်းပေးရုံမှတပါး
အခြားမရှိပြီလို့ သာ ပြောရပါတော့မည်။

ခိုင်အောင်ကျော် ( နယူးယောက် )

1 comment :

Anonymous said...

သင့်တင့်လျှောက်ပတ်လှစွာသော အမြင်တစ်ခု၊ ယခုအခြေအနေနှင့်လည်း လိုက်ဖတ်မှုရှိလှပါသည်။ ဒါကြောင့် ဒီ Post ကို save လုပ်ထားစေချင်ပါသည်။
နောင်တစ်ချိန်တွင် သမိုင်းဝင်သွားစေနိုင်လောက်သော Post တစ်ခုအဖြစ်အနေနှင့်လည်း ၇ှုမြင်ရပါသည်။
အရေးအကြီးဆုံးအချက်တစ်ခုကတော့ ကျွှန်တော်တို့ အားလုံး အထူးစောင့်ကြည့်ကြရမည့် အချိန်ကောင်းပင်ဖြစ်ပါသည်။
အကွက်ရွှေ့မှားတဲ့သူတွေ အစားခံရမည့် အရေးကြီးသော အချိန်တစ်ခုကိုရောက်နေပြီဖြစ်ပါသည်။
အရေးအကြီးဆုံးအချက်တစ်ခုကတော့ အကယ်၍ NLD မှားခဲ့လျှင် ကျွန်တော်တို့တွေ ဘယ်လိုပြန်ဖြေရမလည်း ကိုပါ ခုထဲကကြိုတင်စဉ်းစားပြီး Plans တွေပါချထားသင့်ပါသည်။
"One way or another, it is just for our country.!" We all are ousiders, we have so many choises. Be smart Brothers & sisters.!
We all should start think about that now.!
I knew we all want to get our freedom.