တွေ့ဆုံဆွေးနွေးပွဲ ဟာ အပေး နဲ့ အယူလုပ်ကြတာပါ။ မိမိရဲ့အဓိက ကျောရိုးလိုင်းကို အမြန် အလျှော့မပေးလိုက်သင့်ပါဘူး။ အန်အယ်လ်ဒီ ဆုံးဖြတ်ချက်ချတာစောလွန်းပါတယ်။ ၉၀ကို တနည်းနည်းအသိအမှတ်ပြုရမယ် ဆိုတာ ဟိုဖက်က တခါမှ တရားဝင်ဖိတ်ကြားပြီးတောင်အသိအမှတ်မပြုရသေးဘူး စာစောင်အင်တာဗျူးလေးဖတ်ပြီး တခါတည်း ၉၀ ပြီးပြီ လုပ်ပစ်လိုက်တယ်။ နောက်ပြီး တင်မယ် ပြိုင်မယ် ပြောတာ တွေဟာ တပ်ဦးပါတီကြီး တခုအနေနဲ့ တဆင့်စီပဲ လုပ်သင့်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေမှာ ဒီမိုကရေစီနဲ့ မကိုက်တာတွေ ဘာပြင်ပေးလဲ၊ အဓိကကျတာ ဘာမှကို ပြင်မပေးတာပါ။ ကိုယ့်ဖက်က လျှော့တာ မြန်လိုက်တာ အသံထက်တောင် အရမ်းမြန်တယ်။ ဟိုဖက်က ဘာမှ မလျှော့ဘူး။ အခုတော့ အန်အယ်လ်ဒီ ကို ၂၀၀၈ ထဲ ကို ရိုက်သွင်းသွားနိုင်ပါပြီ။ အခုဆို အန်အယ်လ်ဒီ လွတ်မြောက်နယ်မြေ၊ ၉၀ အမတ်အဖွဲ့ကြီး နဲ့ ညွန့်ပေါင်းအစိုးရပါ ဖျက်လိုက်ရတော့မယ်။ ဒါဟာ အမျိုးသားကောင်စီ တပ်ဦးကြီး ရဲ့ ဒေါက်တွေအားလုံးပါပြုတ်ကုန်တာ။ ကိုယ်ကပေးလိုက်ရတာပါ။ အန်အယ်လ်ဒီ နဲ့ ဒေါ်စုကို ဝိုင်းရံနေတဲ့ နိုင်ငံရေးအရ ခံရပ်နေကြတဲ့ ခံတပ်အဖွဲ့တွေ ပျက်ကုန်တာပါ။ နဂါးခေါင်းက နဲနဲပဲ လှုပ်လိုက်တာ အမြှိးနဲ့ ကိုယ်လုံးက အားလုံးကို ရိုက်မိသွားပြီ။ဒါက ပြည်ပအခြေအနေ။ ပြည်တွင်းမှာကော လွှတ်တော်တွင်း ပူးသတ်ရေးဟာ ၂၀၀၈နဲ့ ပူးညပ်ခံရလိမ့်မယ်။ ဘာမှလုပ်မရအောင် လုပ်ထားပြင်ထားကြတာ။ ၁၉၈၈ ဒီမိုကရေစီတော်လှန်ရေးကြီးတခုလုံး ရဲ့ အဓိက အောင်သီးအောင်ပွင့် ကျောရိုးလိုင်းဟာ ၉၀ ရွေးကောက်ပွဲရလဒ်ပါ။ ဒီမိုကရေစီတော်လှန်ရေးကြီးရဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စကိုလည်း ယုံကြည်ချက် နိုင်ငံရေးအကျဉ်းသားတောင် မရှိဘူးတဲ့ ဦးသိန်းစိန်ကိုယ်တိုင်ပြောတာ။ တိုင်းရင်းသားအရေး ပြည်တွင်စစ်အရေးကလည်း ဘာမှပြေလည်သေးတာမဟုတ်ဘူး။ အဓိကလိုင်းတွေ မရဘဲ မပြေလည်သေးဘဲနဲ့ မိမိရဲ့အဓိက ကျောရိုးလိုင်းကို အမြန် အလျှော့ပေးလိုက်လျှောလိုက်တာမြန်လွန်းတယ်။ စစ်အုပ်စုနဲ့ ကြံ့ဖွတ်နဲ့ လွှတ်တော်ထဲ ဝင်ကစားရင် ၂၀၀၈ ထဲမှာ သပွတ်အူလိုက်ပြီး ဇတ်မျောကြီးဖြစ်တော့မယ်၊ တကယ်ရင်လေးမိပါတယ်။
ဇော်ဝင်း
4 comments :
don't worry about man.
just worry by yourself.
take care.
no progress inside & outside political situation in Burma.
ကောင်းပါတယ်..ဒီဒေါက်တိုင်တွေ မြန်မြန်ပြုတ်မှပဲ...ချီးထုပ်ဒေါက်တိုင်နဲ့ ခံထားလို့ ဒီလိုယိုင်နေတာ နှစ်နှစ်ဆယ်ရှိပြီ... ပြည်ပကနေ တောပြောတောင်ပြော...
just ask yourself first before judging the others.all of u r political junkies.remember that.everyone knows and now everythings is clearly see what kind of people are u all.
Post a Comment