Tuesday 8 November 2011

လူသတ်သမား သံအမတ်ယောင်ဆောင် မှုဖေါ်ထုတ် လိုက်ပြီ

မြန်မာသံအမတ်ကြီးရဲ့နောက်ကြောင်း စုံစမ်းပေးဖို့ တောင်အာဖရိက အတိုက်အခံအဖွဲ့ တောင်းဆို

2011-11-08  RFA
တောင်အာဖရိက နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအသစ် ဗိုလ်မှူးချုပ်ဟောင်း မြင့်နောင်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု နောက်ကြောင်းတွေ စုံစမ်းဖော်ထုတ်ပေးဖို့ တောင်အာဖရိက သမ္မတ ဂျက်ကော့ဇူးမားကို အတိုက်အခံ ဒီမိုကရက်တစ် မဟာမိတ်ပါတီက တောင်းဆိုလိုက်ပါတယ်။

သံဃာနှင့် လူထု လှုပ်ရှားမှုကို လုံခြုံရေးတပ်ဖွဲ့များက စက်တင်ဘာ ၂၇ရက်နေ့တွင် အကြမ်းဖက် နှိမ်နင်းဖြိုခွဲနေပုံ ဖြစ်ပါသည်။ ပုံတွင် လဲကျနေသူမှာ ဂျပန် ဗီဒီယို သတင်းထောက် ကင်းဂျိ နာဂါအိ ဖြစ်ပါသည်။ (Photo: AFP)
သံအမတ်ကြီး ဗိုလ်မှူးချုပ်ဟောင်း မြင့်နောင်ဟာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမှာ ပါဝင်နှိမ်နင်းခဲ့သူ ဖြစ်တယ်လို့ တောင်အာဖရိက အခြေစိုက် Mail and Guardian သတင်းစာက ဖော်ပြပါတယ်။ မြန်မာ့စစ်ရေး လေ့လာသူ ဦးဌေးအောင်ကလည်း ရွှေဝါရောင်တော်လှန်ရေးမှာ သံအမတ်ကြီး ဦးမြင့်နောင် ပတ်သက်ခဲ့ပုံကို အခုလို ပြောပြပါတယ်။

“၂၀၀၇ ခုနှစ်တုန်းက ရန်ကုန် ရွှေတိဂုံဘုရား တောင်ဘက်မုခ်မှာ သံဃာတော်တွေကို မီးလောင်ဗုံးတွေ မျက်ရည်ယို ဗုံးတွေနဲ့ ပစ်ခတ်ပြီး လူစုခွဲနှိမ်နင်းတဲ့နေရာမှာ ဦးစီးကွပ်ကဲခဲ့တဲ့ တပ်မဟာ ၇၇ က ဗျူဟာမှူးအဆင့် တာဝန်ရှိသူ တစ်ဦးလို့ သိပါတယ်” တောင်အာဖရိက သမ္မတ အနေနဲ့ ဗီယင်နာ သဘောတူညီချက်အရ လုံခြုံရေးကို အကြောင်းပြုပြီး သံတမန် အဖွဲ့ဝင်တွေကို ငြင်းပယ်ခွင့် ရှိကြောင်း၊ သမ္မတ အာဏာကို အသုံးပြုပြီး ဦးမြင့်နောင်ရဲ့ သံအမတ် ခန့်အပ်လွှာကို ရုပ်သိမ်းသင့်ကြောင်း အတိုက်အခံ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ရဲ့ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီး Kenneth Mubu က ပြောပါတယ်။ ဒါ့အပြင် အာဏာရှင်တွေ လူ့အခွင့်အရေး ချိုးဖောက်သူတွေနဲ့ ဆက်ဆံမှုကို တောင်အာဖရိက အစိုးရအနေနဲ့ ရပ်တန့်သင့်ပြီလို့လည်း အတိုက်အခံဝန်ကြီး Mubu က ပြောဆိုလိုက်ပါတယ်။

3 comments :

Anonymous said...

WE URGE ALL BURMESE PEOPLE TO GET RID OF ALL THE NEW GENERATION GANGSTERS FORMED UP NAY WIN IN 1962

thitsar said...

His daughter is in Maryland married to Actor Soe Thu.

Anonymous said...

That is a problem, what to do with the bad people's sons & daughters who were taking advantages from their parents benefits(Bad Money)???