Thursday 3 November 2011

ပြောင်းလဲလာသော တရုပ်စစ်သားစုဆောင်းရေးပေါ်လစီ




ပြောင်းလဲလာသော တရုပ်စစ်သားစုဆောင်းရေးပေါ်လစီ
တရုပ်စစ်တပ် မှ ထင်ရှားသိသာသော ဆေးမှင်ကြောင် အလွန်အကျွံထိုးထား သည့် လူငယ်များနှင့် ကိုယ်အလေးချိန် စံချိန်မမှီသူများ ကို ယခင်က ထက် ပိုမို လျှော့ပေါ့လက်ခံ လာပါသည်။ စစ်တပ်အတွင်း ပညာတတ်ဦးရေ ပိုမိုများပြားလာရေးအတွက် တရုပ်စစ်တပ်မှ ကျောင်းယာယီ နား၍ စစ်မူထမ်းလိုသော တက္ကသိုလ်ကျောင်းသားများ ကို သွေးဆောင်သည့်အနေဖြင့်  ပုံမှန်လစာအပြင် တနှစ်လျှင် ယွမ်ငွေ ၆၀၀၀( အမေရိကန် ဒေါ်လာ ၁၀၀၀) အပိုဆောင်းပေးသည့်အပြင် တက္ကသိုလ်ပြန်ဝင်ခွင့်ကိုလည်း လွယ်ကူချောမွေ့စေရန် စီစဉ်ပေးနေပါသည်။
ယခင် ခန္ဓာကိုယ်၌ သိသာထင်ရှားသော နေရာများ ဖြစ်သော မျက်နှာနှင့် လည်ပင်းများ တွင် ဆေးမှင်ကြောင်ထိုးထားသူများကို လက်မခံ ခဲ့သော်လည်း ယခုတွင်မူ ဆေးမှင်ကြောင်ရုပ် ၂စင်တီမီတာ(၁လက်မခန့်) အောက်ရှိသူများကို လည်းလက်ခံမည်ဖြစ်ကြောင်း တရုပ်ကာကွယ်ရေး ဝန်ကြီး ဌာနက ကြေငြာခဲ့သည်။ ထိုအပြောင်းအလဲများအပြင် ယခင် စံနူန်းသတ်မှတ်ထား သော ကိုယ်အလေးချိန်ကိုလည်းပြုပြင်ခဲ့ပြီး ယခင်က ဥပမာ စံနူန်းကိုယ်အလေးချိန် ၁၂၀ ပေါင် (အများဆုံးစံချိန်-၂၀ရာခိုင်နူံး ၁၄၄ ပေါင်၊ အနဲဆုံးစံချိန်-၁၀ရာခိုင်နူံး ၁၀၈ပေါင်) မှ ယခု အများဆုံးကိုယ်အလေးချိန် ၂၅ရာခိုင်နူံးအထိ (၁၅၀ ပေါင်)တိုးမြင့်ပေးခဲ့ ပြီး အနဲဆုံးကို ၁၅ရာခိုင်နူံးအထိ(၁၀၂ပေါင်) လျှော့ပေါ့သတ်မှတ်လာခဲ့သည်။(ကိုယ်အလေးချိန် စံနူံး ပေါင် ၁၂၀မှာ ဥပမာသာဖြစ်ပါသည်။တရုပ်စစ်တပ် စံနူံး မဟုတ်ပါ။) တရုပ်ပြည် ပညာတတ်လူငယ်များ နိုင်ငံအတွင်း အလုပ်ပေါကြွယ်ဝလာသည်နှင့်အမျှ တိုးတက်ခေတ်မှီလာသော တရုပ်စစ်တပ် မှလည်း ပညာတတ်များ ကို  လစာကောင်းများပေးသည် သာမက တက္ကသိုလ်ပညာရေး အသုံးစားရိတ်များကို ပင် ပြန်လည်လျှော်ပေး၍ အလုအယက် မက်လုံးများပေး၍ စုဆောင်းလျှက်ရှိသည်။
တီကေ
Sources: Associate Press- နိုဝင်ဘာ ၃ရက်။၂၀၁၁

1 comment :

Anonymous said...

Tattooed pig.