လူငယ်တွေကို ဖတ်စေချင်တဲ့စာအုပ်ထဲမှာ
ပေါလ်ကနေဒီ( Paul Kennedy)ရေးတဲ့ ‘’
အင်အားကြီးနိင်ငံတွေရဲ့  အောင်မြင်မှုနဲ့ ကျဆုံးမှု ( Rise and Fall of Great Powers) ‘’ ပါတယ်။
စာရေးသူဟာဟားဗစ်တက္ကသိုလ်က ပါမောက္ခကြီးဖြစ်ပါတယ်။ ဒီစာအုပ်က ၈၇ ခုနစ်က ကတည်းကလို
့သိရတယ်။ကျနော်ဖတ်ဖြစ်တာကတော့ ၉၆ ခုနစ်လောက်မှာဖတ်ဖြစ်တာပါ။ တောထဲမှာဖတ်ဖြစ်ခဲ့တယ်။
ရာဇ၀င်သမိုင်းတလျောက်မှာ အင်အားကြီးတွေဖြစ်ခဲ့တဲ့နိင်ငံတွေ ကို သက္ကရာဇ် ၁၅၀၀ ကနေ
၁၉၈၀ အထိ သူရေးထားခဲ့တာ။သုတေသနပြုထားတာဖြစ်ပါတယ်။ ရောမအင်ပါယာ၊ မွန်ဂိုအင်ပါယာ (
အခုမွန်ဂိုးလီးယား) ၊ အော်တိုမန် အင်ပါယာ ( တူရကီ) ၊ ဗြိတိအင်ပါယာ၊ ဆိုဗီယက် နဲ
့အမေရိကန် အင်ပါယာ တွေကို စနစ်တကျသုတေသနပြုထားတဲ့အတွက်အလွန်အကျိုးရှိတယ်။
နိင်ငံတော်တခုဟာ ဘာကြောင့်တိုးတက်တယ်။ ဘာကြောင့် ကျဆုံးပျက်ဆီးသွားတယ်ဆိုတာ ကို
မငြင်းနိင်တဲ့အထောက်ထားတွေ နဲ့ ဆွေးနွေးထားတယ်။ ၁၉၈၈ ခုနစ်ဇွန်လ ကျောင်းသားလှုပ်ရှားမှုတုံးက ကဗျာ
တပုဒ်လာရွတ်သွားတဲ့ ရဟန်းပျို တပါး ရွတ်ခဲ့တဲ့ အဖေ ဆိုတဲ့ ကဗျာလိုပဲ
အာရှ၊ကျားနဲ့ နဂါးတွေကြားမှာ
ကျူပ်တို
့နိင်ငံဟာ တီကောင် မှ
လားလားမဖြစ်ခဲ့ပါဘူး
ဆိုသလိုပဲ။ သူပြောတာသွေးထွက်အောင်မှန်တယ်။ သို့ သော်တီကောင်နိင်ငံဖြစ်စေ၊ နဂါး
နိင်ငံတော်ကြီးဖြစ်စေ၊ တခုအတက်အကျ ဖြစ်ရတဲ့တရား က အတူတူဖြစ်တဲ့အတွက် ကို
လေ့လာနိင်တာဖြစ်တဲ့အတွက် ဒီစာအုပ်က အကျိုးထူးပေးပါလိမ့်မယ်။
ဒီစာအုပ်ကိုရေးတဲ့ ၁၉၈၀ ၀န်းကျင်လောက်ကတည်းက
ကနေဒီဟာ တရုပ်ပြည်ဟာ တက်လာနိင်တာကို
ဟောကိန်းထုတ်ထားပါတယ်။ ဂျပန်၊ ဥရောပသမဂတို့ ဟာလည်း တက်လာနိင်တဲ့
အလားအလာကောင်းတွေရှိတယ်ဆိုတာဆွေးနွေးထားတယ်။
ကနေဒီက ဆွေးနွေးချက် အင်အားကြီးနိင်ငံ
လို့ သတ်မှတ်ရတာက တခြားနိင်ငံတွေထက်ကိုသာလွန်နေလို့ အင်အားကြီးလို့ ခေါ်တာ။ ဒီလိုဖြစ်ဖို့ အတွက် သံယာဇတနဲ့လူသားအရင်းမြစ်၊
နောက် ကြာရည်တည်တန့် ခိုင်မာနေတဲ့စီးပွားရေးနောက်ခံ၊ စစ်အင်အား တွေ
တောင့်တင်းခိုင်မာလာလို့ ပဲဖြစ်တယ်။ ကျဆုံးသွားရတာကတော့ သူတို့ ရှိတဲ့အင်အားထက်
လုံခြုံရေးခြိမ်းခြောက်မှု ကပိုများလာတဲ့အခါမှာကျဆုံးသွားရတာဖြစ်တယ်လို့  ဆိုတယ်။
ဒါက သူရဲ့ သီအိုရီဖြစ်လာတယ်။ ကမ္ဘာ့နိင်ငံရေး ကျောင်းတော်ကြီးမှာသူရဲ
့သီအိုရီဟာထင်ရှားတဲ့သီအိုရီဖြစ်လာတော့တယ်။
မြန်မာ ပြည်လို
ကျဆုံးနေတဲ့နိင်ငံတွေ မှာတော့ နိင်ငံတော်ကရော၊လူတွေကပါ ဘာကိုပိုလိုခြင်တာလဲ
သူတို့ ဟာလက်နက်တွေကိုပိုလိုခြင်သလား၊ အစားသောက်တွေကိုပိုလိုခြင်တာလား၊
ရင်းနှီးမြှပ်နှံမှုတွေလား၊ ပြည်တွင်းစစ်လားဆိုတာကို ကိုယ်ဖါသာကိုယ်မေးရမယ်လို
့ဆိုတယ်။ သူတို့ လိုချင်တဲ့အရာတွေက သူတို
့တက်မယ်၊ ကျမယ်ဆိုတာကို ပြသနေတယ်လို့ ဆိုတယ်။ ပြည်တွင်းစစ်သက်ဇိုးရှည်နေတဲ့နိင်ငံတွေဟာ
ကျဆုံးရလေ့ရှိတယ်လို့ သူထောက်ပြတယ်။ အင်အားပြိုင်နေတဲ့နိင်ငံတွေရဲ့  ပြသနာတွေဟာ
တသမတ်ထဲဖြစ်မနေကြဘူး။ စီးပွားရေး၊နည်းပညာ၊ စည်းလုံးမှုတွေက တခုနဲ
့တခုကွာခြားမှုတွေရှိနေကြတယ်။လူအဖွဲ့ စည်းတခုနဲ့ တခု ကွားခြားမှုတွေဖြစ်နေကြတယ်လို
့ထောက်ပြတယ်။
ခေတ်သစ်သမိုင်း မှာ တရုပ်နိင်ငံမင်မင်းဆက်၊ မူစလင်ကမ္ဘာရဲ့  အခြေအနေတွေကို
ဆွေးနွေးတင်ပြထားတယ်။ အင်္ဂလန်နိင်ငံ က ၁၆၈၈ ကနေ ၁၈၁၅
ခုနစ်အတွင်းဖြစ်ခဲ့တဲ့စစ်ပွဲတွေမှာဝင်ငွေရဲ့  သုံးပုံတပုံကပိုသုံးစွဲခဲ့တယ်။ ဒီစစ်ကနပိုလီယံနဲ
့တခြိမ်းခြိမ်းတိုက်ခဲ့ရတာတွေ၊ ငွေကချေးလိုရနေခဲ့သေးတယ်။
ရလဒ်ကပြင်သစ်ကိုအနိင်ရခဲ့တယ်။ ၁၉ရာစုမှာတော့
အင်္ဂလန်မှာစက်မှုတော်လှန်ရေးဖြစ်လာတယ်။ ( စက်မှုထွန်းကားလာတာကိုပြောတာ။)
ဒီတော့ဂျီဒီပီ မြင့်တက်လာတယ်။ ဒုတိယကမ္ဘာစစ်ပွဲကြီးကဗြိတိန်ကို
အင်အားကြီးနိင်ငံအဖြစ်ကနေကျဆင်းသွားစေတယ်။
ယ်။
အမေရိကန် ပြည်တွင်းစစ်ကနေ ၂၀ ရာစု တ၀က်လောက်တော့ အမေရိကန် ဟာလယ်ယာမြေကနေ
အကျိုးအမြတ်အများဆုံးရနေခဲ့တယ်။ ထုတ်လှုပ်မှုအားကောင်း၊ သံယာဇတကြွယ်ဝ၊
နည်းပညာသာလွန်၊ ငွေကြေးစီးဆင်းမှုသိပ်များနေတယ်။ လုံခြုံရေးပြသနာကဘာဆိုဘာမှမရှိခဲ့ဘူး။ ငွေကကုန်စရာမရှိဖြစ်နေတယ်။ ၁၈၆၇ ကနေ ၁၉၁၄ အထိက
ကုန်သွယ်ရေးပိုငွေ ၇ ဆအထိပြခဲ့တယ်။ ၁၉၄၅ ခုနစ်မှာ အမေရိကန်စီးပွားရေးဟာ
အထွတ်အထိပ်ရောက်နေတယ်။ ထုတ်ကုန်အစွမ်းကုန်မြင့်မားနေတယ်။
ဒုတိယကမ္ဘာစစ်အတွင်းမှာထုတ်လုပ်နိင်တဲ့တခုတည်းသောနိင်ငံဖြစ်နေတယ်။ ၁၉၈၀ မှာ
ပိုကုန်တွေကျဆင်းလာတယ်။ အဲ့ဒီကတည်းက အကြီးမားဆုံးမြှီးရှင်နိင်ငံကနေ
အကြီးမားဆုံးသောကြွေးထူနိင်ငံဖြစ်လာနေတယ်။ ဒါက သြဇာကျဆင်းတော့မယ်လို့ ကနေဒီက
ဟောကိန်းထုတ်ခဲ့ပါတယ်။ ဆိုဗီယက်ယူနီယံကျဆုံးမယ်လို
့လည်းသူဟောကိန်းထုတ်ခဲ့ပါတယ်။ သူစာအုပ်ထုတ်ပြီးနှစ်အနည်းငယ်မှာပဲ ဆိုဗီယက်က
ပြိုကျခဲ့တယ်။
သူစာအုပ်ရဲ့ အဓိကအနှစ်ချုပ်ကတော့
မြန်မာ ပြည်လို ကျဆုံးနေတဲ့နိင်ငံတွေ မှာတော့
နိင်ငံတော်ကရော၊လူတွေကပါ ဘာကိုပိုလိုခြင်တာလဲ သူတို့ ဟာလက်နက်တွေကိုပိုလိုခြင်သလား၊
အစားသောက်တွေကိုပိုလိုခြင်တာလား၊ ရင်းနှီးမြှပ်နှံမှုတွေလား၊
ပြည်တွင်းစစ်လားဆိုတာကို ကိုယ်ဖါသာကိုယ်မေးရမယ်လို့ ဆိုတယ်။ သူတို
့လိုချင်တဲ့အရာတွေက သူတို့ တက်မယ်၊
ကျမယ်ဆိုတာကို ပြသနေတယ်လို့ ဆိုတယ်။ ပြည်တွင်းစစ်သက်ဇိုးရှည်နေတဲ့နိင်ငံတွေဟာ
ကျဆုံးရလေ့ရှိတယ်လို့ သူထောက်ပြတယ်။ အင်အားပြိုင်နေတဲ့နိင်ငံတွေရဲ့  ပြသနာတွေဟာ
တသမတ်ထဲဖြစ်မနေကြဘူး။ စီးပွားရေး၊နည်းပညာ၊ စည်းလုံးမှုတွေက တခုနဲ
့တခုကွာခြားမှုတွေရှိနေကြတယ်။လူအဖွဲ့ စည်းတခုနဲ့ တခု ကွားခြားမှုတွေဖြစ်နေကြတယ်လို
့ထောက်ပြတယ်။ လူအဖွဲ
့အစည်းတွေအတွင်းအတက်အကျဖြစ်မှုတွေကို အသေးစိတ် ဆွေးနွေးတင်ပြထားတယ်။ အင်အားကြီးနိင်ငံတွေတက်ရတဲ့အကြောင်းကတော့စီးပွားရေးကောင်း၊
စစ်နည်းရင်တက်ခဲ့ကြတာဖြစ်ပြီး။ ကျဆုံးရတာတော့စစ်ပွဲတွေကြာရှည်မှုက
ကျဆုံးမှုကိုဦးတည်နေတယ်ဆိုတာကို ထောက်ပြထားတယ်။ စာအုပ်က စာမျက်နာ ၆၀၀
နီးပါးရှိပြီ။ မြန်မာလိုဘာသာပြန်တာမရှိသေးပါ။
မိုးသီး
2 comments :
ကိုမိုးသီး ဘာသာပြန်ပြီး
ပညာဒါန ပြုပေးရင် ကောင်းမှာ ပေါ့နော်
I tried it once. But it's too hard for me to read even though I think my English level is above average.I think it's not possible for most of the youths to read unless somebody translate it for them. I will try it again though. Thanks!
Post a Comment