Friday 4 November 2011

လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် များ မရှိသည့် အီရန်

သေဒဏ်ကျခံဖွယ်ရာရှိသော အီရန်လူမျိုးခရစ်ယာန်တရားဟောဆရာ ယူဆဖ်နာဒါခါနီ

အီရန်အာဏာပိုင်များမှ ဖမ်းဆီးထိန်းသိမ်းထားသော အီရန် ခရစ်ယာန်တရားဟော ဆရာအား နိုင်ငံဘာသာရေးခုံရုံးမှ သေဒဏ်အမိန့်မချမှတ်ခင် မူဆလင်ဘာသာ သို့ ပြန်လည်ကူးပြောင်းရန် သွေးဆောင်နေကြပါသည်။ အီရန် ထောက်လှမ်းရေးအရာရှိများ မှ အချုပ်ကျနေသော အသက် ၃၄ နှစ်အရွယ် ခရစ်ယာန် တရားဟော ဆရာ ယူဆဖ် နာဒါခါနီ ကို သွားရောက်တွေ့ဆုံကာမူဆလင် ဘာသာရေး စာအုပ်တအုပ်ပေးခဲ့ပြီး နောက်မှ ပြန်လည်ဆွေးနွေးမည် ဟုပြောခဲ့ဲ့ကြောင်းသတင်းများမှ သိရပါသည်။

နာဒါခါနီ သည် အကျဉ်းဆက်လက်ကျနေပြီး နောက်ဆုံးစီရင်ချက် ကို စောင့်စားနေပါသည်။ စီရင်ချက်မှာလည်း နိုင်ငံတကာမှ ၄င်း၏ အမူကို မျက်ခြေမပြတ် လိုက်လံ ဖိအားပေး စောင့်ကြည့်နေမူကြောင့် ကြန့်ကြာနေဟန် ရှိပါသည်။ အီရန် တရားရေးမှ သူတို့ ၏ဆုံးဖြတ်ချက်ကြောင့် နိုင်ငံတကာ ဖိအားပေးမူများ နှင့် နိုင်ငံရေး ရှူတ်ထွေးမူများ ပိုမိုပေါ်ပေါက်လာမည်ကို စိုးရိမ်နေဟန်ရှိပါသည်။

နာဒါခါနီ ကို လွတ်ပေးရန်မှာလည်း ဗဟိုတရားရုံး မှ ရှီရိုက်မူဆလင် ဥပဒေ ကို စော်ကား မထေမဲ့မြင် ပြုသလိုဖြစ်နေပြီး သေဒဏ်ပေးရန်မှာလည်း နိုင်ငံအတွက် နိုင်ငံတကာမှဝေဖန်ရှူံ့ ချမူများ ပြင်းထန်စွာ ရင်ဆိုင်ရဖွယ်ရှိနေပြန်ပါသည်။ ဗဟိုတရားရုံးမှ ဘာသာရေးခေါင်းဆောင် အရာတိုလာ ခါမေနီ ထံ စာတစောင်ပို့ခဲ့ပြီး ၄င်းထံမှ နောက်ဆုံးစီရင်ချက်ကို တောင်းခံ ခဲ့ပါသည်။ သမာရိုးကျ မဟုတ်သော်လည်း အာဏာပိုင်များမှာ ဤအမူ့၏ ကွဲပြားခြားနားသော အသွင် အပြင်များ ရှိနေသဖြင့် သေဒဏ်စီရင်ရန် ခါမေနီ ထံမှ သဘောတူညီချက်ကို တောင်းခံနေခြင်းဖြစ်ပါသည်။

မူဆလင် မိသားစု မှ ပေါက်ဖွားကြီးပြင်းလာသူ နာဒါခါနီ သည် ၂၀၀၆ ခုနှစ်၌ သူ၏ ခရစ်ယာန်ဘုရားကျောင်းကို အီရန် ၌ တရားဝင်မှတ်ပုံတင်ရန်ကြိုးပမ်းမူ ကြောင့် အဖမ်းအဆီးခံရပြီး ပြန်လည်လွတ်မြောက်ခဲ့ပါသည်။ ၂၀၀၉ ခုနှစ် တွင်မူ သူ၏ ကျောင်းတည်ရှိရာ ရပ်ကွက်အာဏာပိုင်များ ထံသွားရောက်၍ ကလေး သူငယ်များ အား မူဆလင်ဘာသာ အဓ္ဓမ အတင်းသွတ်သွင်းခြင်း မပြု ရန် ဝေဖန်ပြောဆိုခဲ့ရာ မှ ပြန်လည်အချုပ်အနှောင်ခံခဲ့ရခြင်း ဖြစ်ပါသည်။ ခရစ်ယာန်ဘာသာကို စွန့်၍ မူဆလင်ဘာသာသို့ ပြန်လည်ကူးပြောင်းမှသာလျှင် သေဒဏ် မှ လွတ်မြောက်နိုင်မည် ဟု အောက်တရားရုံးမှ အမိန့်ချမှတ်ခဲ့သော်လည်း နာဒါခါနီ မှ လက်မခံဘဲ ဗဟိုတရားရုံးချုပ်သို့ ဆက်လက်အယူခံ ဝင်နေခြင်းဖြစ်ပါသည်။

မူဆလင်ဘာသာကို စွန့်ပြစ်ခြင်း သည် အီရန်ရှီရိုက်ဥပဒေ အရ သေဒဏ်ထိ အပြစ်ပေးနိုင်ပါသည်။ မူဆလင်ဘာသာဝင် အဖြစ်မှ တခြားဘာသာသို့ ကူးပြောင်းသွားသူ အား မိုတာဒ်( မူဆလင်ပျက်) ဟု ခေါ်ဆိုပြီး ကူးပြောင်းသွားသူမှ တခြား လူများကို ပါ ဘာသာကူးပြောင်းရန် သွေးဆောင်ပါက မိုတာဒ် ရာဗီ ဟုခေါ်ဆိုပြီး ၄င်းအား မူဆလင်ဘာသာကို စစ်ကြေငြာသူ ဟု အသိအမှတ်ပြုပြီး အီရန်ဥပဒေမှ သေဒဏ် အပြစ်ထားပါသည်။

တီကေ

နိုဝင်ဘာ ၅ရက်။၂၀၁၁

Sources: Fox News

6 comments :

Anonymous said...

ဆ္ဂန်နီမူစလင်နှင့်ရှီအိုက်မူစလင် နှစ်မျိုးရှိသည်။ ဆ္ဂန်နီမူစလင်ဥပဒေတွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဖြားယောင်းသွေးဆောင်၍သော်၎င်း၊ခြိမ်းခြောက်၍သော်၎င်း အတင်းအဓမ္မ အစ္စလာမ်ဘာသာဝင်အဖြစ် ကူးပြေင်းခိုင်းပိုင်ခွင့်မရှိပါ။ထို့ကြေင့် မူစလင်ဘာသာ ဟူသောဝါလုံးရှည်နှင့်မရမ်းသင့်ပါ။ဝေါဟာရအသုံးအနှူန်းကို မှန်ကန်အောင်သုံးပါ။

Anonymous said...

IF THEY PERSECUTE HIM???
THE LAW OF THE TRUTH WILL SURELY PUNISH TO ~~~~~~~~~~!!!!!
WE ONLY CAN PRAY FOR HIM,
LIKEWISE MIN KO NAING AND ALL TRUE PATRIOTS OF BURMA ARE SUFFERING IN THE PRISONS BUT DAW SU DID NONE FOR THEM!!!!!!!!
WHEN DAW SU WAS SUFFERING FOR HOUSE ARRESTED , ALL THOSE PEOPLE DID NOT ONLY WITH THE PRAYERS BUT ALSO GREAT ACTION FOR DAW SU*
NOW , DAW SU FORGET TO DO HER DUE DUTY FOR THEM (MIN KO NAING&ALL TRUE PATRIOTS)
BUT SHE CAN VERY EASILY ENTERTAIN TO ALL THE GANGSTERS OF NGA THAN SHWE&SUPPORTERS OF NA AH PHA!!!

ANYWAY & ANYHOW NO ONE CAN HIDE FOR THE PUNISHMENT OF THE LAW OF THE TRUTH*
THAT PREACHER, MIN KO NAING& ALL TRUE PATRIOTS OF BURMA ARE NOW SUFFERING BUT THEIR SPIRITS*&SOULS* ARE VERY PRECIOUS&ADORABLE FOR ALL THE PEOPLE WHO TRUST IN TRUTH*

Anonymous said...

ridiculous religion
i don't like any religion
many people are dying for religion every days.
some liars are getting power by religions
if your gods is alive where is he ?
why he can't stop war, starving, poverty, sexual abuse, getting many small wives
look at every country. more freedom from religion more developed.
middle east still poor, burma still poor because too much donation. look at australia economy is stable, singapore good economy.
if u want to believe in god u can but i mean don't trust too much who is your master. religion is just for peace not for poverty and war.
also Steven Hoking said our planet was not created by god, it was created by big bang. i also learnt that the same.
if i were that guy i will not pay my life for stupid law.
i think he want to be hero.
i don't think if we pray stupid government will release prisoners.
that is why daw su doesn't do it.
don't waste your time.
i just want to ask your guys seriously " r u really want to go to heaven"
if u say yes pls do something until die. if u say no. i think u r smart but u should learn more.

Anonymous said...

မူဆလင် ၂မျိုးကွဲပြားတာကို ရှင်းပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျနော်လဲ အီရန်တိုင်းပြည်မှာ ဖြစ်နေတဲ့အတွက် ရှီရိုက်မူဆလင် ဆိုတာ Understood ဖြစ်မယ်ထင်လို့ ရေးလိုက်တာပါ။ တချိန်ထဲမှာလဲ ရှီရိုက်မူဆလင်၊အီရန်ရှီရိုက်ဥပဒေ ဆိုပြီး ထပ်ခါတလဲလဲ ရေးထားတဲ့ အတွက် ဝေါဟာရ အနေနဲ့ အငြင်းပွားစရာ မတွေ့ပါဘူး။ဘာသာရေးဖက်အမြင်တခု အစား လူ့အခွင့်အရေးဆောင်းပါးတခု အနေနဲ့တင်ပြလိုက်တာပါ။
တီကေ

Robin Wilson said...

ဆ္ဂန်နီမူစလင်နှင့်ရှီအိုက်မူစလင် နှစ်မျိုးရှိတာတော့ပင်မကြောရိုးပေါ့နော်၊ ပါကီမှာလဲးသူတို့ အခြင်းခြင်းလည်လှီးနေတာတွေကြားနေရတယ်၊ဘာဘဲးဖြစ်ဖြစ် သီးထန်တဲ့အယူအဆတွေ၊ငါ့ဘာသာလျှင်အမြတ်ဆုံးဆိုတဲ့ အယူသီးမှုများပပြောက်ကြပြီး၊ အသက်သတ်ပြီးကုသိုလ်ယူတဲ့တရား၊ဘ၀တခု့ ပျက်စေမှကိုယ်ကုသိုလ်ရပါတယ်ဆိုတဲ့ ရှေးအယူအဆတွေ၊ ယနေ့ ဆ္ဂန်နီမူစလင်နှင့်ရှီအိုက်မူစလင် ခေတ်လူငယ် အမြင်မှန်ရစေကြောင်း စေတနာထားလျှက်ဖြင့်
မျိုး

Robin Wilson said...

ဆ္ဂန်နီမူစလင်နှင့်ရှီအိုက်မူစလင် နှစ်မျိုးရှိတာတော့ပင်မကြောရိုးပေါ့နော်၊ ပါကီမှာလဲးသူတို့ အခြင်းခြင်းလည်လှီးနေတာတွေကြားနေရတယ်၊ဘာဘဲးဖြစ်ဖြစ် သီးထန်တဲ့အယူအဆတွေ၊ငါ့ဘာသာလျှင်အမြတ်ဆုံးဆိုတဲ့ အယူသီးမှုများပပြောက်ကြပြီး၊ အသက်သတ်ပြီးကုသိုလ်ယူတဲ့တရား၊ဘ၀တခု့ ပျက်စေမှကိုယ်ကုသိုလ်ရပါတယ်ဆိုတဲ့ ရှေးအယူအဆတွေ၊ ယနေ့ ဆ္ဂန်နီမူစလင်နှင့်ရှီအိုက်မူစလင် ခေတ်လူငယ် အမြင်မှန်ရစေကြောင်း စေတနာထားလျှက်ဖြင့်
မျိုး