Friday 4 November 2011

မြန်မာ့အလုပ်သမားများ ကယ်သူဝေး နေ


၎-၁၁-၂၀၁၁ ခုနှစ် မနက် ၁၀ နာရီခန့် တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ရေကြီးမှုကြောင့် မဲဆောက်သို့ ပြန်လာသော မြန်မာပြည်သား အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၂ ဦးအား မဲ့လမောင်း ရဲဂိတ်မှ ဖမ်းဆီး စစ်ဆေးပြီး ရေဘေးဒုက္ခသည်များ ဖြစ်သဖြင့် တဦးလျှင် ၃၀၀ နှုန်းနှင့်မဲဆောက်မြို့အရောက် ပို့ပေးရန် ကား ငှါးပေးလိုက်ပြီး မဲဆောက်မြို့သို့ရောက်သော် ကားသမားမှ မဲဆောက်မြို့ရှိကယ်ရီ(ထိုင်းလူမျိုး) ၏ အိမ်သို့ ပို့ဆောင်လိုက်သည်။ အထက်ပါ ထိုင်းလူမျိုး ကယ်ရီမှ တဦးလျှင် တထောင်ဘတ်ဖြင့် လာရောက်ရွေးယူရန် အကြောင်းကြားခိုင်းသဖြင့် အမျိုးသား ၂ ဦးဖြစ်သူ များသည် မဲဆောက် စီဒီစီ ကျောင်းမှ ကျောင်းသားဟောင်းများ ဖြစ်သဖြင့် စီဒီစီ ကျောင်းအုပ်ကြီးထံမှ ပိုက်ဆံ လှမ်းတောင်းကာ ရွေးထုတ်လိုက်သည်။ အထက်ပါ ကျောင်းသား နှစ်ဦးမှ ကျန် အမျိုးသမီး ၄ ဦး ဒုက္ခရောက်မည်ကို စိုးရိမ်သဖြင့် မဲဆောက်မြို့ ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း(PVA) သို့ လာရောက်အကြောင်းကြားသဖြင့် PVA အသင်းမှ ထိုင်းနိုင်ငံ မဲဆောက်ရဲသို့ အကြောင်းကြားပြီး အထက်ပါ ကယ်ရီအိမ်မှ သွားရောက် ခေါ်ယူကယ်တင်ခဲ့သည်။ အထက်ပါ အမျိုး သမီး များ အား PVA ရုံးမှ မေးမြန်းစုံစမ်းရာ ၄င်း ကယ်ရီ ထိုင်းလူမျိုးမှ တဦးလျှင် ငွေ တထောင်ဖြင့် ရေဘေးဒုက္ခသည်အမျိုးသမီးလေးများထံမှ အတင်း အဓမ္မတောင်းယူခြင်း၊ ရဲကို ဆက်သွယ် အကြောင်းကြား အကူညီ တောင်းသည်ဟု ထင်ပြီး ကိုယ်ထိလက်ရောက် ပါးရိုက် ခြင်းများကို ပြုလုပ်ခဲ့သည်ဟု သိရှိခဲ့သည်။ ထိုင်း/မြန်မာ နယ်စပ် ကော်မတီမှ ဘန်ကောက်ရေဘေးဒုက္ခသည် မြန်မာပြည်သားများအား အတက်နိုင်ဆုံး ကူညီနေချိန်တွင် ယခုကဲ့သို့ မြန်မာပြည်သား ရေဘေးဒုက္ခသည် အမျိုးသမီးငယ်လေးများအား အတင်း အဓမ္မငွေ တောင်းခံခြင်း ၊ မရိုးသားစွာ ဖုန်းများ သိမ်းခြင်း၊ ကိုယ်ထိလက်ရောက် ပါးရိုက် စော်ကားခြင်းများပြုလုပ်နေသည်ကို သတင်းမီဒီယာများမှ စုံစမ်းမေးမြန်းလိုပါလျှင် ပြည်သူ့စေတနာ့ ဝန်ထမ်းအသင်းရုံး ဖုန်းနံပါတ် 0876953100 အသင်းခေါင်းဆောင် ဦးသိမ်းဆန်း ဖုန်းနံပါတ် 0843195771 0875716209 ကိုကျော်ကျော်( PVA) သို့ စုံစမ်းမေးမြန်းနိုင်ပါကြောင်း

No comments :