၁။ နိုင်ငံရေးအကျဉ်းသားတွေမလွှတ်မချင်း၊ တိုင်းရင်းသားတွေနဲ့ အပစ်မရပ်မချင်း၊ တွေ့ဆုံဆွေးနွေးရေးကို ကတိမပြုမချင်း NLD ကရွေးကောက်ပွဲမဝင်ဘူးလို့ ကိုယ့်ဖဲကို ကိုယ်မသုံးရဲတာမကြိုက်ဘူး။
၂။ ဖိအားနဲ့တိုက်ပွဲတွေကို ဆန့်ကျင်သလိုဖြစ်နေတဲ့ သဘောထားတွေ၊ အပြုအမူတွေကိုမကြိုက်ဘူး၊
၃။ ကိုယ်နဲ့အတူရပ်တည်ခဲ့တဲ့၊ ကိုယ့်ကို ထောက်ခံခဲ့တဲ့လူတွေကို အသိအမှတ်မပြုချင်နေ၊ ပြီးစလွယ်မျက်ကွယ်ပြုလိုက်တာမကြိုက်ဘူး
၎။ ကိုယ်ကိုတိုင်ကန့်ကွက်ခဲ့တဲ့ ဖွဲ့စည်းပုံကို ကိုယ်သပိတ်မှောက်ခဲ့တဲ့ဖြစ်စဉ်နဲ့ ပြန်ပြုပြင်မယ်ဆိုတာ မကြိုက်ဘူး။
ကျွှန်တော်နိုင်အောင်ပါ။
2 comments :
Saut paw
၎င်းအချက်တွေအပေါ်NLD ကတောက်လျှောက် တောင်းဆိုနေခဲ့ပေမယ့် တာဝန်ရှိသူများက လိုက်လျောပေးခြင်းမရှိခဲ့တာ ကြာပါပြီ။ ဘယ်သူက ပြည်သူတရပ်လုံး ထကြွတောင်းဆိုလာအောင် စည်းရုံးပေးနိုင်ခဲ့လို့ လည်း။ မိမိကိုယ်မိမိ နိုင်ငံရေးလုပ်နေသူ ခေါင်းဆောင်နေသူများဟု ယူဆနေသူများကို ပြန်မေးပါရစေ။ ထောင်ကျမှာကြောက်ပြီး ပြည်ပထွက်ပြေးသူများ ပြည်တွင်းမှာ ထောင်ကျခံ ထောင်နှုတ်ခမ်းလျှောက်ပြီး လုပ်နေရတဲ့ NLD လူငယ်များကို လည်း ရှက်ကြပါအုန်း။
Post a Comment