Tuesday 8 November 2011

ဦးဝင်းတင်အစည်းဝေးမတက်

 ရွေးကောက်ပွဲဝင်မ၀င် အလုပ်အမှုဆောင်အစည်းဝေးကို ဦးဝင်းတင်တက်ရောက်ခြင်းမရှိကြောင်းသတင်း
ရရှိပါတယ်။  နိုဝင်ဘာ ၁၈ ရက်နေ့ မှာ ဗဟိုကော်မတီ အဖွဲ့ ဝင် ၁၆၀ အစည်းဝေးကျမှ ရွေးကောက်ပွဲ
ဝင်မ၀င်ဆုံးဖြတ်မှာဖြစ်ပြီး ၀င်ဖို့ များတယ်လို့ သတင်းရရှိပါတယ်။

4 comments :

Anonymous said...

နေမကောင်းလို့ ပါ ။ တရက်နှစ်ရက်ဆို ပျောက်သွားမှာပါ ။ ကျေးဇူးတင်ပါတယ် မောင်မိုးသီး ။

မျိုးခိုင်(မလေးရှား) said...

သန်းရွှေနောက်ခံပြုသိန်းစိန်အစိုးရရဲ့ မာယာလှည့်ကွက်ထဲမှာ နိုင်ငံရေးသမားတွေအချင်းချင်း
အကြား သွေးမကွဲကြဖို့ အရေးကြီးပါတယ်...
စစ်တပ်နောက်ခံပြုထားတဲ့သူတို့ရဲ့ လှည့်ကွက်ထဲမှာ
ထောင်ချောက်မမိကြစေဖို့ဆုတောင်းပါတယ်..
သုံးခါထိအလိမ်ခံရရင်တော့ အလိမ်ခံရတဲ့သူအပြစ်ပါ..
နိုင်ငံရေးရဲဘော်များညီညွတ်စွာဖြင့် မတရားမှုတွေကိုဖယ်ရှားနိုင်ကြပါစို့။

Anonymous said...

Wrong.
Here is what U Win Tin's said regarding about this.
http://www.bbc.co.uk/burmese/burma/2011/11/111108_nld_meeting.shtml
Even so simple matter, you are wrong.
Totally you don't have capacity to involve in politics.
If you work by other way for your personal life, it is better for you and country.
Otherwise, you are just rubbish for our country.

Moejoe said...

NLD ကို ၁၉၉၀ ရွေးကောက်ပွဲ မှာ မဲပေးခဲ့သူပါ .. ကျနော်တို့မဲပေးခဲ့တဲ့ ပါတီ အနိုင်ရခဲ့ပါသည် ... မေတ္တာရပ်လိုတာကတော့ ... ပုဂ္ဂိုလ်တော်ကြီးများ ရွေးကောက်ပွဲ ၀င်ချင်ရင်ဝင်ပါ .. NLD နာမည်ကို မသုံးပါနဲ့ ... NLD ဟာ စစ်အစိုးရ ညစ်ပတ်အနိုင်ကျင့်တာ ခံထားရတာမို့ တိုက်ရိုတ် အစိုးရဖွဲ့ခွင့် မရရင် ... နေမြဲတိုင်းရှိနေစေလိုပါတယ် .. ၀င်ချင်ရင်.. တခြားနာမည် တခုဖြင့် ရွေးကောက်ပွဲဝင်ကြပါ လူကြီးမင်း တို့ ... စစ်အစိုးရကို အယုံကြီးယုံရင် တော့ မှားတော့မပေါ့ ... တခါခံရရင် လုပ်သူ အပြစ် .. နှစ်ခါပြန်ခံရ ရင်တော့ နင် ကိုယ်က ခံချင်နေတာ ကိုး ..လို့အပြောခံရမှာပါ