အမေရိကန်အလွန် ကမ္ဘာ (Post- American World)
၂၀၁၁
နှစ်ဟောင်းကကုန်တော့မယ်။ ရော်ရွက်တွေဝါနေပြီ။ ဒီနှစ်ဖတ်ဖြစ်ခဲ့တဲ့စာအုပ်တွေထဲမှာ
ဖဲရီဒ် ဇာကာစီးယား ( Fareed Zakaria ) ရေးတဲ့ အမေရိကန်အလွန် (Post- American
World) ၊ ဂျိုလ်ဇက် ဂျေ အာ နေး (Joeeph Jr. Nye) ရေးတဲ့ အနာဂတ်အာဏာ ( The Future of
Power) ၊ လူရှန်ဖေး ( Lucian W. Pye) ရေးတဲ့
(Asian Power anf Politics) သုံးအုပ်ကဖတ်လို့ ကောင်းတယ်။ အတွေးနက်စေတယ်။ အစားကောင်းစားရရင်မိဘကိုသတိရ၊စာအုပ်ကောင်းဖတ်ရရင်မိတ်ဆွေတွေကိုသတိရတယ်ဆိုတဲ့ရှေးလူကြီးတွေရဲ
့စကားလိုပဲ ဓမ္မမိတ်ဆွေတွေကိုသတိရမိပါတယ်။ ဒါကြောင့် ဒီသုံးအုပ်ထဲက ဖရိဒ်
ဇာကစီယားရေးတဲ့ စာအုပ်ကို ကျနော် အရင်ဆုံးဆွေးနွေးခြင်တယ်။
အစားကောင်းစားရရင်မိဘကိုသတိရ၊စာအုပ်ကောင်းဖတ်ရရင်မိတ်ဆွေတွေကိုသတိရတယ်ဆိုတဲ့ရှေးလူကြီးတွေရဲ့ စကားလိုပဲ ဓမ္မမိတ်ဆွေတွေကိုသတိရမိပါတယ်။ ဒါကြောင့် ဒီသုံးအုပ်ထဲက ဖရိဒ် ဇာကစီယားရေးတဲ့ စာအုပ်ကို ကျနော် အရင်ဆုံးဆွေးနွေးခြင်တယ်။
စာရေးသူ
ဇကာဇီးယားဟာ အိန္ဒယနွယ်ဖွားအမေရိကန် နိင်ငံသား။ သူက အသက် ၄၄ နှစ်။ ယေးလ်မှာမဟာတန်းတက်။
ဟားဗတ်တက္ကသိုလ်က ပါရဂူဘွဲယူ။ အခုနယူးဝိစ်မဂ္ဂဇင်းမှာ တာဝန်ခံအယ်ဒီတာ။ သူရဲ
့နိင်ငံရေးသုံးသပ်ချက်တွေကို စီအန်အန် က ပုံမှန်လွင့်ပေးနေတယ်။ အမေရိကန်နိင်ငံရေးလောကမှာသူရဲသုံးသပ်ချက်တွေကိုစောင့်နားထောင်ရတဲ့အထိ
အောင်မြင်တယ်။ ဒီစာအုပ်ကမှာတော့ အမေရိကန် နိင်ငံရဲ့ အနာဂတ်ကိုဝေဖန်ထားတယ်။‘’ We
are now living through the third great power shift of the modern era. It could
be called the rise of the rest.’’ ကျနော်တို့ ဟာ မဟာအင်အားပြောင်းလဲနေတဲ့
ခေတ်သစ်ထဲမှာရောက်နေပြီ။ ဒါကို တရိပ်ရိပ်တက်လာတဲ့ မဟာအင်အားနိင်ငံ တွေလို့ ခေါ်နိင်ပါပြီ။
ဒီပုံအတိုင်း ဆက်သွားရင် ဆယ်စုနှစ်အတွင်းမှာ
အမေရိကန်ရဲ သြဇာကျဆင်းလာနိင်တယ်။ ပြုပြင်ဖို့ အကြံပေးထားတယ်။ ဘုရ်က အီရိတ်ကိုဝင်တိုက်တုံးကတော့
သူထောက်ခံခဲ့တယ်။ ဒါပေမဲ့ အီရိတ်မှာ လစ်ဘရယ်ဒီမိုကရေစီထွန်းကားဖို့ အတွက်
လိုအပ်နေတဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့ 
တရားဥပဒေကလူထုကိုကာကွယ်ပေးနိင်မှုပျက်ကွက်ပုံတွေကိုသူဝေဖန်ခဲ့ပါတယ်။
အခန်း
၇ ခန်းခွဲတင်ပြထားတယ်။ အခန်း၁ မှာ the
Rise of the Rest ,တက်လာတဲ့နိင်ငံတွေ၊ အခန်း (၂) အလျှံပယ် ( the cup Runneth Over) အခန်း (၃)- အနောက်မဟုတ်တဲ့ကမ္ဘာတခု
(A Non- Western World) ၊ အခန်း (၄)- စိန်ခေါ်သူ (The Challenger) ၊ အခန်း ၅- မဟာမိတ်-(Ally) ၊
အခန်း ၆- အမေရိကန် ပါဝါ ( American Power)
။ အခန်း ရ- အမေရိကန်ရည်မှန်းချက်- (
American Purpose) ဆိုပြီးခွဲထားတယ်။ ဒီနေ့ ကမ္ဘာ့အရင်ခေတ်တွေထက်စာရင်
ပိုပြီး
ငြိမ်းချမ်းမှုရှိပါတယ်လို့ သူကဆိုတယ်။ ကမ္ဘာစစ်လိုမျိုးတွေ ဒီကနေ့ မှာကင်းနေသေးတယ်။
အစ္စလန်အစွန်းရောက်ခြိမ်းခြောက်မှုတော့ရှိတယ်။ဒါပေမဲ့  အဓိကမဟုတ်တော့ဘူး။ ဂျီဒီပီ ၁
အချိုး ၆၈ ဆကွာနေတဲ့အီရန်ဟာအမေရိကန်ကို ခြိမ်းခြောက်နေတယ်ဆိုတာသူလက်မခံဘူး။ လူတွေက
စီးပွားရေးဖက်ကိုပိုတိမ်းညွတ်လာကြတယ်။
၁၉၉၀ ကနေ ၂၀၀၇ ခုနစ်အထိ ကမ္ဘာ့ကုန်သွယ်ရေးက ၂၂.၈၈ ထီလီယံဒေါ်လာကနေ ၅၃.၃
ထီလီယံဒေါ်လာအထိတဟုန်တိုးတက်လာတယ်။
၂၀၀၆
ခုနစ် ၂၀၀၇ ခုနစ် မှာ နိင်ငံပေါင်း ၁၂၄ နိင်ငံ ၂၀၀၆ ခုနစ် ၂၀၀၇ ခုနစ်
မှာ နိင်ငံပေါင်း ၁၂၄ နိင်ငံ ဆင်းရဲမှု ကနေ ၄ ရာခိုင်နှုန်းတက်လာတ.်။ ဒီနိငံတွေက ကမ္ဘာလူဥှီုးရေ
၈၀ ရာနှုန်းရှိတယ်။ ကမ္ဘာ့ဈေးကွက်ရဲ့  နိင်ငံခြားအရံငွေ ၇၀ရာခိုင်နှုန်းကို ကိုင်ထားနိင်လာတယ်။
ငွေကြေး
အင်စတီကျူးရှင်းတခုဖြစ်တဲ့ ဂိုလ်မန်းဆာခ်ျ က ‘’ Goldman Sachs has predicted that
, by 2040, five emerging –market countries- China, India, Brazil, Russia and
Mexico will together have a larger economic output than the G-7 countries, the
seven Western nations that have dominated global affairs for centures’’
၂၀၄၀
မှာ တရုပ်၊ အိန္ဒယ၊ ရုရှား၊ ဘရာဇီးနဲ့ မက်ဆီကိုနိင်ငံတွေပေါင်း စီးပွားရေးထုတ်ကုန်ဟာ
(အနောက်ကမ္ဘာ)့ ဂျီ-၇ နိင်ငံပေါင်းထက်များ လာတော့မယ်လို့ ဟောကိန်းထုတ်ထားပါတယ်။
ဒီနေ့ ကမ္ဘာ့အကြီးဆုံးအဆောက်အဦး၊ အကြီးဆုံးစက်ရုံ၊
ရုပ်ရှင်ရုံ၊ ကုန်တိုက်ကြီးတွေဟာအမေရိကန်မှာမဟုတ်တော့ဘူးလို့ ဆိုတယ်။ ဒါပေမဲ့အမေရိကန်ရဲ
အားကောင်းချက်တွေကိုသူထောက်ပြပါတယ်။ ဒီထဲမှာ ပညာရေးကအဓိက။
၁-အမေရိကန်ရဲ
့ပညာရေးစနစ်ကိုဘယ်သူကမှမယှဉ်နိင်ဖြစ်နေတယ်။
၂- ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် ၁၀ ခုက အမေရိကန်
မှာရှိသပေါ့။
၃- ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် ၅၀ မှာ ၃၇ ကျောင်း
ကအမေရိကန်မှာ။
၎-အမေရိကန်ဆင်း အဂျီနီယာကျောင်းသားတွေက ၀င်ငွေအများဆုံးရသူတွေဖြစ်တွေလေ။
၅- အိန္ဒယ တက္ကသိုလ်တွေက တနစ်မှာကွန်ပြူတာ ပါရဂူအဆင်
၃၅ -၅၀ ကြားပြီးချိန်မှာ အမေရိကန်ကတနစ်ကို ကွန်ပြူတာ ပါရဂူ အဆင့် ၁ ထောင်ကျော်ကို ပုံမှန်မွေးထုတ်နေတယ်။
၆- တရုပ်နဲ့ အိန္ဒယက အဆင့်မြင့် ပညာရေးစနစ်မှာ
အလွန်ဆင်းရဲနေတုံး။ ဈေးကွက်ကအလွန်အမင်းတောင်းဆိုမှုကိုမဖြည့်ဆည်းနိင်ကြသေးဘူး။
စီးပွားရေးမှာ ရှေးရိုးအယူဆ အရင်း (Capita
) အပေါင်း လုပ်အား ( Labor ) ကနေ ခေတ်သစ်စီးပွားရေးအယူဆ အကြံကောင်း
( Ideas) အပေါင်း စွမ်းအင် ( Energy) က ပြောင်းလဲနေရာယူလာတယ်။ ပင်လယ်ကွေ့ နိင်ငံတွေက
လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ၁ထီလီယံဒေါ်လာရင်းနှီးမြှုပ်နှံလာတယ်။ မက်ကင်ဆေ ကုမ္ပဏီရဲ့ အစီရင်ခံစာအရ
၁၀ နှစ်အတွင်း ၂ ထီလီယံဒေါ်လာဖြစ်လာမယ်။ ဒါက နိင်ငံတော်တခုက အရင်းရှင်နစ်မှာ တိုက်ရိုက်ရင်းနှီးမြှုပ်တွေလုပ်လာကြတာ။
ပြည်တွင်းဖူလုံရေးဆိုတဲ့ အမြင်တိမ်တိမ်လောက်တင်မကတော့ဘူး။
အနာဂတ်အပေါ်မှာသူရဲ
့အမြင်ကဒီလိုပါ။ အမေရိကန်ရဲ့  နိင်ငံရေးသြဇာကကမ္ဘာ့နိင်ငံရေးမှာ
ဆက်လက်လွမ်းမိုးနေမယ်။ သူနဲ့ ပြိုင်ဖက်နိင်ငံတွေရဲ့ အင်အားက မှေးမိန်
နေဦးမယ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ အတွင်း ကမ္ဘာ့အာဏာ ဟာ ၃
ခုပြောင်းလွှဲခဲ့တယ်။ ဥရောပက တခါ ကမ္ဘာကြီးကိုချုပ်ကိုင်လွမ်းမိုးနိင်ခဲ့တယ်
(ရီနေဆန်းခေတ်)။ ဒုတိယက အမေရိကန် လက်ထဲကိုရောက်လာတယ်။ တတိယ (လက်ရှိကာလ) အမေရိကန်နဲ့ အပြိုင် နိင်ငံတကာဇတ်ခုံပေါ်မှာ
တရုပ်၊အိန္ဒ တို့ လိုပါဝါတွေနဲ့  အစိုးရမဟုတ်တဲ့အဖွဲ့ စည်းတွေပါ
ပါဝင်လာတဲ့အကြောင်းကိုသူထောက်ပြထားပါတယ်။
နိင်တကာအသင်းပင်းတွေကဒီနေ့ မျက်မှောက်ကမ္ဘာရဲ့  စိန်ခေါ်မှုတွေကို
ရင်ဆိုင်နိင်ဖို့  အတွင် အဆင်သင့်မရှိကြသေးဘူး။ ဈေးကွက်စနစ်ပျက်စီးနေမှုနဲ
့အထွေအထွေအဓိကရုဏ်းတွေက အောင်မြင်မှုအတွက်အတားဆီးတွေဖြစ်နေတယ်။
သဘာဝပတ်ဝန်းကျင်တွေပျက်ဆီးနေတယ်။ ကုန်ဈေးနှုန်းတွေလှိမ်ပြီးတက်နေတယ်။ လက်ရှိ
ကမ္ဘာနိင်ငံရေးအင်အားချိန်ခွင်ညှာမှာ အနောက်အုပ်စုကအသာရနေတယ်။ ဒီလိုရနေတဲ့အကြောင်းက
အနောက်က နိင်ငံတကာနဲ့ ကုန်သွယ်ရမှာကို ၀န်မလေးဘူး။ ကျွမ်းကျင်လုပ်သားနဲ့ 
လုပ်အားတန်ဖိုးမြင့်နေမှုက အနောက်ကို အင်အားကြီးထွားနေစေတာဖြစ်တယ်လို
့သူဆိုတယ်။ ဥရောပ အနောက် က အင်အားဟာ
အမေရိကန်ကိုရွေ့ ပြောင်းလာရတဲ့အကြောင်းကတော့ အမေရိကန် မှာ ဒီမိုကရေစီ
အခိုင်အမာရှိနေတယ်။ အရင်းရှင်စီးပွားရေးဈေးကွက် ( Capital Market) က သိပ်ကို
တောင့်တင်းနေလို့ ပဲလို့ သူကဆိုတယ်။ အမေရိကန် ရဲ့ သာလွန်နေမှုက
အရင်းရှင်ဈေးကွက်ကို အားပေးနေတယ်။ ကမ္ဘာ့သွင်တူဖြစ်စဉ် ( Globalization)
ကိုတလျောက်လုံးအားပေးခဲ့တယ်။ဒါကသူပြိုင်ဖက်တွေကိုအထီးကျန်ဖြစ်စေတယ်လို
့ဆိုတယ်။ ကမ္ဘာ့စီးပွားရေးကတလျောက်လုံး တက်လိုက်ကျလိုက်ဖြစ်နေတယ်။ ဈေးကွက်ထဲကို
ပြိုင်ဖက်အသစ်တွေရောက်လာလိုက်ထွက်သွားလိုက်ဖြစ်နေတယ်။ ၁၈၉၀-၁၉၅၀ ကာလ
ကကမ္ဘာစီးပွားရေး ရွေမိုးကောင်းတဲ့ခေတ်။ ဒီခေတ်မှာ အမေရိကန်က စုမိဆောင်းမိဖြစ်တယ်။
အခုတော့အမေရိကန်က ကိုယ်လိုဘပဲကြည့်လာသလိုဖြစ်တယ်။ ကုန်သွယ်ဖက်နိင်ငံတွေရဲ
့မယုံကြည်မှုကိုခံနေရတယ်လို့ သူထောက်ပြတယ်။
တရုပ်နဲ့ပတ်သက်လို
့သူသုံးချက်က တရုတ်ရဲ့ အနေထားက သေးငယ်သေးတယ်။ တဦးခြင်းဝင်ပျမ်းမျှ ဒေါ်လာ ၂၅၀၀ က
အမေရီကန် ၀င်ငေ ၃၅၀၀၀ ကိုမယှဉ်နိင်သေးဘူး။ တရုပ်က ဒုတိယအကြီးဆုံးစီးပွားရေးကဂျပန် ၁၉၈၀
တုံးကလိုပဲ။ လူတွေစိုးရိမ်ခဲ့ကြသေးတယ်။ ဒါပေမဲ့ ဂျပန်ဟာ လူအဖွဲ့ စည်းထဲက
အင်စတီကျူးရှင်းတွေကိုခေတ်မှီအောင်မပြုပြင်နိင်ခဲ့တော့ကျန် ခဲ့တယ်။
တရုပ်ဟာလည်းဂျပန်လို့ ပဲကြုံနေဆဲဖြစ်တယ်။
တရုတ်ခေါင်းဆောင်တွေအခုသွားနေတဲ့
တဖြေးဖြေးပြုပြင်ပြောင်းလဲရေးမှုကိုကျင့်သုံးနေလင့်ကစား တရုတ်နိင်ငံကအလျင်အမြန်
ခေတ်မှီတိုးတက်လာတယ်။ ကမ္ဘာ့ဒုတိယ စီးပွားရေးအတောင့်တင်းဆုံးနိင်ငံလို့ 
သတ်မှတ်နေလင့်ကစား အမေရိကန် ကိုယျဉ်နိင်ဖို့  တော်တော်လိုသေးတယ်။
ဆယ်စုနှစ်ပေါင်းများစွာကြာဦးမယ်။ တရုပ်အင်အားတောင့်တင်းရတဲ့အထဲမှာ ကွန်ဖြူရှပ်ရဲ
့လက်တွေဝါဒ၊ ကျင့်ဝတ်နဲ့  ကြောင်းကျိုးတရားတွေက တရုတ်တွေရဲ
့တိုးတက်မှုအခြေခံတွေဖြစ်နေတယ်။ စစ်ဖြစ်လေ့မရှိတဲ့ သူရဲ့  နိင်ငံခြားရေးပေါ်လစီကလည်း
တခြားနိင်ငံတွေက သူကို မိတ်ဆွေဖြစ်ခြင်နေကြတယ်။ ဆွဲဆောင်မှုရှိနေတယ်။ ဒါပေမဲ
လူမှုရေးမညီမျှမှုတွေရှိနေတဲ့အတွက် မတည်ငြိမ်မှုတွေစတင်ဖြစ်ပေါ်နေတယ်။ ဘယ်တော့ထပေါက်တော့မလဲလို
့ရင်တမမဖြစ်နေကြရပြန်တယ်။
အိန္ဒယနဲ့ပတ်သက်လို့ 
အိန္ဒယဟာတရုတ်လိုပဲလူမှုရေးမတည်ြိငမ်မှုတွေရှိတယ်။ ဒါပေမဲ့ တရုပ်နဲ့ မတူတာက
ဒီမိုကရေစီက နိင်ငံတော်တခုလုံးမှာရှိနေတယ်။ နိင်ငံရေပါတီတွေနဲ့  ရွေးကောက်ပွဲတွေကမကျေနပ်မှုတွေအတွက်အဖြေရှာနိင်တဲ့
အနေထားတရပ်တခုဖြစ်နေတယ်။ အိန္ဒယရဲ
့အားနည်းချက်ကိုထောက်ပြတာတော့ သူဟာ
ကိုယ်အိမ်ထက်ရပ်ကျိုးရွာကျိုးကိုပိုပြီးအာရုံစိုက်တဲ့သူလို့ ဖြစ်နေတယ်။
ကိုယ်နိင်ငံအကျိုးထက် တခါတရံမှာဒေသအတွင်းအုပ်စုဆွဲရှိနေတာက ခက်တယ်လို့ သူဆိုတယ်။
အားကောင်းချက်တွေကတော့ လွတ်လပ်တဲ့တရားရေးစနစ်ရှိတယ်။ ပုဂလိကပိုင်ဆိုင်မှုရှိတယ်။
ဥပဒေရှိတယ်။ ပုဂလိကအခန်းကဏတွေအများကြီးရှိနေတယ်။ ပိုပြီးအားကောင်းတာကတော့
စီးပွားရေးပညာကို ကောင်းကောင်းနားလည် တဲ့ အင်္ဂလိပ်လိုကောင်းကောင်းပြောနိင်တဲ့
လူတွေများနေခြင်းဖြစ်တယ်။
အင်္ဂလိပ်
တန်ခိုးဘုန်းမီးနေလတောက်လာတဲ့အချိန်က ၁၈၉၀ နောက်ပိုင်း
ဘိုးဝါးစစ်ပွဲအပြီးမှစတာဖြစ်သလို အမေရိကန်ကတော့ ၂၀၀၀ ခုနစ်
အီရိတ်စစ်ပွဲအပြီးမှာစတာလို့ သူသုံးသပ်တယ်။ (ဒါကတော့သူအမြင်ပေါ့လေ။)
အင်္ဂလိပ်ဟာနိင်ငံရေးသြဇာတဟုန်တိုးတက်လာတယ်။ ဒါပေမဲ့စစ်ပွဲကြောင့်
စီးပွားရေးကိုထိခိုက်ခဲ့တယ်။ အမေရိကန်ကတော့ အိရတ်ကိုချေမှုန်းအပြီးမှာ နိင်ငံတကာမှာ
အမေရိကန် ဟိတ်ဆိုတာနဲ့  အားလုံးတိတ်။ စီးပွားရေးက
လည်းတဟုန်တိုးတက်နေတဲ့ကာလာကိုရောက်လာခဲ့ရတယ်။ ဒါက အင်္ဂလိပ်နဲ့ ခြားနားစေတဲ့အချက်လို
့သူဆိုတယ်။ အမေရိကန် အတွက် စိုးရိမ်စရာတွေ ရှိနေတယ်။ဒါကတော့ ပါတီစွဲ၊ ဒေသစွဲ၊
ပြည်တွင်းမှာ ကိုယ်အုပ်စုအကျိုးလောက်ပဲကိုယ်စိတ်ဝင်စား၊ကမ္ဘာကြီးဘာဖြစ်နေတာကို
မသိကျိုးငြင်ပြုချင်သူတွေများလာတယ်။ စီးပွားရေးပိတ်စို
့အရေးယူထားတဲ့နိင်ငံပေါင်းကလည်း ကမ္ဘာနိင်ငံတွေရဲ့ သုံးပုံတပုံခန့် ဖြစ်နေတယ်။
ဒါတွေက သူကို ထိခိုက်စေနိင်တယ်လို့ ထောက်ပြထားတယ်။ အမေရိကန်
နိင်ငံရေးအသိုင်းအ၀ိုင်းကို အချက် (၆) ချက် သူအကြံပြုထားတာကတော့
စိတ်ဝင်စားစရာကောင်းတယ်။
၁-
ဘာ ကိုလိုချင်တာလဲသေသေချာချာစဉ်စားပြီးရွေးခြယ်။ တခုကောင်းကိုရွေး။
အားလုံးကိုလိုခြင်တယ်ဆိုတာမလုပ်နဲ့ ။
၂- အားလုံးပါနိင်တဲ့ ကျယ်ပြန့် တဲ့
အခင်းအကျင်းသစ်ကိုလုပ်၊ ကိုယ်ကျိုးကျဉ်းကျဉ်းလေးကိုပဲမကြည့်နဲ့ 
၃-
ဘစ်စမတ်လို လုပ်၊ ဗြိတိန်လို့ မလုပ်နဲ့  ( ပထမကမ္ဘာစစ်မတိုင်မှီက
ဂျာမန်ဝန်ကြီးချုပ် ဘစ်စမတ်ကိုပြောတာ။ ဘစ်စမတ်က အားလုံးကိုကျေနပ်အောင်လုပ်နိင်တာ။
ဗြိတိန်က သူ အကျင့်တိုင်းသွေးခွဲအုပ်ချုပ်တာ၊ တက်လာနိင်တဲ့သူကို
ချောင်ကိုကန်ထားတာ၊ ကလိန်ကျစ်လုပ်ခဲ့တာ။ )
၎-
ရှိနေတဲ့ နိင်ငံတကာအသင်းအဖွဲ့ တွေနဲ့ ပဲလုပ် ( မီနူးထဲရှိတာကိုပဲ မှာ - Order à la
carte ) ။ ဘယ်ပြသာနာ က ကုလသမဂလုပ်ရမယ်။ ဘယ်ပြသနာက
နေတိုးလုပ်ရမယ်။ ဘယ်ဟာက အိုအေအကစ်ကလုပ်ရမယ်ဆိုတာ သိပါ။
၅-
မတူညီမှုကိုသတိပြု ( Think Asymmetrically )။ ပြသနာတိုင်းက မတူညီ၊ တုန်
့ပြန်မှုလည်းမတူညီသင့်။
၆-
အာဏာ ဆိုတာ တရားဝင်မှု (Legitimacy is Power) ။ ဘာလုပ်လုပ် တရားဝင်ထောက်ခံမှုရအောင်လုပ်ပါ။
သူရဲ အကြံပြုချက်တွေကို အမေရိကန် ပညာရှင်နဲ
့နိင်ငံရေးအသိုင်းဝိုင်းကကြိုဆိုကြတယ်။ ကောင်းချီးပေးကြပါတယ်။ မြန်မာ နိင်ငံက စစ်အုပ်စုအတွက်လည်း
အသုံးမ၀င်ပေဘူးလား။
အမေရိကန်အလွန် ကမ္ဘာဟာ ပိုပြီးတိုးတက်လာမယ်။ငြိမ်းချမ်းလာမယ်။
အကျိုးရှိမယ်လို့  သူက ဟောကိန်းထုတ်ထားပါတယ်။
သူရဲ့  စာအုပ်မှာ အမေရိကန် နိင်ငံရေးအလွန်ကို လွန်ခဲ့နစ်ပေါင်း ၅၀၀ ကျော်က က မ္ဘာ့နိင်ငံရေးအခင်းအကျင်းကို စနစ်တကျသုတေသနပြုလုပ်ထားတဲ့အတွက်အကျိုးရှိတယ်။ တရုပ်ပြည်နဲ့ ပတ်သက်လို့ ကွန်ဖြူးရှယ်ယျဉ်ကျေးမှုပေါ်အခြေခံတဲ့နိင်ငံရေးယဉ်ကျေးမှုအပေါ်သူပိုမိုတွက်ဆတာရယ်။ တရုပ်အပြောင်းလဲအပေါ်မှာ အကောင်းဖက်ကိုမြင်လွန်းတဲ့ အမြင်တာရယ်။ တရုတ်ရဲ့ တိုးတက်မှုအလားအလာကိုနှောင့်နှေးစေမဲ့ စွမ်းအင် မှီခိုနေရမှု ( Emergency Dependency ) ၊နဲ့  ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု ကိုနှောင့်နှေးနေမှုက တရုပ်ဟာ စိုးရိမ်စရာကောင်းတဲ့ ထိလွယ်ရှလွယ်ဆူပါပါဝါ ( Fragile Supper Power) ဘ၀ မှာပဲရှိနေသေးတယ်ဆိုတွေကို အလေးထားသုံးသပ်မှုမလုပ်ထားတာကလွဲလို့  သူ့  စာအုပ်ဟာအကျိုးရှိတဲ့စာအုပ်ကောင်းတအုပ်ဆိုရင်မမှားပါဘူး။
သူစာအုပ် ဆိုဒ်ကြီး
စာမျက်နှာ ၃၀၀နီးပါး ရှိပြီး နယူးယောက်မြို့  နော်တွန် စာအုပ်တိုက်က
ပုံနှိပ်ဖြန့် ချီခဲ့တာဖြစ်ပါတယ်။ သတင်းဆိုးကတော့ တအုပ်ကို ၂၆ ဒေါ်လာ ( အခွန် မပါ)
ဖြစ်ပြီး သတင်းကောင်းကတော့ အမေဇုံမှာဝယ်ရင် အဟောင်းက ၁၀ဆင့်လောက်နဲ့ ရနိင်တယ်။
တော်တော်ကိုလတ်ပါတယ်။ ကျနော်လည်း အမေဇုံကအဟောင်းပဲဝယ်ဖတ်ပါတယ်။
မိုးသီးဇွန် နိုဝင် ၂၄၊၂၀၁၁
10 comments :
ကိုမိုးသီး----ရေ
စာဖတ်တာကတော့အကောင်းဆုံးပါပဲ။
ဦးသန်းရွှေတောင် စာတွေဖတ်နေပြီဆိုပဲ။
ဒါပေမဲ့----------------။
Good Job. Ko Moe Thee.
Appreciate your ambition.
Had seen him & some few good guys on TV interviews on related topics. Quite interesting & intelligent discussions. Not only for the young ones but also for the old guns as well. At least, some what upgrading & refreshing. Keep on posting.
Good review for people who impress US because US power has been going down and can hope for US future.
Thank you Ko Mothee and you should better write them than Daw Aung San Su Kyi and U Thein Sein's bad moves.
Good post as it shows how human right can make US to be poor.
Thank you so much for sharing . Appreciate it .
Thank you Ko Moe Thee.
Mr Moe thee zon,
here is my question.
do you really read all these book?
do you really have confidence for your all posts?
you may lie everyone but not by yourself.
we are really sick and tire you.
can you read back your past civil war posts.
check back all your date of birth and all your shit stories.
He is a sick lonely lion who has no strength at all.
အမေရိကန်Americanနဲ့ အမေရိကားAmerica တောင်မကွဲသေးတဲ့ မိုးသီးဇွန်ရယ်
အင်္ဂလိပ်စာသေချာပြန်ဖတ်ပါဦး
အမေရိကန်က လူကိုကိုယ်စားပြုတာ
အမေရိကားက တိုင်းပြည်နေရာဒေသကိုယ်စားပြုတာ
ခင်ဗျားတို့ဗျာ တစ်ယောက်နဲ့တစ်ယောက်အယူအဆလေး နည်းနည်းကွဲသွားတာနဲ့ ရန်ဘက်လိုသဘောထားပြီး အထွက်ခတ်ရင် မထိထိအောင် အဝင်ခတ်လေး ရအောင်ခတ်သွားကြသေးတယ် လူတစ်ဖက်သားကို အဲလောက်ထိမြေနိမ့်ရာလှံစိုက် မလုပ်ချင်ကြပါနဲ့လား ဟိုအရင်တုန်းကတော့ နိုင်ငံရေးရေချိန်မပြောင်းခင် တုန်းကတော့ ကိုမိုးသီးလုပ်သမျှဝိုင်းထောက်ခံ ကြလို့ မိတ်ဆွေတွေလိုဆက်ဆံ နိုင်ကြပြီး အခုလိုအနေအထားအပြောင်းအလဲ ကျတော့ ပြောင်းလဲဆက်ဆံတာမြန်လိုက်တာ မစ္ဆရိယစိတ်ကြီးကြီးနဲ့ နှိပ်ကွပ်လိုက်အုံးမဟဲ့ဆိုတဲ့ မသူတော်စိတ်ဆိုးစိတ်ညံ့ မွေးတာမြန်လှပါပေတယ် သူလဲသူ့အစွမ်းရှိသလောက် တိုးခဲ့တာပဲ လက်ရှိအပြောင်းအလဲကို လိုက်လျောညီထွေ လက်မခံနိုင်သေးတာကလဲ အရင်ကခံစားခံရတာတွေ ကဒဏ်ရာလိုအမာရွတ် ကျန်ခဲ့တော့ လွယ်လွယ်နဲ့ဘယ် လက်ခံနိုင်ပါ့မလဲ သူကနိုင်ငံရေးသမားဘဝက လာတာမဟုတ်တာ တော်လှန်ရေးသမားဘဝကလာတာ အဲဒီတော့နိုင်ငံရေးသမားစစ်စစ်တွေ လိုတော့ပုတ်သင်ညိုလုပ်ဖို့ခက်လိမ့်မယ် အချိန်တစ်ခုကျလာရင် သူမပြောင်းလဲပါဘူးလို့ ဘာသူအာမခံလဲ အခုကစောင့်ကြည့်နေရတုန်း အခြေအနေပဲရှိသေးတာ ပွဲကအစပဲရှိသေးတာ. သူဒီလိုနေတာကို အကောင်းဘက်ကတွေးရင် ဟိုလိုနည်းနဲ့အလုပ်မဖြစ်ရင် ဒီလိုနည်းနဲ့ကိုင်ပေါက်လို့ရအောင် အရံအင်အားသဘောလို အားဖြည့်စောင့်ပေးနေ တယ်လို့ကော အကောင်းဘက်က မမြင်နိုင်ကြသေးဘူးလား ခင်ဗျားတို့နိုင်ငံရေး သမားတွေကတော့ဗျာ တကယ်စိတ်ကုန်ဖို့ကောင်းပါတယ် ကျနော်ကတော့ ဘာသမားမှမဟုတ်ဘူး နိုင်ငံ့အရေးကိုစိတ်ဝင်စားလို့ နေ့စဉ်သတင်းတွေ စောင့်ဖတ်နေတဲ့ သာမန်နိုင်ငံသားတစ်ယောက်ပါ အမြင်မတော်လို့ လူငယ်တစ်ယောက် အနေနဲ့ လူကြီးတွေအသိတရား ခေါင်းပါးနေတာကို ဝင်ပြောတာ
Post a Comment