Thursday, 8 December 2011

ရုရှား မှာ ပူတင် အစိုးရ ကို စနေ နေ့ နိုင်ငံ အ၀ှန်း ဆန္ဒပြမယ်



-WFWW-

ရုရှား မှာ ၀န်ကြီးချုပ် ပူတင် သမ္မတ ရာထူး ပြန်လည် အရွေးခံ မှာ ကို မလိုလားကြတဲ့ ရုရှား ပြည်သူများ စနေနေ့ မှာ နိုင်ငံအ၀ှန်းဆန္ဒပြကြဖို့ အတိုက်အခံပါတီများ က ဆော်သြ တိုက်တွန်းထားကြတယ်။ လက်ရှိ အာဏာရ အစိုးရ က ကျင်းပတဲ့ ပါလီမာန် ရွေးကောက်ပွဲ ဟာ မဲလိမ် မဲခိုးမှုတွေ ရှိခဲ့တဲ့ အပြင်၊ ရွေးကောက်ပွဲ မမှန်မကန် ကျင်းပခဲ့တာကြောင့် ရွေးကောက်ပွဲ အသစ်ပြုလုပ်ဖို့  ဆိုဗီယက် သမ္မတဟောင်း ဂေါ်ဘာချော့က လည်း တောင်းဆိုလိုက်ပါတယ်။

ရုရှား အာဏာပိုင်တွေဟာ  ရွေးကောက်ပွဲမှာ မဲမသမာမှုတွေနဲ့ မရိုးမသား လုပ်မှုတွေကြောင့် ဆန္ဒပြခဲ့ကြတဲ့ အတိုက်အခံ ခေါင်းဆောင်တွေ ကိုလည်း ထောင်ချခဲ့ကြတယ်။ အတိုက်အခံတွေ ကတော့ ရုရှား မှာ အာဏာရှင်စနစ်ထူထောင်နေတဲ့ ပူတင် နှင့် သမ္မတ ဒစ်မစ်ထရီ မက်ဗီဒက်ဗ် ကို နိုင်ငံအ၀ှန်း မှာ ဆန့်ကျင် ဆန္ဒပြ ကြဖို့ စနေ နေ့ မှာ  ရုရှားပြည်သူတွေ ကို တိုက်တွန်း နိုးဆော်ထားတယ်။



ပူတင် ဟာ သမ္မတ ရာထူးပြန် အရွေးခံမှု ကို အလျော့ပေးမလား၊ ရုရှား လမ်းမတွေပေါ်မှာ ပြည်သူတွေ ဆန္ဒပြမှု ကို ရင်ဆိုင်ပြီး အာဏာ ကို ပြန်လည်  ရယူကာ  အာဏာရှင် စနစ် ပြန်လည် အသက်သွင်း မလားဆိုတာ   သူကိုယ်တိုင် ဖြေဆိုရမဲ့ အချိန်ရောက်နေ သလို၊ အခက်ကြုံနေရတယ်လို့ ရုရှားနိုင်ငံရေးလေ့လာသူများက သုံးသပ်နေကြတယ်။

No comments :