မြန်မာပြည်၏ လက်ရှိအပြောင်းအလဲနှင့်ပတ်သက်၍ ၀ါရင့် သံတမန်ဟောင်းတစ်ဦး၏ အမြင်
by Myat Thein Tun on Thursday, December 8, 2011 at 5:20pm
ပြီးခဲ့တဲ့ ရက်သတ္တပတ်ကာလတုန်းက အမေရိကန်ပြည်ထောင်စုဟာ
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့  ချစ်ကြည်ရေး
အလည်အပတ်ခရီးစဉ်နှင့်အတူ မြန်မာနိုင်ငံနဲ
့ဆက်ဆံရေးစာမျက်နှာအသစ်တစ်ရပ်ဖွင့်လှစ်ခဲ့ပါတယ်။
သူမရဲ
့ခရီးစဉ်အတောအတွင်းမှာ မြန်မာနိုင်ငံရဲ့ 
ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး တိုက်တွန်းအားပေးရန်ဆိုတဲ့
ရည်ရွယ်ချက်နဲ့ အတူ ဒေသတွင်းသြဇာလွှမ်းမိုးမှုအတွက် အဓိကပြိုင်ဘက်ဖြစ်တဲ့
တရုတ်ပြည်သူ့ သမ္မတနိုင်ငံအတွက် အန္တရာယ်ရှိတဲ့ နေရာဝင်ယူမှုကိုပါ
တပါတည်းဆောင်ကြဉ်းလာခဲ့တယ်ဆိုရင်လည်း
မမှားပါဘူး။လွတ်လပ်ရေးရပြီးနောက်ပိုင်း နှစ်အနည်းငယ်ကြာတဲ့အချိန်ကစပြီး
မြန်မာနိုင်ငံဟာ အဆိုးဝါးဆုံးဖိနှိပ်ချုပ်ခြယ်ပြီး အချင်းချင်းညီညွတ်စွာ
အကျင့်ပျက်ခြစားခဲ့ကြတဲ့ လူနည်းစု စစ်ခေါင်းဆောင်တစ်စုကြောင့် အာရှဒေသရဲ
့ပေါင်မုန့် အပြည့်ရှိတဲ့ ခြင်းတစ်ခုအဖြစ်ကနေ ယနေ့ အချိန်မှာ
ဘာမှမရှိတော့တဲ့ ခြင်းတောင်းခွံတစ်ခုဘ၀ကို ရောက်နေခဲ့ပါပြီ။ အစိုးရရဲ
့ဖိနှိပ်ချုပ်ခြယ်အုပ်ချုပ်မှုရဲ့  ရလာဒ်ဟာ ဆယ်စုနှစ်ပေါင်းများစွာကြာတဲ့
ပြည်တွင်းစစ်မီးနှင့်အတူ ဆင်းရဲမွဲတေမှု ပျံ့ နှံ့ ပြီး အင်မတန်ကြီးမားတဲ့
လူ့ အခွင့်အရေးချိုးဖောက်ခြင်းတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။နိုင်ငံတကာရဲ
့မြန်မာအစိုးရကျူးလွန်နေတဲ့လုပ်ရပ်တွေအပေါ်
အရေးယူဆောင်ရွက်ရန်ကြိုးပမ်းအားထုတ်မှုတွေဟာ အာဆီယံအဖွဲ့ ဝင်နိုင်ငံတွေရဲ့ 
သဘောမတူ ကန့် ကွက်မှုနှင့်အတူ အိမ်နီးချင်း အင်အားကြီးနိုင်ငံတွေဖြစ်တဲ့
တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေရဲ့ ဖေးမမှုတွေကြောင့် ဖနောင့်ကြောဖြတ်ခံထားရတဲ့
ဖ၀ါးနဲ့ နင်းခြေနေသလိုပဲ ထိရောက်မှု သိပ်မရှိခဲ့ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် ခုချိန်မှာတော့ စစ်ဗိုလ်ချုပ်တွေဟာ လူတကာအံသြသင့်စေတဲ့
အပြောင်းအလဲအချို့ ကို
စတင်ခဲ့ပါပြီ။အခြေခံဥပဒေအသစ်ပြန်လည်ရေးဆွဲခြင်း၊ရွေးကောက်ပွဲကျင်းပခြင်းနှင့်အတူ
သမ္မတသိန်းစိန်(ဗိုလ်ချုပ်ကြီးဟောင်း)ခေါင်းဆောင်တဲ့
အပြင်ပန်းအရပ်သားအုပ်ချုပ်မှုအသွင်ဆောင်တဲ့ အစိုးရသစ်ဟာ
သတင်းနှင့်စာနယ်ဇင်းထိန်းချုပ်မှုအချို့ ကို လျှော့ပေါ့ပေးခြင်း၊
သမဂ္ဂများဖွဲ့ စည်းခွင့်ပေးခြင်းနဲ့  နိုင်ငံရေးအကျဉ်းသား ၂၀၀ကျော်ကို
လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း စတာတွေကို လုပ်ဆောင်ခဲ့တာတွေ့ ရပါတယ်။
ပိုမိုသိသာထင်ရှားတဲ့အချက်ကတော့ မြန်မာနိုင်ငံကို စတင်ထူထောင်ခဲ့တဲ့
ပုဂ္ဂိုလ်ရဲ့ သမီးဖြစ်သူ နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်နဲ
့နေထိုင်ခဲ့ရသူ၊ မြန်မာပြည်သူလူထုရဲ့ သူရဲကောင်းအဖြစ်သတ်မှတ်ခံထားရသူ၊
စစ်အုပ်စုရဲ့ အခါးသီးဆုံးမွေးရာပါပြိုင်ဘက်၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ
လွှတ်ပေးလိုက်ခြင်းပါပဲ။ဒီဖြစ်စဉ်ဟာ စစ်ဗိုလ်ချုပ်များရဲ့ 
အကျိုးစီးပွားမျှော်ကိုးမှု၊မဟာဗျူဟာမြောက် နိုင်ငံရေးအမြတ်ထုတ်လိုခြင်းနဲ
့နိုင်ငံစီးပွားရေးအခြေအနေရဲ့ မဖြစ်မနေလုပ်ဆောင်ရမယ့်
လိုအပ်ချက်တွေရောယှက်နေတယ်လို့ စောင့်ကြည့်လေ့လာသူများက ဆိုကြပါတယ်။
အနောက်အုပ်စုရဲ့  စီးပွားရေးပိတ်ဆို့ အရေးယူမှုဟာ မြန်မာနိုင်ငံရဲ
့ကြွယ်ဝလှတဲ့ သဘာဝအရင်းအမြစ်တွေရှိတဲ့ အစိတ်အပိုင်းတွေကို လောဘကြီးစွာ
လိုအပ်နေတဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့  ကိုလိုနီတစ်ခုရဲ
့အခြေအနေမျိုးအဖြစ် သက်ဆင်းစေခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ
့ဒီမိုကရေစီ၊လူ့ အခွင့်အရေးနဲ့ ပတ်သက်တဲ့ အကန့် အသတ်နှင့်အစမ်းသဘော
ပြုပြင်ပြောင်းလဲမှုတွေဟာ အမေရိကန်သမ္မတအိုဘားမားပြောသလို တိုးတက်မှုအတွက်
မှိန်ပျပျအလင်းရောင်များဖြစ်နေမလား၊ ဒါမှမဟုတ် နိုင်ငံတကာရဲ
့ထင်မြင်ယူဆချက်တွေကို ကျွမ်းကျင်စွာကိုင်တွယ်အသုံးချဖို
့အတွက်ဖော်ပြထားတဲ့ အခိုးအငွေ့ နဲ့ အရိပ်အယောင်တွေပဲဖြစ်နေမလား
မသဲကွဲသေးပါဘူး။
1998 နိုဗယ်ဆုရှင်တစ်ဦးဖြစ်တဲ့ Amartya
Sen ကခုလိုသတိပေးလိုက်ပါတယ်။ ခုချိန်မှာ အလျှော့ပေးလိုတဲ့
အရိပ်အရောင်ပြလာတဲ့ မြန်မာနိုင်ငံရဲ့ ကာလတာရှည် ဆိုးဝါးစွာတည်ရှိနေခဲ့တဲ့
အနေအထားဟာ အကောင်းမြင်သူတွေရဲ
့စိတ်အားထက်သန်စွာရင်တဖိုဖိုမျှော်လင့်နေတဲ့အနေအထားကို စာနာထောက်ထားမှု
နည်းနည်းလေးပဲ ပြပြီး တားဆီးပိတ်ပင်လိုက်သလိုဖြစ်သွားတယ်လို့ သူကဆိုပါတယ်။
သူ့ ရဲ့ ထင်မြင်ယူဆချက်ဟာ ကျိုးကြောင်းညီညွတ်တယ်လို့ ပြောလို
့ရပါတယ်။ခုချိန်ထိ ပျံ့ နှံ့ နေတဲ့ စနစ်တကျလူ
့အခွင့်အရေးချိုးဖောက်မှုတွေဟာ မလျှော့သေးတဲ့အပြင် ရာပေါင်းများစွာရှိတဲ့
နိုင်ငံရေးအကျဉ်းသားတွေဟာလည်း အကျဉ်းထောင်တွေထဲမှာ
အကျဉ်းကျခံနေရတုန်းပါပဲ။နောက်ပြီး အာဏာပိုင်တွေက တိုင်းရင်းသားတွေကို
ထိုးစစ်တွေ နောက်မဆုတ်တမ်းဆင်နွှဲနေတာတွေဟာ အလျှော့ပေးမယ့်
အရိပ်အယောင်လုံးဝမရှိဘူးဆိုတာ သိသာနေပါတယ်။
လွန်ခဲ့တဲ့
မတ်လတုန်းက ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာ့အရေးကို ဆွေးနွေးကြတဲ့
မြန်မာ့မိတ်ဆွေနိုင်ငံများကော်မတီအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ
့လက်ရှိအနေအထားနဲ့ ပတ်သက်လို့  လေးနက်စွာ စိုးရိမ်ပူပန်မိတယ်ဆိုတာ
ထုတ်ပြန်ခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီထုတ်ပြန်ချက်ဟာ
ဒေါ်အောင်ဆန်းစုကြည် သို့ မဟုတ် စစ်အုပ်စု ဘယ်တုန်းကမှ အလွယ်တကူ
ကိုင်တွယ်လို့ မရခဲ့တဲ့သူအတွက် အားပေးမှုတစ်ခုဖြစ်စေခဲ့ပါတယ်။သူမဟာ
အနောက်အုပ်စုနဲ့  စစ်အုပ်စုများရဲ့ ကစားပွဲမှာ စစ်အုပ်စုတွေဘယ်လိုမှ
ကိုယ်စားပြုဝင်မကစားနိုင်တဲ့ ကစားပွဲကို ကြိမ်းသေပေါက် ၀င်နွှဲရမယ့်သူအဖြစ်
လက်ရှိအချိန်မှာ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးတွေကို သတိကြီးကြီးထားပြီး
အထောက်အကူပြုတဲ့နေရာကို ရောက်လာနေပါပြီ။
သမ္မတဦးသိန်းစိန်နဲ
့တွေ့ ဆုံအပြီးမှာ သမ္မတဟာ ပြုပြင်ပြောင်းလဲရေးအတွက် သူမနဲ
့အတူလက်တွဲလုပ်ကိုင်နိုင်မယ့်လူတစ်ယောက်အဖြစ်ပြည်သူတွေကို
အသိပေးခဲ့ပြီးတဲ့နောက် မကြာခင် ကျင်းပမယ့်ကြားဖြတ်ရွေးကောက်ပွဲကို
ဝင်ရောက်ယှဉ်ပြိုင်ရန်ဆုံးဖြတ်ခြင်းဖြင့်
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေထဲကို တရားဝင်ဝင်ရောက်လာခဲ့ပါတယ်။
သူမအနေနဲ့ အာဏာပိုင်တွေရဲ့ အနောက်အုပ်စုနဲ့ ကျယ်ကျယ်ပြန့် ပြန့် ပြန့် 
ပြန်လည်စေ့စပ်ဆွေးနွေးလိုတဲ့ဖြစ်စဉ်တွေအပေါ် အနောက်အုပ်စုက
ချက်ချင်းလက်ငင်းလက်ခံလိုက်ရင်ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေနဲ့ ပတ်သက်ပြီး
စိုးရိမ်မှုတွေရှိနေပေမယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ
့ခရီးစဉ်ကိုတော့ ကြိုဆိုခဲ့ပါတယ်။
သူမရဲ
့လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး တစ်ဘက်ကပြန်စဉ်းစားကြည့်ရင် လက်ရှိ
နိုင်ငံရေးပထ၀ီရဲ့ ဒီရေတက်ချိန်မှာ သူမအနေနဲ့ ဘယ်လောက်ပဲမခိုင်မာသေးဘူးလို
့ပြောပြော နိုင်ငံရဲ့ ပျောက်ဆုံးနေတဲ့ လွတ်လပ်မှုကိုပြန်ရဖို့ အတွက်
ရနိုင်သမျှအခွင့်အရေးတွေကိုဖမ်းဆုပ်မှဖြစ်မယ်လို့ ခံစားမိပုံရတယ်လို
့ဆိုကြပါစို့ ။ဒါပေမယ့် ဒီအနေအထားဟာ သူမကို စီးပွားရေးပိတ်ဆို့ မှုနဲ
့ပတ်သက်ပြီး သဘောထားတင်းမာသူတစ်ယောက်ဖြစ်တယ်လို့ အချိန်ကြာမြင့်စွာ
စစ်အုပ်စုနဲ့ တချို့ ပုဂ္ဂိုလ်များရဲ့ ဝေဖန်မှုတွေကို
လျှော့ပါးသွားစေနိုင်မှာတော့မဟုတ်ပါဘူး။တစ်ချိန်တည်းမှာပဲ
စစ်ဗိုလ်ချုပ်များဟာ သံတမန်ရေးအသိအမှတ်ပြုခံဖို့ အတွက်
ရနိုင်သမျှနည်းလမ်းတွေနဲ့ ကျလာသမျှ အပင်ကြွေသစ်သီးတွေကို
လိုက်ကောက်နေကြပါတယ်။
ဟီလာရီကလင်တန်ကလည်း
အမေရိကန်ပြည်ထောင်စုရဲ့  မြန်မာနိုင်ငံအပေါ်နှစ်ပေါင်းများစွာကန်
့သတ်ထားတဲ့ စီးပွားရေးဆိုင်ရာတင်းကြပ်ထားမှုအချို့ ကိုဖြေလျှော့ပေးမယ်လို
့ပြာကြားခဲ့သလို နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးတိုးမြှင့်ဖို့ ကိုပါ
လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။နောက်ပြီး လက်ရှိအချိန်မှာ
မြန်မာနိုင်ငံအပေါ် ကူညီထောက်ပံ့မှုတွေပြန်လည်ပေးနေပြီဖြစ်တဲ့
ဂျပန်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးကလည်း
မကြာခင်မြန်မာနိုင်ငံကိုအလည်အပတ်သွားရောက်ဖို့ စီစဉ်ထားတယ်လို
့သိရပါတယ်။ဒီလိုအခြေအနေတွေရဲ့ နောက်မှာ ကမ္ဘာ့ဘဏ်နဲ
့နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ တွေကလည်း သိပ်မကြာခင်ကာလအတွင်း
ပါဝင်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ဒီအခြေအနေတွေမတိုင်ခင်
မြန်မာအစိုးရသစ်အနေနဲ့  ကြီးမားတဲ့ဆုလာဒ်တစ်ခုကိုတော့
ပထမဆုံးပိုင်ဆိုင်ခွင့်ရခဲ့ပြီးပါပြီ။အဲဒါကတော့ ၂၀၁၄ခုနှစ်မှာ
အာဆီယံဥက္ကဌရာထူးကိုဆက်ခံဖို့ အတွက် အာဆီယံနိုင်ငံများရဲ့ ထောက်ခံမှုကို
ရရှိခဲ့ခြင်းပဲဖြစ်ပါတယ်။ဒီဆုလာဒ်ဟာ မြန်မာနိုင်ငံအတွက်
သမိုင်းတစ်လျှောက်လုံးမှာ အမေရိကန်သမ္မတအပါအ၀င်
အများပြားဆုံးကမ္ဘာ့ခေါင်းဆောင်အုပ်စုကို ပထမဦးဆုံးအကြိမ်
ဧည့်ခံကြိုဆိုခွင့်ရတော့မှာဖြစ်ပါတယ်။
ဒီအချိန်မှာ
စစ်အုပ်စုအနေနဲ့ အာဏာပြန်သိမ်းဖို့ ဆိုတဲ့အချက်ကို
အနည်းငယ်လက်လျှော့လိုက်ပြီလားဆိုတာကို သေချာစဉ်းစားရပါမယ်။သူတို့ ကို
နောက်ထပ်အပြစ်မြင်စရာ ဘာတွေများဖြစ်လာနိုင်မလဲ။နောက်တစ်ချက်က
နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ စေ့စပ်ဆွေးနွေးမှုဟာ အစိုးရကို မှန်ကန်တဲ့
ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်ကိုရောက်အောင်
တွန်းအားပေးနိုင်မလား၊ဒါမှမဟုတ် အဲဒီစေ့စပ်ဆွေးနွေးမှုဟာ
မြန်မာအာဏာပိုင်တွေကို သိမ်းသွင်းရုံမျှသာခရီးရောက်ပြီး သူတို့ ကပဲ
အင်အားကြီးအုပ်စုကို သူတို့ ရဲ့ ပြုပြင်ပြောင်းလဲရေးမှာ လက်ဦးမှုယူ
အမြတ်ထုတ်သွားမလား။နိုင်ငံတကာအုပ်စုထဲက အမေရိကန်ပြည်ထောင်စုအနေနဲ့  သူတို
့တခြားနိုင်ငံအချို့ မှာ မကြာခဏလုပ်လေ့ရှိသလို အကြမ်းဖက်မှုတွေနဲ
့စစ်ပွဲတွေအတောအတွင်းမှာ လူ
့အခွင့်အရေးချိုးဖောက်မှုတွေကိုဘေးချိတ်ထားတာမျိုး မဟုတ်ပဲ
နိုင်ငံရေးအမြတ်ထုတ်မှုသက်သက် ပူးပေါင်းဆောင်ရွက်မှုမက်လုံးတွေကို
ရှောင်ရှားပြီး တရားမျှတပြီး စစ်မှန်တဲ့ ချဉ်းကပ်မှုမျိုးနဲ့  စစ်အုပ်စုကို
ဖိအားပေးနိုင်မလား။
ဟီလာရီကလင်တန်က ထပ်ပြောခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့  မြန်မာနိုင်ငံမှာ လွတ်လပ်မျှတပြီး
ဂုဏ်သရေရှိတဲ့ ရွေးကောက်ပွဲမျိုး ကျင်းပတာကို တွေ
့မြင်လိုပါတယ်တဲ့။ဒါပေမယ့် တခြားအရှေ
့တောင်အာရှနိုင်ငံအမြောက်အမြားမှာလိုပဲ မြန်မာနိုင်ငံရဲ
့ဖိနှိပ်ချုပ်ခြယ်မှုတွေနဲ့ ချို့ တဲ့နေတဲ့ လူ
့အခွင့်အရေးအခြေအနေတွေကြောင့် စစ်အာဏာရှင်များရဲ့ စောင့်ကြည့်မှုအောက်မှာ
စစ်မှန်တဲ့ရွေးကောက်ပွဲတစ်ခုဖြစ်ပေါ်လာဖို့ လုံးဝမလွယ်ကူတာကတော့
သေချာပါတယ်။ဟီလာရီတောင်းဆိုထားသလို မြန်မာနိုင်ငံမှာ နိုင်ငံတကာက
လက်သင့်ခံနိုင်လောက်တဲ့ တံခါးပေါက်တစ်ခုအဖြစ် တင်စားထားတဲ့ လွတ်လပ်၊ မျှတ ၊
ဂုဏ်သရေ ရှိ ရွေးကောက်ပွဲမျိုးကို အာဆီယံအုပ်စုထဲက နိုင်ငံတစ်ဝက်လောက်ဟာ
ခုချိန်ထိ မကျင်းပနိုင်သေးပါဘူး။ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေ၊
ငြိမ်းချမ်းစွာ စုဝေးခြင်းအပေါ် ကန့် သတ်ချုပ်ခြယ်ထားတဲ့ ဥပဒေတွေ၊
စာနယ်ဇင်းတွေအပေါ် ဆင်ဆာကန့် သတ်မှုတွေ၊ တရားရင်ဆိုင်ခွင့်မပေးပဲ
ဖမ်းဆီးချုပ်နှောင်မှုတွေ၊ မှုခင်းတာဝန်ရှိသူများရဲ့ လူမဆန်မှုတွေဟာ
အာဆီယံနယ်နိမိတ်အတွင်းမှာ ၀ါရှင်တန်က တရားဝင်ကန့် ကွက်တာမျိုး
တစ်စုံတစ်ရာမရှိပဲ ဆက်လက်ခြစားနေတုန်းပါပဲ။
ခုအချိန်မှာ
မျှော်လင့်နိုင်တာ တစ်ခုတည်းရှိပါတယ် ဒီနေရာမှာ အင်အားကြီးနိုင်ငံတွေရဲ
့ပြိုင်ဆိုင်မှုတွေကြောင့် စောစောကပြောခဲ့တဲ့ အခြေအနေတွေကို
ပိုမိုဆိုးရွားစွာ အကျိုးမသက်ရောက်ခင်မှာ မြန်မာနိုင်ငံမှာ
ဒီမိုကရေစီအမြစ်တွယ်ပြီး အာစီယံဒေသတွင်းမှာလည်း
တည်ငြိမ်အေးချမ်းမှုတွေဖြစ်ပေါ်လာဖို့  မျှော်လင့်မိပါတယ်။
မူရင်း- Dennis Ignatius
Myanmar – Flickers of progress or smoke and mirrors?
http://thestar.com.my/columnists/story.asp?col=diplomaticallyspeaking&file=/2011/12/8/columnists/diplomaticallyspeaking/10036707&sec=Diplomatically%20Speaking
Datuk
Dennis Ignatius is a 36-year veteran of the Malaysian foreign service.
He has served in London, Beijing and Washington and was ambassador to
Chile and Argentina. He was twice Undersecretary for American Affairs.
He retired as High Commissioner to Canada in July 2008.
ဘာသာပြန်ဆိုသူ- မြတ်သိန်းထွန်း
No comments :
Post a Comment