Thursday, 8 December 2011

တမတ်သား လွှတ်တော် ဥက္ကဌ ကြီး နှင့် ဖာတလုံးခေါင်းကျား ဇာတ်



အပြော ကတော့ ရွှေမန်း၊ အက က မျောက်ဖိုးစိန် လူပျက် 

တမတ်သား လွှတ်တော် ဥက္ကဌ ကြီး ရွှေမန်း ခေါင်းဆောင်တဲ့ မြန်မာလွှတ်တော် ကိုယ်စားလှယ် အဖွဲ့ဟာ လာမယ့် သီတင်းပတ် အတွင်း အိန္ဒိယ လွှတ်တော်ကို သွားရောက် လေ့လာကြမယ်လို့ သိရပါတယ်။ မကြာခင် အကောင်အထည်ပေါ်လာ မယ်ဆိုတာ သူ့ ဖာတလုံးခေါင်းကျား ခရီးစဉ် ကို ရည်ညွှန်း ပြောတာနဲ့ တူပါတယ်။

အနှစ် ၂၀ လုံးလုံး နိုင်ငံ အကြီးအကဲတာဝန် အဖြစ် ထမ်းဆောင်ခဲ့တာ သူ့မှာ ဘာ မှ မလေ့လာပဲ တိုင်းပြည် ကို အုပ်ချုပ်ခဲ့ပုံရတယ်။

ပထမ လေ့လာခဲ့စဉ် ကတော့ အနှစ် ၂၀ ကျော်ကြာသွားတယ်။ အခု လည်း နောက် အနှစ် ၂၀ ထပ် ကြာအုံးမယ်နဲ့တူတယ်။

တမတ်သား လွှတ်တော် ဥက္ကဌ ကြီး ဖာတလုံးခေါင်းကျား ဇာတ် လို နိုင်ငံ အနှံ့ လေ့လာရေးခရီး ထွက် အုန်းမယ်ဆိုရင်တော့ တမတ်သား လွှတ်တော် ဥက္ကဌ ကြီး ရာထူး ကနေ နုတ်ထွက်ပြီးလေ့လာပါ။

လေ့လာပြီးသား လူတွေ ကို နေရာပေးပြီး တိုင်းပြည် အတွက် တာဝန်ထမ်းဆောင် စေချင်တယ်။
ဒီအချိန်ဟာ လေ့လာ ရမဲ့ အချိန်မဟုတ်ဘူး။ ထမ်းဆောင် ရမဲ့ အချိန်ဖြစ်တယ် ။

တိုင်းပြည် တာဝန်ထမ်းဆောင်နိုင်တဲ့ အရည်အချင်း ရှိတဲ့ သူတွေ တိုင်းပြည်မှာ အသင့်  ရှိနေကြပါတယ်။

1 comment :

Anonymous said...

Good for Myanmar.

U Shwe Mann can support Myanmar to become a good country.

Moethee like Burmese bagger activist can't do it.