Sunday, 18 December 2011

အာဏာရှင်တွေကို တော်လှန်ခဲ့တဲ့ ချက် သူရဲကောင်း ဗားကလပ် ဟာဗဲလ် သေဆုံး


 ၁၉၈၉  အာဏာရှင် ဆန့်ကျင်ရေး ချက် လူထုလှုပ်ရှားမှု သမိုင်း

မြန်မာ နိုင်ငံမှာ ဒီမိုကရေစီရရှိရေး နှင့် မြန်မာပြည်သူတွေ စစ်အာဏာရှင်တွေ ရဲ့ အောက်မှ လွတ်မြောက်ဖို့ လက်တွဲ တိုက်ပွဲဝင်ခဲ့တဲ့ ချက်ကိုစလိုဗက်ကီးယား သမ္မတဟောင်း ဗားကလပ် ဟာဗဲလ် ဟာ အသက် ၇၅ နှစ်မှာ လူကြီးရောဂါနဲ့ သေဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ 
သူဟာ ကမ္ဘာ့တ၀ှမ်း က လူ့အခွင့်အရေးလှုပ်ရှားမှုတွေ မှာ တက်ကြွစွာ ဦးဆောင်ပါဝင်ခဲ့သူ ကမ္ဘာ့ခေါင်းဆောင်တစ်ဦးဖြစ်တယ်။ သူဟာ ချက်လူမျိုးတွေ ကွန်မြူနစ်စနစ်အောက် က လွတ်မြောက်ဖို့ တိုက်ပွဲဝင်ခဲ့တဲ့ ချက် သူရဲကောင်းတစ်ဦးဖြစ်တယ်။
 မြန်မာနိုင်ငံ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး ကို ထောက်ခံ တိုက်ပွဲဝင်ခဲ့ပေးခဲ့တဲ့ ချက်ကိုစလိုဗက်ကီးယား သမ္မတဟောင်း ဗားကလပ် ဟာဗဲလ် ကို ကျနော်တို့ WFWW မှ အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ပြီး၊ အခုလို သေဆုံးသွားမှုအတွက် ချက် ပြည်သူတွေ၊ မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက် သူတွေနဲ့ အတူ ၀မ်းနည်းမိပါကြောင်း။

No comments :