Sunday, 18 December 2011

တင်းမာမှုများ ပြင်းထန်လာနေတဲ့ အီဂျစ် အဓိကရုန်း


"I will go down and fight the army and retrieve the honor of this woman and those martyrs killed for the sake of Egypt's future," taxi driver Ahmed Fahmy told CNN.

-WFWW-

အီဂျစ် လုံခြုံရေး ရဲတပ်ဖွဲ့ နှင့် စစ်တပ် တို့ ၏ လူမဆန်သော ရက်စက်ယုတ်မာမှုများ ကို အီဂျစ်ပြည်သူများက နိုင်ငံတကာ သိအောင် ထုတ်ဖော်ပြလိုက်ပါပြီ။ ပြီးခဲ့တဲ့ သောကြာ ၊ စနေ့နေ့တွေ မှာ ဖြစ်ပွားခဲ့တဲ့ အီဂျစ် စစ်ကောင်စီ ကို ဆန့်ကျင်ဆန္ဒပြပွဲမှာ အီဂျစ် လုံခြုံရေးတပ်ဖွဲတွေရဲ့ လူမဆန်တဲ့ တိုက်ခိုက် အကြမ်းဖက်ခဲ့မှုတွေကြောင့် လူပေါင်း ၅၀၀ ကျော် ဒဏ်ရာ ရ ပြီး၊  ဆန္ဒပြသူ ၁၀ ယောက်ကျော် သေဆုံး ခဲ့တယ်လို့ ကိုင်ရိုက လာတဲ့ သတင်းတွေမှာ ရေးသားဖော်ပြထားကြတယ်။

အများပြည်သူတွေရဲ့ ရှေ့မှာ ဆန္ဒပြသူ အမျိုးသမီး ကို သူမရဲ့ ခန္ဓာကိုယ်တွေ ပေါ်တဲ့ အထိ ရဲလုံခြုံရေးတပ်ဖွဲ့ဝင် အယောက် ၂၀ ကျော် က အကြမ်းဖက် ရိုက်နှက် တိုက်ခိုက်ခဲ့ကြပြီး၊ ဒရွက်တိုက် ဆွဲသွားတာ ကို သတင်းမီဒီယာတွေ မှာ ဖော်ပြထားကြတယ်။   ဒီသတင်းရုပ်ပုံတွေကို နိုင်ငံတကာ သတင်းတွေနဲ့ အာရပ်သတင်းမီဒီယာတွေမှာ လည်း ဖော်ပြခဲ့ကြတယ်။  ဒီလို လူမဆန်တဲ့ လုပ်ရပ်ကို အီဂျစ်ပြည်သူတွေ အတော်လေးမခံမရပ် ဖြစ်နေကြပြီး၊ စစ်ကောင်စီကို ဆန့်ကျင်တဲ့ နောက်ထပ် ဆန္ဒပြပွဲတွေ ကို ဆက်လုပ်သွားမယ်လို့ အတိုက်အခံတွေက ပြောဆိုနေကြတယ်။

အီဂျစ်ပြည်သူတွေကတော့ အီဂျစ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ပြည်သူကို ရန်သူလို အကြမ်းဖက် တိုက်ခိုက်နေကြတယ်။ အကြမ်းဖက်နေတဲ့ အီဂျစ် စစ်ကောင်စီ ရဲ့ လုပ်ရပ် ကို အီဂျစ်ပြည်သူများ က ကမ္ဘာက ပြင်းပြင်းထန်ထန်ရှုံ့ချကြဖို့ တိုက်တွန်းထားပြီး သူတို့ရဲ့ လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို ဆက်လိုက်ထုတ်ဖော် သွားမယ်လို့ ဆိုတယ်။

No comments :