Wednesday, 7 December 2011

ဒါလေးတွေ ဒီလိုရှိတယ်။

 ကျော်ဆန်းတချိန် က ဘီဘီစီ လိမ်နေသည်။ ဗွီအိုအေ ညာနေသည်ဟု ပြောခဲ့သူဖြစ်ပါတယ်။
ဗွီအိုအေ ဟာ ဌာနမှုး တွေဟာ အစဉ်အလာအရ စစ်အစိုးရရဲ့ ကြိုးကိုင်မှုတွေကို ခံရသူတွေ ဖြစ်ပါတယ်။
ဗွီအိုအေ ဌာန၀င်တချို့ ကိုလဲ ကြိုးကိုင်ခံရလေ့ရှိတယ်။ ဗွီအိုအေ ဌာနမှုး ဦးခင်မောင်ဝင်း တာဝန်အနားယူတော့ အမေရိကန်အစိုးရဟာ ဌာနမှုး အသစ်တယောက်ကိုရှာဖို့ တော်တော်ခေါင်းကိုက်
ခဲ့ဘူးပါတယ်။ နအဖ သံရုံးကလက်တန် က သူတို့ ကိုကျော်ပြီး ဗွီအိုအေကိုကိုင်တာကို မခံချိမခံသာဖြစ်
ပါတယ်။ လူရှာတော်ပုံဖွင့်ပါတယ်။  စစ်အစိုးရရဲ့  ဗွီအိုအေအပေါ်ပေါ်လစီက

စစ်အစိုးရကို လေးလေးနက် ဝေဖန်တာတွေကို ရှိရင် ဖေါ့ပြောပေး။
မလေးနက်တဲ့ဟာ တွေဆိုရင် မလွင့်နဲ့   ဆိုတာက စစ်အစိုးရ က ဗွီအိုအေ ကို ပုံမှန်ချပေးနေတဲ့လိုင်း
ဖြစ်ပါတယ်။

စစ်အစိုးရဟာ ပြည်တွင်းသတင်းဌာနတွေကိုချုပ်ကိုင်နိင်ပေမဲ့ ပြည်ပဌာနတွေကို မချုပ်ကိုင်နိင်ဘူး။
ပြည်ပသတင်းဌာနတွေကိုထိမ်းချုပ်နိင်ဖို့ ကတော့ စစ်အစိုးရရဲ့ မဟာဗျူဟာဖြစ်လာတယ်။

၁- သတင်းဌာနထဲကို သူတို့ လူတွေတစတ သွင်းလာတာကိုတွေ့ ရတယ်။
၂- မသွပ်သွင်းနိင်သေးဘူးဆိုရင် ရှိပြီးသားလူတွေကို သူတို့ လူဖြစ်အောင်မွေးလာတာကိုတွေ့ ရတယ်။

အမွေးခံရသူတွေအတွက် ပြန်ရတာကတော့ 
၁- မိသားစုဆွေမျိုးတွေကိုဒုက္ခမပေးဘူး။
၂- ပြည်တွင်းကို ပြန်လည်ချင်ရင် ဗီဇာပေးမယ်နည်းနဲ့  ယခင်က ကိုင်လာတဲ့နည်းဖြစ်ပါတယ်။

ယခု ဗွီအိုအေ ဌာနမှုး ဖြစ်တဲ့ဦးသန်းလွင်ထွန်းက ကျော်ဆန်းကို ခေါ်ယူတွေ့ ဆုံတဲ့ သတင်းဟာ
မြန်မာ အစိုးရအာဘော်သတင်းစာမှာဖေါ်ပြထားပါတယ်။ ဗွီအိုအေဟာ ကျော်ဆန်းကို သတင်းဌာန
အနေနဲ့ တွေ့ တာလား။ တွေ့ ဆုံဆွေးနွေး စေစပ်ရေးသမားတဦးအနေနဲ့ တွေ့ တာလား ဆိုတာ
နှစ်ဖက်စလုံးက ထုတ်ပြန်ခြင်းမရှိတဲ့အတွက် သို့ လောသို့ လော တွေးတောစရာဖြစ်နေပါတယ်။

2 comments :

General Public said...

Dear Ko Moe Thee,

As you claim that we need real journalists, what we (people from Myanmar) really need is real politicians. You can see changes in Myanmar Government yet why can't you change yourself for people? Are you really want contry to grow or you want military to rule forever so that you can live a good life outside Myanmar claiming you cannot go back. I disappointed you by not publishing some of my view on you which is not include any rude or personal comment. I just criticize you for not doing right things for people of Myanmar. Now Government open up your blog in Myanmar and you need to have enough courage to accept people views on you no matter good or bad. If you cannot accept bad yet real comments, you are the same as previous government. We cannot trust you to be leader of our country.

Anonymous said...

မှန်လိုက်သဗျ..ဒီမိုကရေစီရေး...လူ့အခွင့်အရေးတိုက်ပွဲဝင်သူအားလုံးသတိထားစရာပါ