Tuesday, 20 December 2011

ကင်ဂျုံအီ သေပြီ ( ဇော်ဝင်း - နယူးယောက်)

ကင်ဂျုံအီ သေပြီ

မကောင်းမှုတွေ ရဲ့ ထိပ်ခေါင်
မြောက်ကိုရီးယား က အာဏာရှင်ခေါင်းဆောင်
ကင်ဂျုံအီ ဆိုတဲ့ ငနဲကို
ရှင်သေမင်း က ခေါ်လေပြီ။

သေနပ်ပြောင်းဝမှာအာဏာတည်စေ
ပြည်သူတွေကိုလက်နှက်နဲ့ဖိ
နားမျက်စေ့တွေပိတ်ပြီး
စစ်တပ်နဲ့မင်းမူဆိုးသွမ်းခဲ့ပေမဲ့
သေမင်းကိုမလွန်ဆန်နိုင်
အခုတော့ ဈာပနဖြစ်ပြီ။

နိုင်ငံက နျူကလီယား ပိုင်ပေမဲ့
လူထုမှာ စားရမဲ့ မျက်နှာမွဲနဲ့
လွတ်လပ်မှုမှန်သမျှပိတ်ဆို့
အမှန်တရား အမှန်စကားတွေကိုပိတ်ဆို့
လူထုကိုဖိနှိပ် စစ်တပ်နဲ့အောင်ပွဲခံ
ကွန်မြူနစ် စနစ်နဲ့ နိုင်ငံကိုပြုစား
 နျူကလီယား စွမ်းအားနဲ့ ကမ္ဘာကို လှည့်စား
ကိုယ်ကျိုးကိုသာ တွင်တွင်ဖန်တည်းပြီး
အယူမမှန်တာတွေကိုသာ ပလူပျံအောင် ဝါဒဖြန့်ခဲ့သူ။

ရုပ်ခန္ဓာ သာ ရပ်ပေမဲ့ သူ့စိတ်ဓါတ် နဲ့ သူ့လုပ်ရပ်ကအထင်းသား
အာဏာရှင်တွေ အာဏာရှင်တွေ မျက်လုံးမှိတ်ဖို့တောင် စိတ်မချနိုင်ကြ
နိုင်ငံကို အုပ်ချုပ်ဖို့ သူ့သွေးသားကိုမှ ကြိုတင်အာဏာလွှဲခဲ့သတဲ့
အမျိုးကို တကယ်ချစ်တပ်တဲ့ ကိုရွှေမျိုးချစ်တွေပါကလား
ဖခင် ကင်အီဆွန်း က သား ကင်ဂျုံအီ
ဖခင် ကင်ဂျုံအီ က သား ကင်ဂျုံဝန်း သို့ အာဏာကို လက်ဆင့်ကမ်း
အာဏာရှင်မျိုးဆက် တည်တံ့ရေးသာ အလေးထားကြတဲ့
အာဏာဘီလူး အာဏာရူးတွေ ပါတကား။

မြောက်ကိုရီးယား တပ်မတော်ရေ
အာဏာရှင် ကို မရှိခိုးကြနဲ့တော့
တဦးတယောက် ကို ဒူးမထောက်ကြနဲ့တော့
အမျိုးသားတွေကို ဆန့်ကျင်ပြီး
အမျိုးသားချင်းစစ်တွေ မခင်းကြနဲ့တော့
အာဏာရှင်တွေအတွက် အသေမခံကြနဲ့တော့
ညစ်ပတ်သည့် တပ်မတော် အဖြစ်မခံကြနဲ့တော့
ပစ်ခတ်သည့် တပ်မတော် အဖြစ်မခံကြနဲ့တော့
ကိုရီးယား နှစ်နိုင်ငံပေါင်းပြီး ကိုရီးယား ပြည်သူ့တပ်မတော်ထူထောင်ကြတော့
လွတ်လပ်တဲ့ ကိုရီးယားဒီမိုကရေစီ နိုင်ငံအဖြစ်ထူထောင်ကြပြီး  
အောင်ပွဲလီလီ ပန်ချီလို့ အောင်ပွဲဆင့်ဆင့်ရစေသတည်း။

ဇော်ဝင်း
(ခေတ္တ- မဲဆောက်)
ဒီဇင်ဘာ ၁၉ ၂၀၁၁ တနင်္လာနေ့

No comments :