ကင်ချုံအီး
အသုဘ ကမဌာန်း
စကားဦး- ကင်ချုံ အီး အသုဘ ကိုကမဌာန်းရှု့ ရင် တရားကျစရာတွေရမယ်။ နယူကလီးယားလက်နက်ပိုင်ရင်သူကိုလူတွေကရိုသေလာမယ်ထင်တယ်။ လက်တွေမှာတော့သူလဲ နယူကလီးယားဗုံးတွေကို
မဆင်မခြင်သွားကြည့်တဲ့အတွက်နယူးကလီးယားဓါတ်ရောင်ခြည်သင့်ခဲ့တယ်။ မြောက်ကိုရီးယားလူထုလည်း ငတ်မွတ်ခေါင်းပါး
မှုတွေကိုရင်ဆိုင်ခဲ့ရတယ်။
အမေရိကန်
ကွန်ဂရက်အမတ် ဂျွန်မက်ကိန်းကတော့ ကင်ချုံအီးမရှိတဲ့ကမ္ဘာက ပိုကောင်းလာပြီလို့ဆိုပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးရဲ့ အသုဘ က မသာခေါင်းလောင်းသံကတော့ ကြပ်ပြေးစစ်အုပ်စုအတွက်
မကောင်းဆိုးရွားသံဖြစ်လာခဲ့ပါပြီ။ အထူးသဖြင့် နယူးကလီယားလက်နက်ပိုင်ထားမှ
နိင်ငံတော်လုံခြုံရေးအတွက် စိတ်အေး ရမယ်ဆိုတဲ့ သီအိုရီကို ကင်ချုံအီး
အခေါင်းထဲထည့်ပေးလိုက်ကြရပါပြီ။
ဟီလာရီကလင်တန် မြန်မာကို မြောက်ကိုရီးယား နဲ့ဝေးဝေးနေဖို့အတိအလင်းသတိပေးခဲ့တယ်။
ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းက နယူးကလီး ထုတ်လုပ်ဖို့ ရည်ရွယ်
ချက်မရှိပါဘူးလို့ဝန်ခံထားတယ်။ ဒါကြောင့် နယူကလီးယားလက်နက် ထုတ်လုပ်ခြင်းပိုင်ဆိုင်ခြင်းဟာ
နိင်ငံတော်လုံခြုံရေး ကို တကယ်မပေးနိင်ဘူး။ တိုင်းပြည်ကို ဘေးဒုက္ခအပေါင်းနဲ့ သာရင်ဆိုင်ရတယ်ဆိုတဲ့ဥပမာကို
ကင်ချုံအီး အသက်နဲ့ လဲပြလိုက်ခြင်းဖြစ်ပါတယ်။ ကင်ချုံအီး အသုဘ ကမဌာန်း ရှူ့
ကြပါလို့  တိုက်တွန်းချင်တယ်။
ကင်ချုံအီး
မရှိတဲ့နောက်-မြောက်ကိုးရီယားဟာ ဘာရခဲ့သလဲ။ အဖြေကတော့ ဘာမှမရဘူး။
မြောက်ကိုးရီးယားရဲ့  ဘ၀ဟာ လမ်းဆုံးကိုရောက်နေပါပြီ။
ဆရာကြီး
မက်ခီရာဗယ်လီ က “A Prince should have two fears: one internal concerning
his subjects; the other, external, concerning foreign power”
တိုင်းပြည်အုပ်ချုပ်မင်းလုပ်ချင်တဲ့
အိမ်ရှေ့မင်းသားမှန်ရင် ကြောက်ရမဲ့ဟာနှစ်မျိုးရှိတယ်။ “တမျိုးက ပြည်တွင်းရေးပြဿနာ၊
နောက်တမျိုးက ပြည်ပရန်ပဲ တပည့်တို့” လို့ ဆိုဆုံးမခဲ့တဲ့စကားလေးကို မမေ့ဘူးဆိုရင်ဖြင့်
ဒီနေ့မြောက်ကိုရီးယား (မြန်မာ လည်းအလားတူ) ဟာ ပြည်တွင်းပြဿနာ၊
ပြည်ပရန်တွေတပုံတခေါင်းကြီးကိုဆက်လက်ရင်ဆိုင်နေရခြင်းဖြစ်ပါတယ်။
ပြည်တွင်းပြဿနာက
တခြားမဟုတ်။ ဒုဗ္ဘိက္ခန္တရ ကပ်ဆိုက်မှုပဲဖြစ်တယ်။ ၁၉၉၅-၉၇ ခုနစ်မှာ
တနိင်ငံလုံးသရောကြီးခိုင် ဖြစ်ခဲ့တယ်။ လူတသန်းကျော်ငတ်မွတ်ခေါင်းပါးပြီးသေဆုံးခဲ့ရတယ်။
အဟာရချို့တဲ့လွန်းသွားတဲ့အတွက် ကလေးတွေက ပိန်လှီပြီး ဂီလာနမျိုးဆက်လို့မှတ်တမ်းတင်ခံရတဲ့အထိဖြစ်ခဲ့တယ်။
၂၀၀၈ ခုနစ် အမေ ရိကန်ထောက်လှမ်းရေးကောင်စီ (U.S National Intelligence Council
Study) အစီရင်ခံစာမှာ မြောက်ကိုရီးယားနိင်ငံက ကလေးတ၀က်ဟာ ရှိသင့်တဲ့ ခန္ဓာကိုယ်အလေးချိန်မရှိကြဘူး။
အရွယ်ရောက်သူတွေရဲ သုံးပုံနှစ်ပုံကတော့ လုံလောက်တဲ့အဟာရမရှိကြဘူး။ သွေးအား နည်းရောဂါ
(anemic) လူတိုင်းနီးပါးမှာဖြစ်နေကြတယ်။ စီးပွားရေးကချွတ်ခြုံကြနေတယ်။
နိင်ငံတော်ရဲ့ ၀င်ငွေအများစု ဟာစစ်အင်အားတိုးချဲ့မှုမှာပဲသုံးစွဲခဲ့တယ်။ ဒီတော့
ပြည်တွင်းမှာရင်ဆိုင်နေရတဲ့ပြဿနာ အငတ်ပြသနာ။ လောင်စာပြတ် တောက်မှုပြဿနာဖြစ်နေတယ်။
ဒီလိုငတ်ပေမဲ့လဲ ငတ်လို့ထချမယ်တော့ မအောင်းမေ့လိုက်ပါနဲ့ မချကြဘူး။ တိုက်ပြီး အသေခံမလား၊
ငတ်ပြီးအသေခံမလားဆိုရင်တော့၊ ဒုတိယလမ်းကိုလူတိုင်းရွေးကြတယ်။ ဘာဖြစ်လို့လဲဆိုတော့
မြောက် ကိုရီးယားမှာ တတိယလူတန်းစားက လုံးဝမရှိဖြစ်နေတယ်။ မြန်မာပြည်မှာက
နည်းနည်းလေးရှိသေးတယ်။ နိင်ငံရေး လှုပ်ရှားမှုတွေကိုဦးဆောင်လေ့ရှိတဲ့တတိယလူတန်းစား
မရှိအောင်လဲ- မြောက်ကိုးရီုးယားကလုပ်ထားပါတယ်။ ပုန်ကန် ဖို့ကြံရွယ်လာရင်-
ပြစ်ဒဏ်အလေးအပေါ့ပေါ်မူတည်ပြီး ဝေဖန်ရှုတ်ချခံရခြင်း၊ အဖမ်းခံရခြင်း၊ ငြိမ်းခြောက်ခံရခြင်း၊
နှိပ်စက် ခံရခြင်း၊ သတ်ပြစ်ခြင်းတွေကို ခံရမှာဖြစ်တယ်။ ပြည်သူတွေကထပြီးပုန်ကန်ဖို့
လောလောဆယ်မလွယ်သေးပေမဲ့ ပုန်ကန် စေနိင်တဲ့ ပြဿနာကတော့ရှိနေတယ်။ ဒါကတော့ အငတ်ပြဿနာဖြစ်တယ်။
ငတ်မွတ်လာမှုကို ဘယ်လောက် သူတို့ ခံနိင်ရည်ရှိသလဲ။ ပုန်ကန်နိင်ဖို့အခွင့်အလမ်း ပေါ်လာရင်တော့
ကိုရီးယားပြည်သူတွေဟာ အခွင့်အလမ်းကို ဆုပ်ကိုင် ကြမှာ မလွဲဖြစ်ပါတယ်။
မြောက်ကိုရီးယားရင်ဆိုင်နေရတဲ့
ပြည်ပရန်ကတော့ ကိုယ်ဖါသာကိုယ်ရှာထားတဲ့ ရန်ပါ။ ကိုယ်ဖေါ်ထားတဲ့ဆေး ကိုယ်ပြန် ဒုက္ခများနေတာပါ။
ဆေးကတခြားမဟုတ်။နယူကလီးယားလက်နက်။ ဒီလက်နက်ကိုပိုင်ဆိုင်မှုရလာမယ်ဆိုရင် နိင်ငံတကာ အသိမှတ်ပြုဆက်ဆံလာမယ်လို
့ယူဆတယ်။ လက်တွေ့ ဖြစ်မလာဘူး။
မနေ့ကပဲ
သမတအိုဘားမားက နိင်ငံတကာဥပဒေကိုလေးစားလိုက်နာဖို့တောင်းဆိုလိုက်ပါတယ်။ အဓိပ္ပါယ်ကတော့
နယူး ကလီးယားလက်နက်တွေကိုဖျက်သိမ်းခိုင်းလိုက်တာပါ။ နိင်ငံတကာသံတမန်လောကကို လက်နက်တကားကားနဲ့မလာ
ဖို့ သတိထပ်လောင်းပေးလိုက်ခြင်းဖြစ်ပါတယ်။
ရန်နိင်ထိုးခွင်ပေါင်းမှာထိုးနှံခဲ့ပေမဲ့ရန်သူကများနေတယ်။
အမေရိကန်၊ ရုရှား၊ တရုပ်၊ ဂျပန် နဲ့ တောင်ကိုရီးယားတို့က
ကိုရီးယားကမ်းရိုးတန်းကမဟာဗျူဟာကျမှုကိုအလေးထားနေကြတယ်။ အမေရိကန်တပ်ဖွဲ့
သုံးသောင်းခုနစ်ထောင်ကျော် တပ်စွဲထားတယ်။
အရှေ့ဖက်မှာဂျပန်ရှိတယ်။
စီးပွားရေးအရမြောက်ကိုရီးယားထက်သာလွန်နေတယ်။ ရာဇ၀င်သမိုင်းမှာ ဂျပန်က ကိုရီးယား
ကို ကျူးကျော်ထားခဲ့ဘူးတဲ့ရန်စကရှိခဲ့ဘူးတယ်။ အောက်မှာက တောင်ကိုရီးယားရှိနေတယ်။
တောင်ကိုရီးယားရဲ့  ဂျီဒီပီက မြောက်ကိုရီးယားထက် အဆ ၂၀ သာလွန်နေတယ်။ လူဦးရေက
နှစ်ဆသာတယ်။ စစ်သားတွေကို ၀၀လင်လင် ထောက်ပံ့ ထားတယ်။ တောင်ကိုရီးယားစစ်တပ်က မြောက်ကိုရီးယားစစ်တပ်ထက်
ခေတ်မှီတယ်၊ လေ့ကျင့်မှုကောင်းတယ်လို့ နိင်ငံ တကာ စစ်ရေးအကဲဖြတ်တွေကအသိမှတ်ပြုထားတယ်။
အမေရိကန်ရဲ့ဗျူဟာက
မြောက်ကိုရီုးယားကို တိုက်ရိုက်ကျူးကျော်မှုထက် ၀ိုင်းပတ်ထားပြီးပြိုကျသွားရေးဗျူဟာ
ကို တလျောက်လုံးကျင့်သုံးခဲ့တယ်။ စီးပွားရေးပိတ်စို့ထားတယ်။ စပါးကြီးမြွေလိုညစ်ဗျုဟာ(Anaconda
Choke) လုပ်ထားမှုကို မြောက်ကိုးရီးယားခံနေရတယ်။
မြောက်ကိုရီးယားမှာ
ကင်အီစွန်း(Kim Il Sung- ဖခင်) ၊ ကင်ချုံအီး
(သား)၊ ကင်ချုံအွန်း (မြေး) မင်းဆက်သုံးခု မြောက်ခဲ့ ပြီ။ ပြည်တွင်းပြည်ပရန်က
မကာကွယ်နိင်ပဲ အထီးကျန်ဘ၀နဲ့ နှစ်ပေါင်းများစွာနေခဲ့ရတယ်။ မြောက်ကိုးရီးယားဟာ ကင်ချုံအီး
သေဆုံးသွားတဲ့အတွက် လမ်းဆုံလမ်းခွ ကိုရောက်လာပြီလို့ ဆိုရမယ်။ အဆုံးဖြတ်တခုကိုလုပ်ကြရတော့မှာပါ။
ကင်ချုံအီးက သူ့သားကို အလွန်တော်တဲ့ ရဲဘော် ( Brilliant Comrade) လို
့သမုတ်ပေးခဲ့တယ်။ ကင်ချုံအွန်းအထက်က အကိုနှစ်ယောက်ကိုကျော်ပြီးသူ့ကိုအာဏာပေးခဲ့တယ်။
အကြီးတွေက အာဏာကိုမလိုချင်ကြဘူးလို့ဆိုတယ်။ဒါက စဉ်းစား စရာဖြစ်တယ်။ ပြဿနာကြီးမှုကိုတွက်မိနိင်သလားလို့ယူဆနိင်စရာရှိတယ်။
မြောက်ကိုရီးယားနိင်ငံရေးတခုလုံးက ကင် ဆွေမျိုးတွေက အဓိကချုပ်ကိုင်ထားကြတာပါ။
မြောက်ကိုရီးယား အာဏာဆင်းသက်ပုံဇယားက ခုလိုပါ။
၁-
ကင်အီစွန်း (Kim Il Sung- အဖိုး-ကွယ်လွန်)
၂-
ကင်ချုံအီး (သား- ကွယ်လွန်)
၃-
ကင်ချုံအွန်း (မြေး-လက်ရှိ)
၎-
ကင်ယွန်ဝေး (Kim Kyong Hui ) အဒေါ်- ကင်အီစွန်းညီမ။ ကြယ်လေးပွင့်ဗိုလ်ချုပ်
လက်ရှိအာဏာ။
၅-
ဂျန်စွန်တိတ် (Jang Song Taek) ဦးလေးတော်သူ။( ကင်ယွန်ဝေးယောက်ကျား)
နိင်ငံတော်လုံခြုံရေး နဲ့ ကာကွယ်ရေး ကောင်စီ ။ (ကာလုံ)မှာဒုတိယဥက္ကဌ
တာဝန်ယူထားဆဲဖြစ်တယ်။ ကင်ချုံအီးရဲ ညာလက်ရုံးဖြစ်တယ်။
သူနေရာကိုဆက်ခံဖို့အရွေးခံထားရတဲ့
အသက် ၂၇ နှစ်မျှသာရှိသေးတဲ့ သူ့ သားငယ်ဟာဆက်လက်ရင်ဆိုင်ရမှာဖြစ်တယ်။
အလုပ်သမားပါတီထဲမှာ၊
တပ်ထဲမှာ သူတို့အပိုင်အနိင်ကိုင်ထားနိင်ပေမဲ့ အငတ်ပြဿနာကတော့ ဆွေစဉ်မျိုးဆက် ဖြေရှင်း
လို့မရတဲ့ပြဿနာဖြစ်လာတယ်။ ကင်ချုံအီး အသုဘကို ကြပ်ပြေးက ဗိုလ်ချုပ်တွေ ကမဌာန်း ရှူ
့နေကြသလို နိင်ငံတကာ ဇာတ်ကောင်တွေကလည်း ကင်ချုံအီးအသုဘကမဌာန်းကိုရှူ့နေကြပါတယ်။
သူနေရာကိုဆက်ခံတဲ့ သူ့သားဟာ ဆယ် ကျော်သက်မျှသာရှိနေတယ်။
ရှုပ်ထွေးပွေလီလှတဲ့နိင်ငံတော်နဲ့နိင်ငံသားဆိုတဲ့ သမူဟပြုနိင်မှုကို လေးနက်မှု ဘယ်လောက်
ရှိသလဲဆိုတာ၊ အာဏာနဲ့ တာဝန်ရှိမှုကို သိပါရဲ့လား။
နယူကလီးယားလက်နက်နဲ့ငြိမ်းချမ်းရေးဆိုတဲ့ပဋိပက္ခတရားရဲ့ပေါင်းစည်းမှုဆုံချက်ကိုသူလေးနက်မှုရှိသလားဆိုတာ နိင်ငံ တကာက စောင့်ကြည့်နေကြပြီဖြစ်တယ်။
ဒီထက်ပိုပြီး ဟောကိန်းထုတ်ပေးရရင်တော့ နိင်ငံတကာမြောက်ကိုးရီးယားကို စိတ်ပူလာပြီ။
အရင်လိုထားလို့မရတော့ဘူး။ ဆူပါပါဝါရဲ့မျက်လုံးအောက်မှာ ရင်တမမနဲ့
စောင့်ကြည့်ခံလာရတော့မယ့် အခြေအနေကိုဆိုက်ရောက်လာပြီ။ အမေရိကန်နဲ့မဟာမိတ်တွေဟာ
အခွင့်အလမ်းကောင်းကို စောင့်ဆိုင်းနေကြသလို ဖြစ်နေပါတယ်။
ကင်ချုံအွန်း အကိုင်အတွယ်မှားရင်တော့သူဟာ ကဒါဖီလိုဖြစ်သွားနိင်ပါတယ်။
မိုးသီးဇွန်
No comments :
Post a Comment