ချိုမိုင်မိုင် ဇာတ် ကနေတဲ့ တမတ်သား လွှတ်တော် ဥက္ကဌ ကြီး
ကိုမိုးသီးရေ-
အပြော ကတော့ရွှေမန်း၊
အက ကတော့ ချိုမိုင်မိုင် ဖြစ်နေတဲ့ ပြုံယမ်းပြန် တမတ်သား လွှတ်တော် ဥက္ကဌ ကြီး ရဲ့ သတင်းစာ
ရှင်းလင်းမှု အသံဖိုင် ကို ဝေမျှပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ တမတ်သား လွှတ်တော် ဥက္ကဌ
ကြီး က လုပ်သင့် လုပ်ထိုက်တာတွေ နဲ့ ပြည်သူ
ကို ပညာပေးဖို့ မီဒီယာ က လည်း ကူညီပေးပါဆိုလို့ မီဒီယာ ကပဲ ပြည်သူ့ အသံ အစစ်အမှန်တွေ သိအောင် အခုလို WFWW ကနေတဆင့် ဖော်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
တမတ်သား လွှတ်တော်
ဥက္ကဌ ကြီး ခင်ဗျား- ပြည်သူ့ အသံ အစစ်အမှန်
ကို တမတ်သား လွှတ်တော် မှာ ကြားရမှာ မဟုတ်ဘူး။ ဘာဖြစ် လို့လည်း ဆိုတော့ စစ်တပ် က တမတ်သားယူထားလို့
စစ်တပ် က အသံပဲကြား ရမှာဖြစ်ပါတယ်။
တမတ်သား လွှတ်တော်
ဥက္ကဌ ကြီး ခင်ဗျား- ဒီမိုကရေ
စီလမ်းကြောင်း ကို သွားမယ်ပြောပြီး၊ ဘာကြောင့် သူရဲဘောကြောင် စွာ လွှတ်တော် မှာ မတရားတဲ့
ဥပဒေနဲ့ စစ်တပ် က တမတ်သား ယူထားသလဲ ဆိုတဲ့ ပြည်သူရဲ့ အသံ၊ ပြည်သူရဲ့ မေးခွန်း ကို ဖြေဆိုပေးပါ။ ပြည်သူ က မေးနေကြတယ်။ တမတ်သား လွှတ်တော် ဥက္ကဌ ကြီး ကိုယ်လျှောက်တဲ့ လမ်းကြောင်း၊
ကိုယ် မယုံမကြည် ဖြစ်နေပါလားလို့ မေးနေကြတယ်။
တမတ်သား လွှတ်တော်
ဥက္ကဌ ကြီး ခင်ဗျား- ဒီမိုကရေစီ
လမ်းကြောင်း သွားမယ် ဆိုပြီး၊ မီဒီယာ၊ သတင်းစာ၊
တီဗွီတွေ ကို အခုထက်ထိ သိန်းစိန် တမတ်သား အစိုးရ
က ဘာကြောင့် ဆက်လက်ထိမ်းချုပ်နေသလဲ ပြည်သူတွေ က မေးခွန်းထုတ်နေကြတယ်။ ဒီမိုကရေစီ ကို
အကာအကွယ်ပေးဖို့ မှာ သတင်းမီဒီယာတွေ ဟာ လွတ်လပ်မှုရှိဖို့ လိုပါတယ်။
တမတ်သား လွှတ်တော်
ဥက္ကဌ ကြီး ခင်ဗျား- တိုင်းပြည်မှာ
အာဏာရှင် ထပ်မပေါ်ချင် ပါဘူး၊ အာရပ် နိုင်ငံ မှာ ဖြစ်ပွားခဲ့တဲ့ အာဏာရှင်တွေရဲ့ ဇတ်သိမ်းခန်းလို
မဖြစ်ချင်ပါဘူး လို့ ပြောတယ်။တမတ်သား လွှတ်တော် ဥက္ကဌ ကြီး ကို ပြောချင်တာကတော့ စစ်တပ်
က စစ်တပ် အလုပ် လုပ်ပါ။ နိုင်ငံရေး လာ မပက်သက် ဖို့ စစ်ဦးစီးချုပ် ရာထူး ကို လည်း သက်တမ်းတခု (လေး နှစ်-ခြောက်နှစ် ) ပဲထမ်းဆောင်ခွင့်ပြု
ဖို့ လွှတ်တော် မှာ ဥပဒေ တရပ် အနေနဲ့ တင်သွင်းဖို့ ပြည်သူ က လိုလားတယ်။
တမတ်သား လွှတ်တော်
ဥက္ကဌ ကြီး ခင်ဗျား- တကယ်ပဲ တိုင်းပြည်
မှာ ပညာရေး ကို လိုလို လားလား တိုးတက်အောင် အားပေးချင်တယ်ဆိုရင် အခြေခံ အဆင့် ပညာရေး ( ဆယ်တန်း ) မအောင်တဲ့ သူတွေ ကို စစ်ထဲ ၀င်ခွင့်
မပြုတဲ့ ဥပဒေ လွှတ်တော် မှာ တင်သွင်းဖို့ ပြည်သူက လိုလားတယ်။
ကဲ…လုပ်သင့်
လုပ်ထိုက် တာတွေ ကို သိချင်ပါတယ် ဆိုတဲ့ တမတ်သား လွှတ်တော် ဥက္ကဌ ကြီး ပြည်သူတွေ ကတော့
လုပ်သင့်လုပ်ထိုက်တာတွေ ပြောဆိုနေပြီ။ အပြော ကတော့ရွှေမန်း၊ အက ကတော့ ချိုမိုင်မိုင်
မဖြစ်ဖို့ လိုတယ်။
ရန်ကုန်သား
3 comments :
ဒီတစ်မတ်သားက ခင်ဗျားထက်တော့ ပိုတော်မှာပါ
တမတ်သား လွှတ်တော် ဥက္ကဌ ကြီး ခင်ဗျား- တိုင်းပြည်မှာ အာဏာရှင် ထပ်မပေါ်ချင် ပါဘူး၊ အာရပ် နိုင်ငံ မှာ ဖြစ်ပွားခဲ့တဲ့ အာဏာရှင်တွေရဲ့ ဇတ်သိမ်းခန်းလို မဖြစ်ချင်ပါဘူး လို့ ပြောတယ်။တမတ်သား လွှတ်တော် ဥက္ကဌ ကြီး ကို ပြောချင်တာကတော့ စစ်တပ် က စစ်တပ် အလုပ် လုပ်ပါ။ နိုင်ငံရေး လာ မပက်သက် ဖို့ စစ်ဦးစီးချုပ် ရာထူး ကို လည်း သက်တမ်းတခု (လေး နှစ်-ခြောက်နှစ် ) ပဲထမ်းဆောင်ခွင့်ပြု ဖို့ လွှတ်တော် မှာ ဥပဒေ တရပ် အနေနဲ့ တင်သွင်းဖို့ ပြည်သူ က လိုလားတယ်။
တမတ်သား လွှတ်တော် ဥက္ကဌ ကြီး ခင်ဗျား- တကယ်ပဲ တိုင်းပြည် မှာ ပညာရေး ကို လိုလို လားလား တိုးတက်အောင် အားပေးချင်တယ်ဆိုရင် အခြေခံ အဆင့် ပညာရေး ( ဆယ်တန်း ) မအောင်တဲ့ သူတွေ ကို စစ်ထဲ ၀င်ခွင့် မပြုတဲ့ ဥပဒေ လွှတ်တော် မှာ တင်သွင်းဖို့ ပြည်သူက လိုလားတယ်
yes , it is so true!!!!
This 25% can support DASSK.
What can Moethee and the other Burmese activists living outside of the country can't do it.
Post a Comment