Sunday, 4 December 2011

ကမ္ဘာကျော် ဘရာဇီး ဘော်လုံး သမား ဆိုကရေးတီး ကွယ်လွန်

 Football Legend Socrates dies


-ဖိုးထောင် -
( ဖဆပလ) 


ဆိုကရေတီး ကို ကမ္ဘာ့ ဘော်လုံး လောက မှာ လူသိများလာတာက ၁၉၈၂ ခုနှစ် ကမ္ဘာ့ဘော်လုံးဖလားပွဲမှာ ဘရာဇီးအသင်းရဲ့ ခေါင်ဆောင် ဖြစ်ပြီး၊ အနိုင်ဂိုးတွေ ကိုလည်း သွင်းယူခဲ့သူဖြစ်တယ်။  ဆိုကရေတီးဟာ ၁၉၈၂ ခုနှစ်  စပိန် နှင့် ၁၉၈၆ ခုနှစ် မက္ကဆီကို မှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲ တွေ မှာ ပါဝင်ခဲ့ပေမဲ့  ကံမကောင်းစွာ ပဲ သူဦးဆောင်ခဲ့တဲ့ ဘရာဇီးအသင်းဟာ ကမ္ဘာ့ချန်ပီယံ မရ ခဲ့ဘူး။

ရိုဆီ၊ ဇစ်ကို၊ မာရာဒိုနာ တို့နဲ့ အတူ ခေတ်ပြိုင်  ဘော်လုံးသမားဖြစ်ခဲ့ပြီး၊ ကမ္ဘာ့ဖလား ပွဲတွေ မှာ လူကြိုက်များတဲ့ ဘော်လုံးသမား တယောက်ဖြစ်ခဲ့တယ်။

 ဆိုကရေတီးဟာ လူတံတိုင်းလို ကာကွယ်ထားတဲ့ ပြစ်ဒဏ်ဘော် တွေ မှာ ဓားကောက်ကွေး လို ကန်ပြီး ဂိုးသွင်းယူနိုင်တဲ့ ဘော်လုံးသမားတယောက် အဖြစ် လည်း ဇစ်ကို နဲ့အတူ နာမည်ကျော်ခဲ့တယ်။ သူသေဆုံးတဲ့ အချိန်မှာ အသက် ၅၇ နှစ် သာရှိသေးတယ်။

No comments :