Wednesday 28 December 2011

ဆေးဝန်ထမ်းတွေ တာဝန်မဲ့ မှု သတင်း


တွံတေးဆေးရုံကြီးက ဆေးရုံအုပ်နဲ့ တာဝန်ကျ ဆရာမတွေ ပေါ့ဆလို့ မြွေကိုက်ခံရတဲ့ ကျောင်းသားလေး ဆုံးပါးသွားရတယ်လို့ အီးမေးလ်ကနေတဆင့် ရေးသားပေးပို့လာတဲ့ စာပါ။
ပေးပို့လာတဲ့အတိုင်း ဖော်ပြပေးလိုက်ပါတယ်။ရန်ကုန်တိုင်း၊ တွံတေးမြို့၊ ကျွန်းတောရပ်ကွက်၊ ကန်သာယာ ၁၄ လမ်းတွင်နေထိုင်သော မောင်ဇော်ဇော်ဦး အသက်(၁၀)နှစ် ပဉ္စမတန်းကျောင်းသားလေးသည် တွံတေးဆေးရုံမှ ဆေးရုံအုပ်ဒေါက်တာ ဦးကြူခိုင်နှင့် တာဝန်ကျဆရာမများ၏ ပေါ့ဆမှုကြောင့် သေဆုံးခဲ့ရပါသည်။
ဖြစ်စဉ်မှာ ၂၃ ရက်နေ့ ညနေ ၇နာရီခန့်တွင် မောင်ဇော်ဇော်ဦး အဘဦးသန်းဦး အမိဒေါ်အေးအေးမြသည် မြွေကိုက်ခံရသောကြောင့် ဆရာဝန်ကြီး ဦးကြူခိုင်၏ ဆေးခန်းသို့ သွားရောက်ကုသခဲ့ပါသည်။ ဆရာဝန်ကြီးက ဂလူးကို့စ်တစ်လုံးချိတ်ပေးပြီး တွံတေးဆေးရုံသို့ စေလွှတ်ခဲ့ပါသည်။ ဆေးကုသခ (၅၀၀၀)ကျပ်ယူပါသည်။

၇နာ၇ီခွဲလောက် ဆေးရုံရောက်ပါသည်။ တာဝန်ကျဆရာမ မှ လူနာစာရင်းယူထားပြီး ဘာမှမလုပ်ပေးပါ။ ကလေးဗိုက်အောင့်တယ် ခေါင်းလဲမူးနေတယ်လို့ အကြောင်းကြားတဲ့အခါ ဗိုက်အောင့်ပျောက်ဆေး ထိုးပေးထားတယ်လို့ ပြောပါတယ်။ ကလေးက ရေငတ် ရင်ပူဖြစ်တော့ ရေတိုက်လို့ရလား မေးတဲ့အခါ တိုက်လို့ရတယ်ပြောပါတယ်။ ကလေးက ခဏအတွင်းရေ ၃ ဗူးကုန်အောင် သောက်ပါတယ်။ ပြီးတော့ ကလေးက ခေါင်းမူးပြီး အန်ပါတယ်။ သွားအကြောင်းကြားတဲ့အခါ အဖြစ်သဲမနေနဲ့ လိုအပ်ရင်လုပ်ပေးမယ် မလိုအပ်လို့ မလုပ်ပေးတာ ဖြုတ်တန်ဆာအနာမလုပ်နဲ့လို့ အော်လွှတ်ပါတယ်။ ည ၂နာရီမှာ ကလေးက မျက်လုံးတွေ ဖေါင်းအစ်လာပါတယ်။ သွားအကြောင်းကြားတဲ့အခါမှာ ဘာမှ မဖြစ်ဘူး ဆီးမသွားလို့အစ်တာ၊ ဆီးသွားရင်ကောင်းသွားလိမ့်မယ် ဆီးနမူနာ ယူလာခဲ့လို့ ပြောပါတယ်။ ဆီးနမူနာသွားပို့တဲ့အခါ ဆရာမ မှ စားပွဲပေါ်တင်ထားခဲ့လို့ ပြောပါတယ်။
ကလေးရဲ့ မိခင်ဖြစ်သူလည်း စားပွဲပေါ်ကို ဆီးနမူနာ ပုလင်းတင်ပေးပြီး ပြန်လာခဲ့ပါတယ်။ မနက်ကျမှ ဆရာမ မှ ဆီးနမူနာ ဘယ်မှာလဲလို့မေးပါတယ်။ သူဆီးကိုမစစ်ဘူးဆိုတာ ထင်ရှားပါတယ်။ ၂၄ ရက်မနက် ၈ နာရီမှာမှ ဖြေဆေးထိုးပေးပါတယ်။ အဲ့ဒီအချိန်မှာ ကလေးဟာ ကယောင်ကတန်းနဲ့ သတိရတစ်ချက် မရတစ်ချက် ဖြစ်နေပါပြီ။ ဆရာဝန်ကြီး မနက် ၇း၁၅ လောက် ရောက်လာပါတယ်။ သွေးပေါင်ချိန်ကြည့်ပြီး ရန်ကုန်ဆေး၇ုံ သွားပါလို့ပြောပါတယ်။ ဂလူးကို့စ်ထပ်ချိတ်ပြီး ရန်ကုန်ကို လွှဲစာရေးပေးပါတယ်။ ဆေးစာမှာဖြေဆေး ၃ လုံးထိုးပေးတယ်လို့ရေးပါတယ်။
ရန်ကုန်ဆေးရုံမှတစ်ဆင့် ကလေးဆေးရုံကို ဆက်လွှဲပါတယ်။ ကလေးဆေး၇ုံမှာ စစ်ဆေးတဲ့အခါမှာ ကလေးဟာ ကျောက်ကပ်ထဲမှာ မြွေဆိပ်တွေရောက်နေပါပြီ။ လုရတော့မယ် အတတ်နိုင်ဆုံးလုပ်ပေးမယ် ဟု ကလေးဆေးရုံမှ ဆရာဝန်များက ပြောပါတယ်။ ဒါပေမဲ့ သနားစရာ ကလေးငယ်လေးဟာ ၂၅ ၇က်နေ့ည သန်းခေါင်ကျော် ၂၆ ၇က်နေ့မနက် ၁ နာရီ ၅ မိနစ်မှာ သေဆုံးသွားခဲ့ရပါတယ်။ ဒါဟာ တွံ့တေးဆေးရုံမှ ဆရာဝန်များနဲ့ တာဝန်ကျဆရာမတွေ၇ဲ့ ပေါ့လျှော့မှုကြောင့် မသေသင့်ဘဲ သေခဲ့ရတာပါ။ အသေးစိတ်ကို ကလေးရဲ့မိဘတွေဖြစ်တဲ့ ကိုသန်းဦး ဒေါ်အေးအေးမြ ၀၉၅၀၇၂၃၇၄ နဲ့ ၀၉၅၁၁၅၆၄၂ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ မြို့ခံလူထုတွေကလဲ ဒီကိစ္စကို မကျေနပ်ကြပါဘူး။ အဲ့ဒါကို သိချင်ယင်ကိုဟိန်း၁၉၄၃၁၉၁၀၈၀ ကိုမေးမြန်းနိုင်ပါတယ်။ ကလေးမိဘတွေကတော့ ကျန်းမာရေးဝန်ကြီးဌာနကို စာတင်မယ်လို့ ပြောပါတယ်။ ၂၉.၁၂.၂၀၁၁။

4 comments :

Anonymous said...

We must take action for this case. The child has "envenomation" since 2 AM and no treatment given at that time. Envenomation is absolute indication for antisnake venom. These signs are due to Viper Snake bite. This is negligence of this doctor. However why other junior doctors didn't treat this patient?

thant zin said...

they alway look at money.and then so proud.atually they also killer like than shwe

thant zin said...

most of doctor from me moneyyanmar only love money.they never love their job.they look so proud,actualy they also killer like than shwe

Anonymous said...

Some Doctor's skill become down grade by lack of medical practice.
So as their minds and attitudes.
A friend of mine told me that he met people who is making SUSHI in the local markets in America were some of them are DENTISTS and DOCTORS from Myanmar. WHAT A SHAME!!!!!!