မကွေးတိုင်း မကွေးခရိုင် ချောက်မြို့ဆိပ်ဖြူတံတားနှင့် အနော်ရထာတံတားတို့တွင် ချောက်နှင့် ဆိပ်ဖြူကြားက အနော်ရ ထာ မြစ်ကူးတံတားပေါ်တွင် ရှိနေတဲ့ ဂိတ်များမှ မြို့ဝင်ကြေးများ မတရားကောက်ခံနေပါသည်။
မြို့ဝင်ကြေး မတရားကောက်ခံနေပုံမှာ ချောက်မြို့ဘက်မှ ဆိပ်ဖြူမြို့သို အ၀င်ဂိတ်တွင် ဆိုင်ကယ်တစီးလျှင် 200 ကျပ် နှုန်းဖြင့် ကောက်ခံပြီးနောက် ဆိပ်ဖြူမှ ချောက်သို ပြန်လာလျှင်လဲ ဂိတ်ကြေးတရာ ထပ်မံကောက်ပြန်သည်။ ထော်လာ ဂျီဆိုလျှင်လဲ တန်ပိုပါသည်ဟုဆိုကာ ကတ္တားပါချိန်လျက် 17000၊ 18000 တန်ပိုကြေးဟုဆိုကာ တောင်းပြန်သည်။ ကုန် ကားတစီးလျှင် ကတ္တားချိန်ပြီးအနည်းဆုံး 50000၊ 60000 ကောက်ခံနေပါသည်။
ကုန်သည်တွေနှင့် သာမာန်ပြည်သူတို့မှာ လွန်စွာစိတ်ဒုက္ခရောက်နေရပါသည်။ ကုန်သည်အများတွင် ရေပန်းစားနေသော
အနော်ရထာတံတားအမည်မှာ မြန်မာပြည်ရဲ့ ဈေးအများဆုံးတောင်းသော တံတားဟု အမည်တွင်နေပါသည်။ ထို့ပြင် ငွေကောက်ခံသောသူများရဲ့ အသွင်အပြင်ကလဲ လူမိုက်လိုလို ဖြစ်နေပါသေးသည်။
အခြားအချိန်တွင် မည်သို့ပင် အကောက်ခွန်ဈေးမြင့်တက်နေပါစေမူ စစ်ဆေးရေး လာသည့်အချိန်တွင်တော့ ဆိုင်ကယ် တစီးလျှင် 50 သာ ကောက်ခံတော့သည်။ သို့သော် စစ်ဆေးရေးပြန်သွားလျှင်မူ တနာရီပင်မကြာ မူလကောက်ခံနေ သော ဈေးနှုန်းအတိုင်း ပြန်လည် ကောက်ခံလျက်ရှိပါသည်။ ထို့သို့အားမရသေး ဆိပ်ဖြူမြို့အထွက်တွင် ဂိတ်တခုထပ် တိုးကာ ဆိပ်ဖြူမြို့ဝင်ကြေးဟုဆိုကာ ထပ်မံကောက်ခံ ပြန်သည်။ တခါတလေ ဘီးခွန်ဟုဆိုကာ ကောက်ခံလျက်ရှိသည်။
ထိုသို့ ကောက်ခံမှုအပေါ်တွင် ဒေသခံတော်တော်များများနဲ့ သာမာန်လက်လုပ်လက်စား အခြေခံလူတန်းစား အပါအ၀င် ကုန်သည်များကလဲ မကျေမနပ် ဖြစ်လျက်ရှိနေပါသည်။
ဒေသခံတဦး
No comments :
Post a Comment