ဒီဇင်ဘာ ၁ ရက် ၂၀၁၁
ဒီနေ့မနက် ၈ နာရီလောက်မှာ ကချင်ပြည်နယ် ဖားကန့်သွားတဲ့လမ်းမ ကြီး မှာ အစိုးရစစ်တပ်ကို KIA တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း(၆) ရဲဘော်တွေ ခြုံခိုတိုက်ခိုက်ခဲ့
ခမရ ၃၈၆ မှ စစ်သားတွေ စစ်ကား (၃) စီးနဲ့ ဖားကန့်သွားလမ်း နမ်ယာရွာမှအပြန် မအူပင်ရွာအနား က ဒိုင်ကီ ရွာဟောင်း တွင် KIA စစ်သားတွေ ခြုံခိုတိုက်ခိုက် ခဲ့တယ်လို့သိရတယ်. အစိုးရစစ်သား ဗိုလ်ကြီးတစ်ဦးအပါအ၀င် (၆) ဦးသေဆုံးနေ ကြောင်းသိရှိရသည်။ စစ်ကား(၂) စီးက ဖောက်ခွဲခံလိုက်ရပြီး ကျန်တစ်စီးက လူနာ တွေနဲ့အတူ ထွက်ပြေးသွားကြောင်း လည်း သိရသည်။ စစ်အစိုးရ ရဲ့ MA(4) ခေါ် သေနတ် (၇) လက်၊ သေနတ်အတို (၂)လက် အပါအ၀င် လက်နက်ကြီး တခုပါ ကျည်ဆံတွေနဲ့အတူ KIA မှ သိမ်းဆည်းရမိကြောင်းလည်း သိရသည်။
No comments :
Post a Comment