Sunday 1 January 2012

ဒေါက်တာ နေ၀င်းမောင်သေဆုံးမှု နောက်ဆက်တွဲသတင်း

ဒေါက်တာနေ၀င်းမောင် သေဆုံးမှုဟာ မြန်မာပြည်က ဆေးလောက ချွတ်ခြုံကျနေပုံကိုမီးမောင်းထိုးပြလိုက်တာဖြစ်ပါတယ်။ နှစ်သစ်ကူးနေမှာသူဟာ ရင်ပတ်အောင့်လာတယ်။ 
နှစ်သစ်ကူးပါတီကို မိတ်ဆွေတွေနဲ့  မဆင်နွဲနိင်ပဲ သူကိုယ်တိုင်ကားမောင်းပြီး ၀ိဒူရိယ  ဆေးရုံးကို သွားရတယ်လို့ သိရတယ်။  ဒီဆေးရုံက ကိုးမိုင်တရုပ်သငြိုင်းကို စစ်တပ်ကသိမ်းပြီး စီးပွားရေးသမား တဦးကို ( ပိုင်ရှင်က ဆိုနီဝေလွင်လို့ လဲသိရ)  ရောင်းထားတာဖြစ်တယ်။  ဟိုရောက်တော့ ဆေးရုံးမှာဆရာဝန်တွေမရှိပဲ  နစ်သစ်ကူးပါတီ ဆင်နွဲနေကြတယ်လို့ သိရတယ်။ ဒါနဲ့ သူဟာ ရန်ကုန်ဆေးရုံကြီးကို ဆက်ပြီးကားမောင်းသွားရတယ်။ 

ရောက်ရောက်ချင်း ပဲသေဆုံးသွားတယ်လို့ ဆိုပါတယ်။  ဒါဟာမြန်မာ ပြည်က ပြည်သူကျမ်းမာရေးစနစ်
ပြိုကျနေပုံကို ကွက်ကွက်ကွင်းကွင်း ဖေါ်ပြလိုက်တာဖြစ်တယ်။  သူလို့ ပြည်စုံပြီး ပေါက်ရောက်တဲ့ လူတယောက်တောင် အဖြစ်ဆိုးနဲ့ ကြုံရတဲ့အတွက် အောက်ခြေဆင်းရဲ သားပြည်သူတွေဟာ နေစဉ်
နှလုံးရောဂါနဲ့ ဘယ်လောက်သေနေကြမလဲဆိုတာ မစဉ်းစားဝံအောင်ဖြစ်ပါတယ်။

သူဟာ နှလုံးရောဂါရှိသူဖြစ်တယ်။ ဒါဟာဒုတိယအကြိမ် နှလုံးရောဂါဖေါက်ခြင်း (  Second Attack )  ဖြစ်ပါတယ်။သူသာ တကယ်လို့ အမေရိကန်မှာဆိုရင် သေဆုံးမှာမဟုတ်ပါဘူး။ 

သူဟာလူချစ်လူခင်များသူတဦးဖြစ်ပြီး၊ ငယ်ငယ်ရွယ်ရွယ်နဲ့ သူရဲ ထူးဆန်းတဲ့သေဆုံးမှုကို ၀မ်းနည်းကြောင်း သူမိတ်ဆွေတွေကအင်တာနက်စာမျက်နှာတွေမှာဖေါ်ပြထားကြပါတယ်။

လူတွေက နှစ်ဆုံးမှာမီးလောင်နှစ်သစ်ကူးမှာအသက်ထွက် ၂၀၁၂ က တော့ အစိုးရအတွက်  နမိတ်မကောင်းဘူးလို့ ပြောနေကြပါတယ်။

8 comments :

Anonymous said...

This guy is uneducated, because no any public hospital are better than rangoon general hospital.
everybody must go to emergency ward, If you are seriously incase of emergency and go to public hospital, they will advise you to go R.G.H .
I'm sorry to say that, because I have a experience for the same problem.
I'm not a doctor.

Anonymous said...

Very sad news,my condolence.
We have best Doctors in Burma,but barely enough Medicines.
We need to build a Pharmaceutical Factories in our country. This is mandatory. We should not rely on expensive Foreign drugs. Less expensive Generic medicines (rather than Brand names) are urgently needed for the people.
IT(CPhT).

Anonymous said...

မြန်မာပြည်မှာကိုယ်ပိုင်ဆေးရုံတွေအများကြီးရှိပါတယ် သူလိုလူတယောက်က သူငယ်ချင်းဆရာဝန်တွေ မိတ်ဆွေရင်းချာလိုခင်မင်တဲ.ဆေးရုံမရှိတော.ဘူးလား လူမသိသူမသိဆင်းရဲသားမဟုတ်ပါဘူး ငွေဆိုလည်းလက်ဖျားသီးနေတဲ.လူပါ နှလုံးရပ်သွားရလောက်အောင်ညကြီးသန်းခေါင်သူဟာသူဘာတွေဖြစ်ပြီး အလိုမကျဖြစ်နေတာတွေရှိလို.နေမှာပေါ.မဆီမဆိုင် နှစ်သစ်ကူးလုပ်နေတဲ.ဆရာဝန်တွေသူနာပြုတွေဘဲမုန်းရမလို တရားစွဲးရမလိုတော.ပွဲဆူအောင်မလုပ်ပါနဲ. ဆင်းရဲသားတယောက်ဆိုရင်တော.နည်းနည်းအဓိပါယ်ရှိပါတယ် ဒါ ဒေါက်တာနေ၀င်းမောင်နော် ကြည်.လည်းရေးကြပါ

Anonymous said...

You can also die like this in abroad. Wunna HS, Malaysia

san san said...

သေနေ့စေ့လို့သေတာကွ။ အမေရိကန်နေနေ၊ ဥရောပမှာဘဲနေနေ သေနေ့စေ့ရင်သေမှာဘဲ။ ဘုရားလဲ လာတားပေးထားလို့မရဘူး။ ဘယ်သူ့ကိုမှ အပြစ်ပုံမချနေနဲ့။ မြန်မြန်သေတော့ မြန်မြန်နားအေးတာပေါ့ မောင်မိုးသီးရာ။(တင်ချင်မှတင်နော်)

Anonymous said...

မသိရင် အရမ်း စွတ်မပြောကြပါနဲ့။ နေဝင်းမောင် ငွေလက်ဖျားသီးတယ်ဆိုတဲ့ ကိစ္စ လုံးဝမဟုတ်ပါ။ လက်ဖျားငွေသီးသူဟာ ကိုယ်တိုင်ကားမောင်းသွားရမလား။
သူဟာ ဆေးလိပ်အရမ်းသောက်သူတစ်ဦးပါ။ သူ့ရုံးခန်းမှာ အမြဲအလုပ်ရှုပ်နေတတ်သလို ဆေးလိပ်နံ့ဟာ မခံနိုင်လောက်အောင် ပြင်းထန်ပါတယ်။ သူ့ဓါတ်ပုံတွေကို ကြည့်ပါ။ ဆေးလိပ်က ရထားတဲ့ ဓါတ်တုဗေဒပစ္စည်းတွေကြောင့် အသားအရေဟာ ပုံမှန် ကျန်းမာရေးကောင်းသူတစ်ယောက်လို စိုစိုပြေပြေ လုါံ်ဝမဟုတ်ပါ။ အပြင်မှာ ပိုသိသာပါတယ်။

Anonymous said...

လက်ဖျားဘဲငွေသီးမသီးသီး ဆေးလိပ်တွေအရမ်းသောက်သောက်မသောက်သောက်ကိုယ်တိုင်ကားမောင်းပြီးဆေးရုံတကာသွားရတာတော.သိပ်သဘာဝမကျဘူးထင်တယ်မိတ်ဆွေအပေါင်းအသင်း ဆွေမျိုးညာတကာရှားတယ်ထင်တယ် ကိုယ်တိုင်ကားမောင်းသွားရတာဆိုတော.အေးဗျာ သူကလက်ဖျားငွေသီးတဲ.သူမဟုတ်ဘူးဆိုတော.သနားစရာဘဲဗျာ ခင်ဗျားကသူ.အကြောင်းသိနေတော. ခင်ဗျားကားသွားမောင်းပေးရမှာဒါဆိုနေ၀င်းမောင်မသေတော.ဘူးခုတော.လူ.အဖိုးတန်တယောက်ဆုံးရှုံးရေ လခြင်း ဖြစ်မှဖြစ်ရတယ်

Anonymous said...

Anyway, anyhow his death is somewhat a great lost regardless of his political aspiration. Some might be very happy for that for they can't ever beat him. Some like students from EGRESS, they lost their papa (sayar nay). Since he was the figure of EGRESS, let's wait and see EGRESS without Dr. Nay Win Maung (Sayar Nay)