skip to main
|
skip to sidebar
ယနေ့နိုင်ငံရေး
အကျဉ်းသားတွေ လွတ်မြောက်လာလို့ အထူးဝမ်းမြောက် ဝမ်းသာဖြစ်ရတဲ့နေ့မှာပဲ
ရွှေညဝါဆရာတော်ကြီးရဲ့ အသနားခံစာကို တိုင်းသံဃမဟာနာယကမှ ပယ်ချလိုက်ပြီး
ယခင်အတိုင်း ဆောင်ရွက်ရန် မြို့နယ် သံဃမဟာနာယကသို့ အမိန့်စာ
ထုတ်ပြန်လိုက်ပါတယ်..။ ယနေ့မနက်ပိုင်းက ဆရာတော်ကြီး သီတင်းသုံးရာ
ကြည့်မြင်တိုင် သာဓုကျောင်းတိုက်ကို ၁၃ရက်နေ့ မနက် ၁၀နာရီ ၃၅မိနစ်က
အကြောင်းကြားစာ ပေးပို့လာပါတယ်..။ ဘန်ကောက်မှာ ရောက်ရှိနေတဲ့
ရွှေညဝါဆရာတော်ကြီးဟာ ၁၃ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ကို
ပြန်ကြွသွားပါတယ်..။ ခေတ်တွေ စံနစ်တွေ ပြောင်းနေပါပြီ ရွှေညဝါဆရာတော်ကြီး
အတွက် ဝိုင်းဝန်းတောင်းဆို ပေးကြပါ..။
No comments :
Post a Comment