Friday, 13 January 2012

လောင်မီးရဲ့  သဘာဝ

အာဏာဟာ ဘာနဲ့ တူသလဲဆိုတော့ လောင်မီးနဲ့ တူတယ်။ လက်ထဲမှာကြာကြာကိုင်ထားလို့ မရဘူး။ ကိုင်ဖို့ ကြိုးစာရင် ပူမယ်။ လောင်မီးကျမယ်။ဒီတော့ ခန အောက်ကိုချရတယ်။ အောက်ကိုခန ချရတဲ့အချိန်မှာ လောင်စာတွေနဲ့ တွေ့ သွားကြတယ်။ ဒီအခါမှာ ဟုန်းကနဲ့ ထလောင်တော့တာပါပဲ။ အာဏာရှင်တွေ ဟာ လောင်မီးကို ခန အောက်ကိုချကြရလေ့ရှိတယ်။ အဲ့ဒီအချိန်ဟာ အပြောင်းအလဲဖြစ်သွားတော့တာပါပဲ။ မြန်မာ( ဦးနေ၀င်းခေတ်) ၊ ဆိုဗီယက်၊ အရှေ့ ဂျာမဏီ၊ ပိုလန်၊ အာရပ်နိင်ငံတွေက အာဏာရှင်တွေ အားလုံးဟာ လောင်မီးကိုဆက်ကိုင်နိင်စွမ်းမရှိခဲ့ကြပါဘူး။ ခန ချခဲ့ရပါတယ်။ အဲ့ဒီခနချပြီး ကာလကို ရှုပဗေဒ ဘာသာရပ်မှာတော့ အခိုက်လို့ ခေါ်တယ်။ နိင်ငံရေးသိပံမှာတော့ တော်လှန်ရေးလို့ ခေါ်ကြတယ်။   

မိုးသီးဇွန်

No comments :