Monday 2 January 2012

မတရားမှု ကို ဖေါ်ထုတ် ပေး ကြပါရန် တိုက်တွန်းနိုးဆော်ခြင်း


အကူအညီတောင်းခံခြင်း

ပြည်တွင်းပြည်ပရှိမြန်မာအပေါင်းတို့ခင်ဗျာ

အောက်ပါ video clip ကိုကြည့်ရှုပြီးမြန်မာမိန်းကလေးငယ်များကိုလူမဆန်စွာရိုက်နှက်နှိပ်စက်နေသော
သူများ၏အမည်၊နေရပ်လိပ်စာနှင့်သတင်းအချက်အလက်များကို
Phone:1-707-456-7493 သို့အကြောင်းကြားပေးပါရန်အကူအညီတောင်းခံအပ်ပါသည်။

We Fight We Win

19 comments :

Anonymous said...

In Malaysia. Human trafficking.

Anonymous said...

အဲဒါတွေက နီပေါတွေရဲ့ အခန်းမှာ သွားအိပ်လို့ သူတို့ ၀ိုင်ရိုက်တာ မလေးရှား ဂျိုဟိုမှာ တချို့ မြန်မာမတွေ လစာမလုံလောက် ဖာခံစားတာရှိတယ် ဖုန်းတစ်လုံးပေရင်လဲ အလုပ်ဖြစ်တယ်ဆိုတဲ့ သဘောကြောင့် ၀ိုင်ပြီ ရိုက်နေတာ

Anonymous said...

မလေးရှားမှာလို့ပြောတယ် ... အဲဒီမိန်းကလေးတွေက တခြားနိုင်ငံသားတွေနဲ့ တည်းခိုခန်းသွားအိပ်လို့ မြန်မာတွေ ဂုဏ်သိက္ခာကျတယ် ဆိုပြီး ... မြန်မာများ ဆိုသူတွေက နောက်မလုပ်အောင်ဆိုပြီး ဆုံးမတယ်တဲ့ဗျား ...
ကြည့်ရတာ ပြည့်တန်ဆာ တွေလည်း လုံးလုံးလျားလျား ဟုတ်ပုံမရဘူး တခြားနိုင်ငံရောက်တော့ ဖြစ်ချင်တိုင်းဖြစ် ပျက်စီးနေတယ်လို့ ပြောရမဲ့ မိန်းကလေးတွေ ဖြစ်ပုံရတယ် ... မဟုတ်တာ လုပ်ထားပုံရတယ် သူတို့ကို ရိုက်ပေမဲ့လည်း တုံ့ပြန်မှုက တမျိုးဖြစ်နေတယ် ဘေးတွေမှာ အများကြီး တခြားသူတွေရှိတယ် စစချင်း လူမှောင်ခိုလား ပြည့်တန်ဆာခေါင်းက မတရားနှိပ်စက်နေတာလားလို့ ထင်ရပေမဲ့ ... ကြည့်ရင်းနဲ့ အဲဒီလိုမဟုတ်ဘူး ဆိုတာတွေ့ရတယ် နှိပ်စက်တဲ့သူတွေက နှိပ်စက်ခံသူတွေနဲ့ အမျိုးလည်း တော်ပုံမရဘူး ... ဒီလို နှိပ်စက်တာကို အများသိအောင် ရည်ရွယ်ပြီး အင်တာနက်ပေါ် ဖြန့်တယ် ... လုပ်ရပ်က မှားတာ မှန်တာ တပိုင်း .. ရည်ရွယ်ချက်က အဲဒီလို ဖြစ်နေတယ် ဆွေမျိုးသားချင်းတွေဆို အဲဒီလို ကိုယ့်ပေါင်ကိုယ်လှန်ထောင်းမှာ မဟုတ်ဘူး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းကြတဲ့ ကွန်မြူနတီတခုရဲ့ လုပ်ရပ်ပဲ အရေးယူချင်ရင် လွယ်ပါတယ် အနီးစပ်ဆုံး ဖြစ်နိုင်မဲ့ သိနိုင်မဲ့ သူကနေ ဖေါ်ထုတ်လိုက်ပေါ့ ... ဘယ်သူတွေလဲဆိုတော့ မသိသေးဘူး မလေးရှားကလို့ ပြောတယ် ... တချို့က အဲဒါထက် ပိုရိုက်သင့် ... သတ်ပစ်လိုက်ဖို့အထိ ပြောနေတာတွေ့တယ် .... မြန်မာတွေ အရှက်ရလို့ဆိုပဲ ကဲ ဘယ်လိုလုပ်ချင်လဲ အသေးစိတ်မသိဘူး သိသလောက် ညွှန်ပြပေးတာ ...

Carlos Vela said...

နှစ်ဦးနှစ်ဖက် မှားတဲ့ အမှားပဲ .. ဒါပေမဲ့ အင်အားသုံး ပြီး မဖြေရှင်းသင့်ဘူးလို့တော့ ထင်တယ်

TTT said...

သူတို့ပြောသွားတဲ့ တယ်လီဖုန်းဈေးနှုန်းတွေနဲ့ ပြောစကားတွေအရ (ဖုန်းပေးပြီး မြှူဆွယ်)ါး မလေးရှားမှာ ဖြစ်တာပါ။ မလေးရှားမှာ အခုလို လူတွေခေါ်လာပြီး ပါတ်စပို့တွေ သိမ်း၊ ထမင်းကြွေး အလကားလောက်နီးပါး နှစ်တွေချီခိုင်းတဲ့ ဗမာတွေ ရှိပါတယ်။ အားလုံး သိကြပေမဲ့ ဘယ်သူကမှ မဖေါ်ထုတ်ပါ။ အချင်းချင်း ရိုက်စားခွင် တစ်ခုဟု သုံးသပ်ရပါသည်။

Anonymous said...

Where is Women's League of Burma?

Aung Moe Thein said...

I guess , above video was air for political trick . They want to make impression down to our Hero .Straightly air after MRTV new about political prisoners .

Anonymous said...

မိုက်ရိုင်းလိုက်တာ..။ ယောက်ကျားကြီးတွေဖြစ်ပြီး မိန်းကလေးကိုအုပ်စုလိုက်ဝိုင်းရိုက်ကြတယ်..။ နှမချင်းမစာနာလိုက်တာ..။ ရိုက်တာမှန်တယ်..၊ သွေးထွက်အောင်ရိုက်သင့်တယ်လို့ပြောတဲ့သူတွေက.. ဘာတွေလဲ..။ သူ့ဟာသူ ပြည့်တန်ဆာပဲဖြစ်ပါစေ..။ လူကိုလူလိုဆက်ဆံရမယ်..။ မကောင်းမှုလို့ထင်ရင်.. ဥပဒေရှိတယ်..။ ရဲကိုတိုင်လို့ရတ်..။ အုပ်ထိန်းသူကိုတိုင်လို့ရတယ်..။ ဒီလို ရမ်းကားရိုက်နှက်တာမျိုးတော့.. ရှုံ့ချတယ်..။ အဲဒီကောင်တွေကို ဖော်ထုတ်ပါ..။ အရေးယူပါ..။

Anonymous said...

In Japan, teacher can punish student like that or in other countries, husband can punish wife like that until today. I don't know the whole story behind this but many Asian countries' women rights are still behind.

Anonymous said...

ဘယ်သူနဲ့ဘဲ အိပ်အိပ် ဗမာတွေအရှက်နဲ့အသက်လဲရမယ်။
ဒါပေမယ့် ဒီလို လူသားမဆန် ဥပဒေမဲ့ရက်စက်မှု မလုပ်သင့်ပါဘူး။ မကောင်းတဲ့ဟာတွေ တွေ့ရင် ပြည်ပြန်ပို့ရင် မကောင်းဘူးလား။

Anonymous said...

ဘယ်မိန်းကလေးက တခြားယောကျာ်းနဲ့ သွားနေချင်မှာလဲလို့ ယူဆမိပါတယ်။
အခုလို ရိုက်နှက်ရမဲ့အစား သူတို့ ရဲ့ အခက်အခဲကို လမ်းပြပြီး ဖြေရှင်းပေးသင့်တယ်။ အဲ့ဒီ့ယောက်ျားတွေကို အဲ့ဒီ့လို ၀ိုင်းရိုက်ခွင့်ကို ဘယ်သူတွေက ခွင့်ပြုထားသလဲ။ အဲ့ဒီ့လိုရိုက်တာမှန်ကန်တယ်ဆိုတဲ့သူတွေကို မေးချင်ပါတယ်။ ဘယ်လို အကြောင်းကြောင့် အရွယ်ရောက်တဲ့ မိန်းကလေးကို အုပ်စုလိုက် ၀ိုင်းရိုက်ခွင့်ရှိသလဲ။ လူဆိုတာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပါဘဲ။ အဲ့ဒီ့မိန်းကလေးတွေ မကောင်းဘူးဆိုရင် ၀ိုင်းဝန်းအဖြေရှာပြီး လမ်းပြမပေးသင့်ကြဘူးလား။ အဲ့ဒီ့လို ၀ိုင်းရိုက်ပြီး အနိုင်ကျင့်တာက အဖြေတဲ့လား။ ဦးနှောက်ကို သုံးပြီး သေချာပြန်စဉ်းစားကြပါအုံး။ နောက်ဆုံး အဲ့ဒီ့မိန်းကလေးတွေရဲ့ အလုပ်ရှင်ဖြစ်နေစေအုံးတော့ ဒီလို နှိပ်စက်ခွင့်မရှိပါ။ အဲ့ဒီ့မိန်းကလေးတွေက တခြားလူမျိုးနဲ့ သွားနေတာကို သိက်ခါကျတယ် ဆိုရင် ယောကျာ်းလေးယောက်က မိန်းကလေး 2 ယောက်ကို အခန်းထဲမှာ ၀ိုင်းရိုက်နှိပ်စက်ကြတာကရော သိက်ခါရှိပါသလား။ ဒါကရော လူ့ အခွင့်အရေးကို ချိုးဖေါက်တာ မမြည်ပေဘူးလား။ မိန်းကလေးတွေ လုပ်ရပ်က မှားပေမဲ့ ဘာ့ကြောင့်အဲ့ဒီ့လို လုပ်ရတာ လဲဆိုတဲ့ အကြောင်းရင်းကို ၀ိုင်းဝန်းအဖြေရှာတာပြီး ကူညီဖြေရှင်းပေးတာက အခုလို ၀ိုင်းနှပ်စက်တာထက် ပိုပြီး ကောင်းမလားလို့ ပါ။

Anonymous said...

အဲ့ဒါတွေအကုန်လုံး သန်းရွှေကြောင့်ဖြစ်ရတာ။ သန်းရွှေကြောင့် ဘ၀ပျက်ရတာ သေချင်းဆိုးကြီး၊ ကာလနာ၊ မြွေပွေးကိုက်၊

min toe gyi said...

ဒါမတရားဘူလို့ထင်တယ် အဲလိုလုပ်စားနေတယ်လို့ ပဲထာအုံ သူအမညီးမတွေမို့လို့လာ အဲလိုဝိုင်ရိုက်ရတာ။
ဆုံးမတာနဲ့မတူတော့ဘူ အသေသတ်တာနဲ့တူနေတယ်
အဲဒိကောင်တွေလဲကောင်တဲ့ကောင်တွေလို့မထင်ဘူ လုံဝ
အရေးယူသင့်တယ် လို့ကျွန်တော်ထင်တယ်။

Anonymous said...

ဘာအကြောင်းပြပြ ဒါဟာရာဇဝတ်မှု့
အမျိုးသမ္မီးရေးရာရယ် C. I. D.ရယ် နဲ့ S.B. က
တာဝန်ယူ စုံစမ်း ဖေါ်ထုတ် အရေးယူ သင့်တယ်

Anonymous said...

ကြိုက်လို့သွားအိပ်တာဆို ဒါ သူအခွင့်အရေးပဲ။
ပြည့်တန်ဆာလုပ်တာဆိုလဲ အဲဒီ ရိုက်တဲ့ကောင်တွေ က ဒီမိန်းကလေးကို ကြွေးထားနိုင်မှာမဟုတ် လို့ ရိုက်ခွင့်မရှိဘူး။

Anonymous said...

စနစ်သည်သာ တရားခံ

Anonymous said...

SHOULD BE HIT ANY MORE.

Anonymous said...

Ko Moe..Do it as best as u can for
those girls.
I cried when i watched this video.
Think about what if they are my sisters?
Those guys must be punished for example and for what they did.

Anonymous said...

မလေးရှားရောက် မြန်မာမိန်းမပျိုလေး တဦး၏ အိတ်ဖွင့်ပေးစာ.
http://www.blogger.com/comment.g?blogID=849874758454202339&postID=3428208132362830344