Friday 6 January 2012

တမတ်သား သမ္မတကြီးရှင့် ကျမ မုဒိမ်းကျင့်ခံခဲ့ရပြီ



တရားမျှတ မှု လိုလားတဲ့  မြန်မာ သူရဲကောင်း အမျိုးသမီးငယ်
(သို့)
၂၀၁၂  နှစ်သစ်ရဲ့ မြန်မာ အမျိုးသမီးသူရဲကောင်း

-WFWW -


ဇလွန်ကျောင်းသူလေးတဦးရဲ့ ရင့်ဖွင့်တိုင်ကြားချက်ပါ။ ကျမ တကယ်ပဲ မုဒိမ်းကျင့်ခံခဲ့ရပါတယ်။ တမတ်သား အစိုးရ အောက်မှာရှိတဲ့ တရားဥပဒေကြောင့် မုဒိမ်းမှု ဟာ မုဒိမ်းမှု မမြောက်ခဲ့ပါ။ တမတ်သား သမ္မတကြီးရှင့် ကျမ မုဒိမ်းကျင့်ခံခဲ့ရပါပြီ။ တမတ်သား သမ္မတကြီး ကျမ ကို ကူညီပါ။ ကျမ အရှက် ထက် ကျမလို လူငယ်တွေ  တမတ်သား သမ္မတကြီး အောက်မှာ မုဒိမ်း မကျင့်ခံရဖို့ ကျမ  တိုက်ပွဲဝင်နေတာပါ။ သမီးသာ သမ္မတကြီးရဲ့ သမီးဆို ဘယ်လို အရေးယူမှုတွေ လုပ်မလဲဆိုတာ သမီး သိချင်တယ်။ သမီးတော့ မုဒိမ်းကျင့်ခံလိုက်ရပြီ။ တတိုင်းပြည်လုံး သိပါစေ။ နောင် သမီးလို မဖြစ်စေဖို့ ရင်ဖွင့်လိုက်တာပါ။




အာဖဂန်မှာ မုဒိမ်းကျင့်ခံခဲ့ရတဲ့ အမျိုးသမီးငယ် ကို လင်ရှိမယားနဲ့ ဖောက်ပြားမှုနဲ့ အတင်းအဓ္ဓမ ထောင်ချခဲ့တယ်။ မြန်မာနိုင်ငံ တမတ်သား အစိုးရ အောက်မှာ  မုဒိမ်းကျင့်တဲ့ သူ ကတော့ Amnesty ပဲ၊ လွှတ်တယ်။ တကယ်တော့ တမတ်သား အစိုးရ အောက်မှာ တာလီဘန် ဥပဒေ ကို ကျင့်သုံးနေ သလို ခံစားရပါတယ်။

ရွှေမန်းဇတ်သဘင် ထဲကလို  တရား ဥပဒေ အထက်မှာ ဖြစ်ပျက်နေတဲ့ တရားဥပဒေမဲ့ ဖြစ်ရပ်တွေ မဟုတ်ပါ။ တမတ်သား အစိုးရ အောက်မှာလက်ရှိ  ဖြစ်ပျက်နေတဲ့ တကယ့် ဖြစ်ရပ်မှန်တွေပါ။


ဥပဒေ အထက်မှာ ဘယ်သူမှ မရှိရဘူးဆိုပေမဲ့၊ ကား ခိုးခံရတဲ့ သူက တရားစွဲခံရတယ်။ မုဒိမ်းကျင့်ခံရသူက ထောင်ချခံရတယ်။ အရိုက်ခံရသူက အချုပ်ချခံရတယ်။ တမတ်သား အစိုးရ အောက် က ဖြစ်ရပ်မှန်တွေပါ။



30.6.2011 ရက်နေ့မှာသမီးတို့ကျောင်းကဆရာဦးတင်အောင်ထက်မှအလုပ်သွင်းပေးဖို့ဟုဆိုကာဦးမင်းသီလဆိုသူနှင်တွေ့ဆုံပေးခဲ့ပါတယ်။(၄)ရက်နေ့တွင်အိမ်သို့ဦးမင်းသီလရောက်လာပြီးသူငယ်ခြင်း ဖြစ်သူမ(………)အားကျောက်သယ်ရန်သယ်ရန်ဟင်္သာတသို့သွားခိုင်းခဲ့ပါသည်။ပြီးနောက်သူ
မအားအလုပ်သွားရမည်ဆိုကာခေါ်လာပြီးလမ်းတစ်ဝက်အရောက်တွင်အိမ်တစ်အိမ်အတွင်းသို့ထမင်းဝင်စားကြမည်ဆိုကာခေါ်ဆောင်လာခဲ့ပါသည်။ထိုနောက်အပေါ်ထပ်သို့ထမင်းသွားစားဆိုကာအပေါ်ထပ်သို့တက်လိုက်လာပြီးသားမယားအဖြစ်ပြုကျင့်ခြင်းကိုခံခဲ့ရပါသည်။တစ်ညလုံးနီးပါသားမယားပြုကျင့်ခဲ့ပြီးညလယ်လောက်တွင်ယောင်္ကျားတစ်ယောက်ထံသို့ငွေသုံးထောင်ကျပ်ပေးခိုင်းကာလိုက်ပါသွားခိုင်းသဖြင့်အနီးရှိဆိုင်ကယ်သမားကိုအကူအညီတောင်းကာအိမ်သိုပြန်လာခဲ့ပါသည်။ထိုညတွင်ပင်သူငယ်ချင်းဖြစ်သူပြန်လည်ရောက်ရှိလာသဖြင့်သူမအားအကျိုးအကြောင်းပြောပြကာဇလွန်ရဲစခန်းတွင်အမှူ့ဖွင့်တိုင်ကြားခဲ့ပါသည်။ထိုမှဟင်္သာတတရားရုံးတွင်(၇)လပိုင်း(၂၈)ရက်နေ့တွင်စတင်အမှူ့စစ်ဆေးခဲရာ (၃) ရက်(၁)လ (၂၀၁၂)ခုနှစ်တွင်
ဟင်္သာတခရိုင်တရားသူကြီးဦးအောင်မြင့်သိန်းမှဦးမင်းသီလအားအမှူ့နှင့်မသက်ဆိုင်ဆိုကာ
လွတ်ပေးခဲ့ပါသဖြင့်ထိုအမှူ့အားတရားသဖြင့်ကူညီဖြေရှင်းပေးပါရန်နိုင်ငံတော်သမ္မတကြီးနှင့်တကွသက်ဆိုင်ရာတို့အားအကူအညီတောင်းခံအပ်ပါသည်။

1 comment :

Anonymous said...

She would like to get made out by the people and they supported her.
Why she said it as we guess she receives money from the Myanmar activists' fund.
She must be a prostitute.