Saturday 7 January 2012

စစ် အုပ်စုအတွင်းအကွဲအပြဲနှင့် ၄ ဖက်မြင် ( 4 D) သုံးသပ်ချက်

နိင်ငံရေးအကျဉ်းသားတွေကို မလွတ်သေးတဲ့အတွက် သမတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ စက္ကူစုတ်တခုလို  တန်ဖိုးမဲ့ နေပါတယ်။  စက္ကူစုတ်တခုလို တန်ဖိုးမဲ့နေပေမဲ့ နိင်ငံရေးအရတော့တော်တော်
တန်ဖိုးကြီးကြီးတခုတော့ စစ်အုပ်စုပြန်လည်ပေးဆပ်ရတော့မှာဖြစ်ပါတယ်။
ဗြတိသျနိင်ငံခြားရေးဝန်ကြီး က တော့ နိင်ကျဉ်းတွေမလွတ်ရင် စီးပွားရေးပိတ်စို့ မှုမလွတ်ဘူး လို့ သတိပေးနေပါပြီ။  ( ခေါင်းစဉ်ကိုကလစ်ပါ)


ဦးသိန်းစိန်၊ ဦးအောင်မင်း၊ ဦးရွှေမန်းတို့ က တဖက်  ။   တင်အောင်မြင့်ဦး ( shit Lone)  နဲ့   ချီးထုတ် အောင်သောင်း  တို့ က တဖက် သိသိသာသာ ကွဲနေတယ်ဟု သတင်းရရှိပါတယ်။ 
နိင်ငံရေးအကျဉ်းသားတွေကို အမြန်လွတ်ပေးပါမယ်လို့ ရွှေမန်းက ဟီလာရီကလင်တန်ကိုကတိပေးခဲ့တာကို တင်အောင်မြင့်ဦး ( ကာလုံအဖွဲ့ ) က လုံခြုံရေးကိစ္စတွေကိုသူတို့ ဆုံးဖြတ် မယ် အစိုးရမပါနဲ့ လို့ ဆိုတဲ့အတွက်ရွှေမန်းက တင်အောင်မြင့်ဦးအား
ခင်ဗျားတို့ ကျူပ်ပုဆိုးကို စွဲချွတ်တာပဲ ဟု အစည်းဝေးတွင်အော်ဟစ်
ဆွေးနွေးကြောင်း သိရပါတယ်။ 

ကြပ်ပြေးရှိ အကဲခတ်များအဆိုအရ အစိုးရအတွင်းနှစ်ဖွဲ ကွဲနေကြောင်းတင်အောင်မြင့်ဦး၊ အောင်သောင်းတို့ က အာဏာဟာ သိန်းစိန်လက်ထဲ
မရှိ ငါဒို့ လက်ထဲမှာရှိသေးတယ်။ နိင်ငံတကာက သံတမန်တွေနဲ့  ဒေါ်အောင်ဆန်းစုကြည့်ကို သတိပေးလိုပုံရကြောင်း၊သူတို့ ကိုလဲ အလေးပေး ဆက်ဆံမှုကိုလိုချင်နေပုံရကြောင်း သုံးသပ်ပါတယ်။ 
အခြေအနေပြောင်းလဲတိုးတက်နေပြီ၊ နိင်ငံရေးအကျဉ်းသားများ ဇန်န၀ါရီလ ၄ရက်နေ့ တွင် လွတ်ပါမယ် ဟု  အလွဲအလွဲအချောချောသုံးသပ်နေသည့် မီဒီယာများ ယခုတလောငြိမ်ချက်ကောင်းနေသည်ကိုတွေ့ ရပါတယ်။ 

ပြုပြင်ပြောင်းလဲမှုကိုလိုလာတယ်လို့ နာမည်ထွက်နေတဲ့ဦးသိန်းစိန်၊ ဦးအောင်မင်းနဲ့  ဦးရွှေမန်းတို့ အဖွဲ့ ဟာ အောက်စီးမှာပဲရှိနေသေးတာကို တွေ့ ရတယ်။ ဒီကြားထဲမှာ ဦးသိန်းစိန် ပြုပြင်အင်အားစု နဲ့  နီးစပ်ပြီးအောင်ခြေ သိမ်းစည်းရုံးရေးလုပ်ငန်းတွေကို ကျွမ်းကျင်တဲ့ 
ဒေါက်တာနေ၀င်းမောင် သေဆုံးသွားတာဟာ ဦးသိန်းစိန်အဖွဲ့  ကိုအားပျော့သလိုဖြစ်သွားပါတယ်။
ဒေါက်တာနေ၀င်းမောင်ရုတ်တရက်သေဆုံးမှုအပေါ်မှာ တချို့ သံသယရှိခဲ့ကြတယ်လို့ ဆိုတယ်။


ထူးခြားသည်မှာ ပြည်ပအခြေစိုက် အန်ဂျီအိုများ၊ သတင်းဌာနများက ပြည်တွင်းသို့  ၀င်ရောက်လုပ်ကိုင်ရန် စစ်အုပ်စုအား သူထက်ငါ မျက်နှာချိုသွေးနေချိန်တွင်  
လူထုများက အပြင်သို့ ပိုမို ထွက်လာ မဲ့  အနေထားဖြစ်ပေါ်နေပါတယ်။  အဓိက စီးပွားရေးပြသနာ၊ ပြည်တွင်းစစ်မီး၊ ချစားမှုများနှင့် လူအခွင့်အရေးချိုးဖေါက်မှုများ ဟာ အဆိုးဝါးဆုံးအခြေအနေကို ဖြစ်ပေါ်လျက်ရှိပါတယ်။  

 ပြည်ပမီဒီယာများက အခြေအနေ ကောင်းပြီဆိုတဲ့သုံးသပ်ချက်များကို ချင့်ယုံကြဖို့  စစ်အုပ်စုရဲ ငွေမဲ ဈေးကွက်ဖြစ်တဲ့  အိမ်မြေ၊ ခြံရောင်းဝယ်မှုများတွင် သားကောင်မဖြစ်စေဖို့  ၊
အရင်စလို မ၀ယ်ကြဖို့  တိုက်တွန်းလိုက်ပါတယ်။  

ဒီမိုကရေစီ ညီအကိုမောင်နှမတွေလုပ်ဆောင်ရမှာကတော့ နိင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးလှုပ်ရှားမှုကို အမျိုးသားရေးလှုပ်ရှားမှုတခုလို လုပ်ရမှာဖြစ်ပါတယ်။ နိင်ငံတကာ ခုံရုံးမှာ သန်းရွှေ၊ အောင်သောင်း၊ တင်အောင်မြင့်ဦးတို့ ကို ခုံရုံးတင်နိင်ဖို့  အတွက် ကြိုးပန်းကြပါလို့  တိုက်တွန်းနိုးဆော်လိုက်ပါတယ်။ 

2 comments :

Anonymous said...

ကိုနေင်းမောင် နဲ့ နီးစပ်တဲ့ မိတ်ဆွေတစ်ဦးက ကိုနေဝင်းမောင် အနေနဲ့ အလုပ်သာ လုပ်နေရတယ် အတိုက်အခံများစွာ ရှိတယ်လို့ ဆိုပါတယ်။ ထောင်ထဲ သွားရမှာ ကြောက်ပေမဲ့ အရေးကြီးတဲ့ ကိစ္စတွေကို သမ္မတ အထိရောက်အောင် တင်ပြပြီး ဖြစ်ချင်တာ တော်တော်များများကို လုပ်သွားခဲ့တယ်။

အလောင်းကို အမှန်မှာ မနက် ၉ နာရီ ချဘို့ စီစဉ်တာလို့ ဆိုပါတယ်. အကြောင်းပြချက်ကတော့ ဘယ်သူ့ကိုမှ ဒုက္ခ မပေးချင်လို့ပါတဲ့။ မနက် ၂နာရီလောက်မှာ သေသွားတဲ့လူကို ၉ နာရီမှာ ချချင်တာ နည်းနည်းဆန်းနေသလိုပဲ။ အဆင်မပြေချင်တော့ နေ့လည်ဘက်အထိ ရွှေ့ဆိုင်းခဲ့ရပါတယ်တဲ့။

Anonymous said...

ဒီဆောင်းပါးမှာ အကြံပေးထားတာ ကောင်းပါတယ်။ လူတွေ အပြင်ပိုထွက်လာမယ်ဆိုတာတော့ သတိမထားမိဘူး။ ပြန်ဝင်ဘို့ ကြိုးစားနေတာတော့ ကြားမိပါတယ်။ ကိုမိုးသီးအနေနဲ့ စစ်တမ်းတစ်ခု ကောက်ယူသင့်တယ်။ ဘယ်နှစ်ယောက်လောက် မြန်မာပြည်ထဲ ပြန်ဝင်ချင်ကြသလဲ ဆိုတာမျိုးပါ။