သူတို့ရူးချင်ယောင်ဆောင်ကြလေပြီ
by Hawdeka Aethae on Saturday, January 7, 2012 at 5:37am
သူတို့ရူးချင်ယောင်ဆောင်ကြလေပြီ
ငါးလောင်းပြိုင် လူသတ်မှုဆိုရင် အားလုံး သိကြမယ်ထင်ပါတယ်။
လူသတ်တရားခံ ဘယ်သူလဲ ခုထိမသိသေးပါ။
သဲလွန်စ ဆိုတာတွေကို လက်စလက်နဖျောက်လိုက်ကြတယ်။
စိတ်ဝင်စားလို့ ကိုယ့်ဖာသာကိုယ် စုံစမ်းတဲ့သူတွေကိုလည်း အိုးစားကွဲသွာမတတ် ခြိမ်းခြောက်ခံရတယ်။
ခုလည်းကြည့်လေ။
ဂိုဒေါင်မီးလောင်ပေါက်ကွဲမှုတဲ့၊
အနီးကပ် တိုက်ရိုက်ထိမှန်ပြီး သေတဲ့သူတွေကို နေ့ချင်းပြီး သဂြိုလ်ပစ်တယ်။
ပညာရှင်တွေနဲ့ သဲလွန်စရှာတာ မလုပ်ဘူး။
ဓါတ်ခွဲခန်းတွေပို့ပြီး ခွဲခြမ်းစိတ်ဖြာတာမျိုးမရှိဘူး။
ဘာကြောင့်ဆိုတာ တိတိကျကျ မထုတ်ပြန်ဘူး။
ပြီးမှ ကျွမ်းကျင်သူဆိုတာတွေကို ဟိုလိုဒီလို ဝေဖန်ချက်တွေ ရေးခိုင်းတယ်။
နောက်ဆက်တွဲမေးစရာတွေက အများကြီး
အဲဒီဂိုဒေါင်ထဲကို အဲဒီပစ္စည်းတွေက ဘယ်သူ့ခွင့်ပြုချက်နဲ့ရောက်နေတာလဲ
အဲဒီပေါက်ကွဲမှုကြောင့် အခြားအဆောက်အဦးတွေပျက် စီးသွားတယ်၊ အဝေးက အိမ်တွေမှာတောင် မှန်တွေကွဲသွားတယ်။
အဲဒါ ဘယ်သူက လာပြီးလျှော်မှာလဲ။
၁၂၄လမ်းက အဆောက်အဦးတစ်ခု ပြိုသွားတယ် အဲဒီပေါက်ကွဲမှု အရှိန်ကြောင့်လို့ပြောတယ်၊ အလျှော်ရမှာလား။
သေသွားတဲ့သူတွေကိုရော ဘယ်လိုသတ်မှတ်မှာလဲ
အစိုးရ စက်ရုံက မတော်တဆ ထိခိုက်မှုလို သတ်မှတ်မှာလား
လမ်းပေါ်မှာ ကားအက်ဆီးဒန့်ဖြစ်သွားလို့ သေသွားတယ် လိုမျိုး သတ်မှတ်မှာလား
အခုသတင်းတစ်ခုထပ်ကြားရတယ်
အဲဒီနားက ဂိုဒေါင်းတစ်ခုမှာလည်း အခြားပေါက်ကွဲစရာတွေထပ်တွေ့တယ်တဲ့
တကယ်ထပ်တွေ့တာလား
အခြားပေါက်ကွဲစရာဆိုတာကို ထုတ်ပြပြီး ဒါနဲ့မတူတဲ့ မီးလောင်ပေါက်ကွဲသွားနဲ့ အရင်ဟာတွေကို ဖုံးကွယ်ချင်လို့လား
တဆိတ် မေးချင်လို့ပါ
လွှတ်တော် အမတ်များ ခင်ဗျား (စစ်တပ်အမတ်တွေလည်း ပါပါတယ်)
အခုဖြစ်နေတာတွေ ခင်ဗျားတို့နဲ့ မပတ်သတ်ဘူးလို့ ထင်နေကြလား ခင်ဗျား
ကိုယ့်နယ်မြေမဟုတ်လို့ မှိန်းနေကြလားခင်ဗျား
ကိုယ့်ကုလားထိုင် လှုပ်မှာစိုးလို့ ရေငုံနေတာလားခင်ဗျား
သေသွားတဲ့ သူတွေကို ခင်ဗျားတို့ရဲ့ မိသားစုဝင် အရင်းချာတွေလို့ ခံစားကြည့် စေချင်ပါတယ်
ဒီကိစ္စ ဒီလိုနဲ့ ပြီးမသွားစေချင်ပါ
ဒီလို ရူးချင်ယောင်ဆောင်တဲ့ အလေ့အကျင့်မျိုး မရှိစေချင်တော့ပါ
ပညာတတ်သူများ ဦးဆောင်ပေးကြပါ
ကျနော်တို့လူငယ်တွေ တာဝန်ကျေဖို့ အသင့်ရှိနေပါတယ်။
From YPI

1 comment :
ရဲမှူးကြီး ၀င်းနိုင် ကို အစဖျောက်လိုက်တာ ငါးလောင်းပြိုင်လူသတ်မှုကြောင့်ပဲ ဘယ်သူမှ ရဲမှူးကြီးဝင်းနိုင်ကိစ္စကို မမှတ်မိကြဘူးလား
Post a Comment