ဒေါ်အောင်ဆန်းစုကြည်က မြောင်းမြမြို့ခံပြည်သူများအား မိန့်ခွန်းပြောကြားရာတွင် ယနေ့လာသည့်လမ်းတလျှောက် တွင် သူမအနေဖြင့် ပြည်သူများ မည်မျှ ဆင်းရဲနေသည်ကို မြင်တွေ့ခဲ့ရကြောင်း၊ အထူးသဖြင့် တောင်သူလယ်သမားများ မည်မျှဆင်းရဲသည်ကို တွေ့ခဲ့ရကြောင်း၊ ထို့ကြောင့် သူမအနေဖြင့် နိုင်ငံရေးတာဝန် များ ပိုမိုကြီးမားလာပြီ ဖြစ်ကြောင်း ထည့်သွင်းပြော ကြားခဲ့သည်။ အလားတူ ဒေါ်အောင်ဆန်းစုကြည်က ၂ နာရီနီးပါးမျှ နေပူထဲတွင် စောင့်ဆိုင်းခဲ့ရသော ပြည်သူများအား တောင်းပန်ခဲ့သည်။ ၁၅ မိနစ်ခန့်မိန့်ခွန်းပြောကြားအပြီးတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့ဝင်များ ခရီးစဉ် ပြီးဆုံးသွားပြီဖြစ်၍ ရန်ကုန်သို့ ပြန်လည်ထွက်ခွါလာကြပြီဖြစ်သည်။
အဘ ဥက္ကာကိုကို ဖေ့စ်ဘွခ် မှ ...
1 comment :
အထူးသဖြင့် တောင်သူလယ်သမားများ မည်မျှဆင်းရဲသည်ကို တွေ့ခဲ့ရကြောင်း၊ ထို့ကြောင့် သူမအနေဖြင့် နိုင်ငံရေးတာဝန် များ ပိုမိုကြီးမားလာပြီ ဖြစ်ကြောင်း ထည့်သွင်းပြော ကြားခဲ့သည်။
မှတ်ချက်။ ။ ရှုံးပြီးပြန်လာရင် ကျမတစ်ယောက်တည်းလုပ်လို့မရဘူး။ အားလုံးဝိုင်းလုပ်ရမယ်။
အပြောင်းအလဲလိုချင်ရင် ကိုယ်တိုင်လုပ်လို့ပြောအုံးမှာပဲ။
ဒေါ်စုကို လေးစားတယ်။။ ဒါပေမဲ့ မင်းတို.လိုpersonal မကိုးကွယ်ဘူး။ စုံလုံးမှိတ်ပြီး ဖင်ကုန်းမကန်တော့ဘူး။ ဒီမိုကရေစီ နိုင်ငံတွေမှာ ခေါင်းဆောင်တွေကို ဝေဖန်လို.ရတယ်။ မျက်ကန်းမဟုတ်ဘူး
Post a Comment