Tuesday, 7 February 2012

မြောင်းမြ ပြည်သူလူထုကို ပြောကြားခဲ့တဲ့ မိန့်ခွန်း ကောက်နှုတ်ချက်

ဒေါ်အောင်ဆန်းစုကြည်က မြောင်းမြမြို့ခံပြည်သူများအား မိန်ခွန်းပြောကြားရာတွင် ယနေလာသည့်လမ်းတလျှာက် တွင် သူမအနေဖြင့် ပြည်သူများ မည်မျှ ဆင်းရဲနေသည်ကို မြင်တွေ့ခဲ့ရကြောင်း၊ အထူးသဖြင့် တောင်သူလယ်သမားများ မည်မျှဆင်းရဲသည်ကို တွေခဲ့ရကြောင်း၊ ထို့ကြောင့် သူမအနေဖြင့် နိုင်ငံရေးတာဝန် များ ပိုမိုကြီးမားလာပြီ ဖြစ်ကြောင်း ထည့်သွင်းပြော ကြားခဲ့သည်။ အလားတူ ဒေါ်အောင်ဆန်းစုကြည်က ၂ နာရီနီးပါးမျှ နေပူထဲတွင် စောင့်ဆိုင်းခဲ့ရသော ပြည်သူများအား တောင်းပန်ခဲ့သည်။ ၁၅ မိနစ်ခန်မိန်ခွန်းပြောကြားအပြီးတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့ဝင်များ ခရီးစဉ် ပြီးဆုံးသွားပြီဖြစ်၍ ရန်ကုန်သို့ ပြန်လည်ထွက်ခွါလာကြပြီဖြစ်သည်။

အဘ ဥက္ကာကိုကို ဖေ့စ်ဘွခ် မှ ...

1 comment :

Anonymous said...

အထူးသဖြင့် တောင်သူလယ်သမားများ မည်မျှဆင်းရဲသည်ကို တွေ့ခဲ့ရကြောင်း၊ ထို့ကြောင့် သူမအနေဖြင့် နိုင်ငံရေးတာဝန် များ ပိုမိုကြီးမားလာပြီ ဖြစ်ကြောင်း ထည့်သွင်းပြော ကြားခဲ့သည်။
မှတ်ချက်။ ။ ရှုံးပြီးပြန်လာရင် ကျမတစ်ယောက်တည်းလုပ်လို့မရဘူး။ အားလုံးဝိုင်းလုပ်ရမယ်။
အပြောင်းအလဲလိုချင်ရင် ကိုယ်တိုင်လုပ်လို့ပြောအုံးမှာပဲ။
ဒေါ်စုကို လေးစားတယ်။။ ဒါပေမဲ့ မင်းတို.လိုpersonal မကိုးကွယ်ဘူး။ စုံလုံးမှိတ်ပြီး ဖင်ကုန်းမကန်တော့ဘူး။ ဒီမိုကရေစီ နိုင်ငံတွေမှာ ခေါင်းဆောင်တွေကို ဝေဖန်လို.ရတယ်။ မျက်ကန်းမဟုတ်ဘူး