Sunday, 26 February 2012

ဆင်းရဲသားတိုက်ဖျက်ရေး

လသာမြို့နယ်တစ်နေရာတွင် ဖြစ်သည်။
ဆိုက်ကားသမား လူငယ်သည် အထုပ်ကလေးကိုကိုင်၍ ငေးကြည့်ကျန်ရစ်သည်။ သူ့ဆိုက်ကားကို စည်ပင်ဝန်ထမ်းများက တွန်းယူသွားသည်။ လမ်းဘေးလက်ဖက်ရည်ဆိုင်မှ လူများက သူ့ကိုကြည့်ပြီး သနားနေကြသည်။ သနားရုံသာတတ်နိုင်သည်။ စည်ပင်များ ဝေးဝေးရောက်သော် ခပ်တိုးတိုးကလော်တုတ်ကြသည်။

ဘုန်းကြီးတစ်ပါး။ ။ ဆင်းရဲသားတိုက်ဖျက်ရေးလုပ်နေတာလေ။

ကွမ်းယာသည်အမျိုးသမီးကြီး။ ။ ဒါဆိုလည်း ဆင်းရဲသားတွေအကုန်လုံးကို တန်းစီပြီး သေနတ်နဲ့သာ ပစ်သတ်လိုက်ပါတော့။

ကွမ်းယာဝယ်သူတစ်ဦး။ ။ ထွီ.......။

1 comment :

ARTARLOOT said...

ကိုမိုးသီး ဘာရည်ရွယ်ချက်နဲ့ ဥက္ကာကိုကို စာတွေတင်ပေးနေလဲနားမလည်ဘူးဗျာ။ ကျွန်တော်ဖတ်မိသလောက်တော့ သူရေးတာတွေက ဘာမှ အခြေအမြစ်မရှိဘူး။ ဟိုတစ်ပတ်က ဦးသိန်းစိန် ဓါတ်ပုံအရိုက်ခံတဲ့ ပုံနဲ့ သူ သရော်ထားတာကလဲ လူတစ်ယောက်ကို နဖူးပြောင်နေတာ နဲ့ ဖဲ့ထားတဲ့အဆင့်ပဲရှိတယ်။
အခု စာ ကလဲဘာလဲ။ ဆိုက်ကားသမား ရဲ့ ဆိုက်ကားကိုစည်ပင်ကတွန်းယူသွားတယ်။ဘာကြောင့်တွန်းသွားတာလဲ။လိုင်စင်မဲ့မောင်းလို့ လား။ ဘာဖြစ်လို့ လဲ ဘာဆိုလိုချင်တာလဲ။ ဥက္ကာကိုကို ကိုပြောချင်တာကတော့ မြန်မာပြည်မှာဆင်းရဲနေတာ ဆိုက်ကားသမားမှမဟုတ်ပါဘူး။ အဲဒိစည်ပင်ဝန်ထမ်းတွေလဲပါတယ်လေ။ ဆင်းရဲ မွဲတေမှုတိုက်ဖျက်ရေးဆိုတာ ညတွင်းချင်းထ လုပ်လို့ ရတဲံ့အရာမျိုးလဲမဟုတ်ဘူး။ ဥက္ကာကိုကို စာများများဖတ်ပါလို့ တိုက်တွန်းပါတယ်။

ဗေလုဝ