Saturday, 25 February 2012

အပိုင်း(၂) (ခ) နိုင်ငံရေး ကြားကာလ စပ်ကူးမတ်ကူးကာလ (အဆက်)


 လောလောဆယ်ငြိမ်းချမ်းရေးဆိုတာ

လောလောဆယ်ငြိမ်းချမ်းရေးဆိုတာ ကတော့ ပြည်တွင်းစစ် ရပ်ဆဲဖို့ အတွက် အစိုးရက လက်နက်ကိုင်ထားတဲ့ တိုင်းရင်းသား အဖွဲ့တွေနဲ့ လိုက်စကားပြော ၊ လိုက်ညှိရတဲ့ ပဏါမ အဆင့်ပဲရှိပါသေးတယ်။

လောလောလပ်လပ် အစိုးရဖက်က မီးရထာဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့ နဲ့ ဦးအောင်သောင်းဦးဆောင်တဲ့ အဖွဲ့နှစ်ဖွဲ့ က အတိုက်ခံအဖွဲ့တွေနဲ့ တွေ့ဆုံ ၊ လက်မှတ်လိုက်ထိုးတဲ့ အဆင့်ပဲရှိပါသေး တယ်။ အစိုးရအဖွဲ့ အတွင်းမှာလည်း အချင်းချင်း ညှိကြရသလို လက်နက်ကိုင်တိုင်းရင်းသားတွေဖက် မှာလည်း အချင်းချင်း ညှိကြရတဲ့ သဘောတွေရှိကြတယ်။ ဒါ လက်နက်ကိုင်တိုက်တဲ့ State ကနေ ဦးဏှောက်သုံးပြီး ဆွေးနွေးရတဲ့ State ကိုအပြောင်းမှာ Inertia ဆိုတာရှိနေသေးတာကြောင့် နှစ်ဖက်စလုံးမှာ မပြောင်းချင်တဲ့ သူတွေရော ၊ အပြောင်းအလဲကို စိုးရွံ့ သူတွေရော ရှိကြမှာ ဓမ္မတာပါပဲ။ ဒါပေမဲ့ အပြောင်းအလဲ ကိုလက်မခံပဲ ၊ ငြိမ်းချမ်းရေးကို မရှာပဲ ပြန်လည်ထူထောင်ရေး ဆိုတာကို လုပ်လို့မှမရပဲ။ ကိုယ့်လူမျိုး ကိုယ်ချစ်ရင် ကိုယ့်အမျိုးသားတွေ တိုးတက်ရေးဟာ ပဓါန မကျဖူးလား။ နောက် တစ်ချက် က တိုင်းရင်းသားတွေ အတွက် Demographics ပြဿနာရှိတယ်။ ဥပမာ ကချင်ပြည်နယ်မှာ ကချင်လူဦးရေက တသန်းနှစ်သန်းရှိတယ်ပဲထား။ လူများစု ဖြစ်တဲ့ မြန်မာလူမျိုးက သန်း၂၀-သန်း ၃၀ ရှိရင် လူဦးရေ တိုးတဲ့နှုန်းက မမျှတဖူး ။ ဒါကြောင့် (အချိန်) ဖြုန်းလို့ မရ ။ ပညာတတ်တဲ့ ၊ ဥါဏ်ရှိတဲ့ တိုင်းရင်းသားခေါင်းဆောင် တွေက ဒီပြဿနာကို နားလည်ပါတယ်။

ဆက်ဖတ်ရန် ခေါင်းစဉ် ကို နှိပ်ပါ။




တိုင်းရင်းသား ပြဿနာကို ဖြေရှင်းရာမှာ မျှတမှု ၊ တိုးတက်မှု နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Autonomy) ဟာအရေးပါတယ်လို့မြင်မိတယ်။ ထိုင်းနိုင်ငံမှာလည်း မြန်မာနိုင်ငံက တိုင်းရင်းသားများနည်းတူ ရှမ်း ၊ မွန် ၊ ကရင် ၊ (အခါ) တိုင်းရင်းသားမျိုးစုံ ရှိကြတာပဲ။ ထိုင်းနိုင်ငံ ရာဇ၀င်ကိုပြန်ကြည့်ရင် မြန်မာနိုင်ငံ နည်းတူ မြေပြန့်က စူကိုထိုင်း တွေက ကြီးစိုးထားတာပဲ။ စစ်အာဏါရှင် ဘီပွန်စွန်ကရိုင်း လက်ထက် ကတည်းက (ခွန်ထိုင်း) ဆိုပြီး Nationalism ကိုရိုက်သွင်းသွားတာ ယနေ့အထိပဲ။ တောင်ပေါ်သား လူနဲစု တွေကို Second Class Citizen အဖြစ်သာ ဆက်ဆံကြတာ မခံချင်စရဲာ။ ဒါပေမဲ့ ထိုင်းတွေက မြန်မာတွေလို မမိုက်ဖူး စီးပွားရေး ချောင်လည်အောင် လုပ်ပေးထားတယ်။ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံလို တိုးရင်းသားပြဿနာ မကြားရဖူး မဟုတ်လား။ တကယ်တော့ ထိုင်းနိုင်ငံမှာလည်း ခေတ်အဆက်ဆက် ထိုင်းစစ်ဗိုလ် ချုပ်ကြီးတွေနဲ့ သူတို့ရဲ့ Cronies တွေဖြစ်တဲ့ Bangkok Elite တွေပဲ ခွစားထားကြတာပါ။ ထိုင်းဗိုလ်ချုပ်တွေက မြန်မာဗိုလ်ချုပ်တွေထက် ဥါဏ်ရှိတာက အုပ်ချုပ်ရေး အာဏါကို အနောက်ကနေပဲ ဒါးထောက် ကိုင်ထားပြီး စီးပွားရေးကို စီးပွားရေးနားလည်တဲ့ အရပ်သားပညာရှင်တွေ လက်ထဲထဲ့ထားပြီး ထိပ်က အဆီအနှစ်ကို အသာလေးခူးစားတာပဲ။ မြန်မာ ဗိုလ်ချုပ် တွေက အုပ်ချုပ်ရေးအာဏါလည်း လိုချင်တယ် ၊ ကိုယ်နားမလည်တဲ့ စီးပွားရေးကိုလည်း အာဏါနဲ့ ကိုင်တော့ တစ်တိုင်းပြည်လုံး မွဲပြာကျပြီး ပြည်တွင်းစစ်လည်း မရှည်သင့်ပဲ ရှည်ခဲ့ကြရတာပေါ့။ နိုင်ငံ တိုင်းမှာ စား-၀တ်-နေရေး အဆင်ပြေနေရင် ဘယ်သူမှ ဆူဆူပူပူမလုပ်ကြပါဖူး။

ထိုင်းတွေလည်း ပြဿနာတက်နေပါပြီ။ Red Shirt ပြဿနာက မသေးဖူး။ တောင်ပိုင်း မြောက်ပိုင်း ခွဲကြရအောင်လို့ ပြောလာတဲ့သူတွေ ရှိလာပြီ။ မျှတမှု မရှိရင် တော့ပြဿနာတဆိုတာ ရှိမှာပဲ။
လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေက (အမှား) ကို (မျှတမှု) နဲ့ (အမှန်) လုပ်ဖို့ အကောင်းဆုံး အချိန်ပဲ။

လက်ရှိငြိမ်းချမ်းရေးနဲ့ ထောက်လှမ်းရေတွေရဲ့ ငြိမ်းချမ်းရေး ဘာကွာသလဲ

ဒီမေးခွန်းကို လူအများ သိချင်ကြမှာပဲ။
စာရေးသူ ဥါဏ်မှီသလောက် သုံးသပ်လို့ရတာကတော့ ….
ထောက်လှမ်းရေးတွေ ငြိမ်းချမ်းရေးလုပ်စဉ်က Solution-based Negotiation မဟုတ်ဖူး
စစ်အာဏါရှင် စနစ် အသက်ရှူချောင်စေဖို့ Interest-based negotiation သက်သက်ပဲ။
Ceasefire အဆင့်က မကျော်ဖူး။
ခေါင်းဆောင်တွေကို ပေးစားပြီး ငြိမ်းချမ်းရေး ယူတာကလွဲလို့ အောက်ခြေတိုင်းရင်းသားတွေ အတွက် ဘာအကျိုးမှ မခံစားကြရရှာဖူး
Structural Change နဲ့ Essence-based change မဟုတ်ဖူး။
အခုဟာ က Structural Change အတွက် ရည်မှန်းချက် ပါတယ်။
လုပ်ကွက်မှန်ရင် Essence-changed ဖြစ်မှ ၊ Constitutional Change ဖြစ်မှ ရေရှည် permanent change ဖြစ်နိုင်စရာ ရှိတယ်။
နောင်ဆုံး အဆင့် Constitutional discussion and change ဟာ အခရာပဲ။ Essence အနှစ် ပါလာရင် permanent change ဖြစ်မှာပဲ။
ဒီ Constitutional discussion မှာ အရေးကြီးတဲ့ Essence ကိုအရေးပေးလို့လိုတယ်။ လူမျိုးစုံ ၊ လူတော်ပေါင်းစုံ ပါမှဖြစ်မယ်။ Essence ဆိုတဲ့နေရာမှာ နိုင်င်ငံရေးသမား ကြည့်တာနဲ့ Professional ကြည့်ကြတာချင်းမတူဖူး။ နိုင်ငံရေးသမားက Long Term Consequence နဲ့ Ramification ကိုကြည့်တာ။ Lawyers သက်သက်က Technicality ကိုကြည့်တာ။ မတူဖူး။

လောလောလတ်လတ် ပြည်ထောင်စုနေ့ က တိုင်းရင်းသားတွေနဲ့ ဒေါ်စု တွဲပြီး ရိုက်ထားတဲ့ ဓါတ်ပုံတွေ တွေ့လိုက်ရပြီး ၊ ထပ်ဆင့် ဒေါ်စု ကော့မှူးကို စည်းရုံးရေးထွက်တော့ နယ်ခံ ကရင်တွေက ကြိုဆို တဲ့ ပုံတွေကို တွေ့ရတော့ အားရမိတယ်။ ဒေါ်စုကို တိုင်းရင်းသားတွေကပါ ထောက်ခံရင် ပွဲပြီးနိုင်တယ်။ ဒေါ်စုမှာ Credibility ရှိပြီးသား။ မျှတမှု ရှိပြီးသား။ Conviction ရှိပြီးသား။ ဒါကြောင့် တိုင်းရင်သား - မြန်မာ ယုံကြည်မှု တည်ဆောက်ရေးမှာ ဒေါ်စု ဟာ မဏ္ဍိုင်လာဖြစ်ရင် အဖြေမှာ Essence ပါလာလိမ့်မယ်။ တိုင်းရင်သားတွေ ဒေါ်စုကို ထောက်ခံတမြင်ရတော့ ..ဘယ်လိုကြည်နူးမိမှန်း မသိ။

အစိုးရအထဲမှာလည်း တိုင်းပြည်အတွက် အကျိုးပြုလိုသူတွေရှိပါတယ်။

အတိုက်ခံဆိုသူတွေရဲ့ အတွေးမှာ မဲမဲမြင်ရင်ပစ်ချင်သလို အစိုးရဆိုတာနဲ့ လူဆိုးတွေကွ ဆိုတဲ့ ၀ါးလုံးရှည်နဲ့ရမ်းချင်တဲ့ အတွေး က ကြီးစိုးဆဲလို့ထင်မိတယ်။ အတိုက်ခံတွေထဲမှာလည်း စေတနာမမှန်တဲ့သူတွေ ရှိသလို အစိုးရထဲမှာလည်း တိုင်းပြည်အတွက် စေတနာရှိသူတွေ မရှိနိုင်ဖုးလို့ပြောနိုင်မလား။ စစ်ဗိုလ်တွေထဲမှာကော တိုင်းပြည်ချစ်တဲ့သူတွေ မရှိဖူးလို့ ပြောလို့ရမလား။ တိုင်းပြည်ဆိုတာ အားလုံးနဲ့ဆိုင် တာပဲ။ ဒို့အတိုက်ခံတွေမှ တိုင်းပြည်ချစ်တာကွလို့ ထင်ကြရင် တဖက်သပ် မဆန်လွန်းနိုင်ဖူုးလား ။

စာရေးသူ အလွန်လေးစားပြီး ဥါဏ်ကြီးတဲ့ စာရေးသူရဲ့ မိခင်ကြီးက ဆုံမ သွားဖူးတယ်။ သားတဲ့ .. ဥါဏ်ရှိတဲ့သူဆိုရင် ရန်သူဖြစ်ဦးတော့ ကြောက်စရာမလိုတဲ့ … ဥါဏ်ရှိရင် သတိရှိနိုင်တယ်။ သတိရှိရင် အလွန်အကျွံ မဖြစ်ဖူးတဲ့ ။ ဥါဏ်နဲတဲ့သူဆိုရင် သတိသာထားပေတော့တဲ့ … မိတ်ဆွေရောင်းရင်ပင်မကလို့ သားသမီး ညီအကိုမောင်နှမ ဖြစ်ဦးတော့ ဥါဏ်နဲရင် အလွန်အကျွံ့ ဖြစ်တတ်သည်တဲ့ ။ ယနေ့ အင်တာနက်အပေါ်မှာ လူပြောများနေကြတဲ့ အေဘီမြောက်ပိုင်းက ကွပ်မျက်မှုတွေ ၊ ဖြုတ်-ထုတ်-သတ် တွေဟာ ဥါဏ်နဲလို့ ဖြစ်ရတာလို့ ငြင်းချက်မထုတ် နိုင်ဖူးလား။ ဥါဏ်ရှိတယ် မရှိဖူး ဆိုတာ တကယ် တော့ capacity ကမြစ်ဖျားခံလာတာပဲ မဟုတ်ဖူုးလား။ စိတ်ဓါတ်နဲ့လည်း ဆိုင်ပါတယ်။ Revenge Politics ကိုအားသန်နေရင်တော့ ရလဒ်ကိုခန့်မှန်းနိုင်ပါတယ်။

Adapt လုပ်နိုင် မလုပ်နိုင် အပေါ်မူတည်ပြီး … ဘ၀ ခြားသွားပြီပဲပြောရမလား မသိတော့ဖူး ။

လူ့လောကမှာ သေကွဲ ကွဲကြရုံမက ရှင်ကွဲ ။ ကွဲကြရတဲ့ အဖြစ်အပျက် တွေလည်း ရှိကြတာပဲ မဟုတ်လား။ လောလောဆယ် နိုင်ငံရေးပြောင်းလဲမှု ကာလ အဓိကအခြေခံ ကြတဲ့ အချင်တစ်ချက်ကတော့ ၊ စနစ်ပြောင်းလာတာကို Adapt လုပ်နိုင်သလား ၊ မလုပ်နိုင်ဖူး ဆိုတာပဲ။ လူ့လောကမှာ မိမိမျှော်မှန်းထားသလို ဖြစ်လာတာရှားသားးပဲ မဟုတ်လား။ မိမိမျှော်မှန်းသလို မဖြစ်လာခဲ့ရင် ဖြစ်လာတဲ့ အခြေ အနေမှာ အကောင်းဆုံးဖြစ်လာအောင် စွမ်းဆောင်နိုင်သူဟာ Adapt လုပ်နိုင်သူလို့ဆိုရမယ်။ တခါက အလွန်အောင်မြင်တဲ့ Venture Capitalist တယောက်ကို သတင်းတောက် တစ်ယောက်က မင်းဘယ် လိုလူကို ရှာသလဲလို့ မေးခွန်းထုတ်ခဲ့ရာ ၊ Adapt လုပ်နိုင်သူကိုပဲ ရှာတယ်လို့ဖြေကြားတာ မှတ်သားခဲ့ဖူုးတယ်။ နိုင်ငံရေးမှာလည်း Adaptation ဟာအရေးကြီးတယ်လို့ထင်မိတယ်။ ဘယ်လိုလူတွေက Adapt လုပ်နိုင်သလဲမေးရင် ပြောင်းလဲမှု ကို နားလည်သူမှ ပြောင်းလဲရမယ်ဆိုတာကို သိတော့မပေါ့။ ပြောင်းလဲမှုကိုနားလည်ဖို့ ဘာလိုသလဲ ထပ်မေးရင် နောက် ဆုံး Capacity ပဲပြန်ရောက်တာပဲ။ နောက်ဆုံး နှစ်ဖက်စလုံးမှာ ပြောင်းလဲမှု ကိုနားမလည်ပဲ Adapt မလုပ်နိုင်သူတွေစာ တဖြည်းဖြည်းကျန်ခဲ့ကြမှာပဲ။ ရထားကြီးက ထွက်သွားပြီလေ။

ဗိုလ်ချုပ်တို့ခေတ်ကလည်း ဗိုလ်ချုပ်တို့ကို အင်္ဂလိပ်အလိုတော်ကြီးတွေဆိုပြီး ကလော်ကလော်ဆဲရင်း အောင်ဆန်း ဘယ်လဲ ဘာလဲ ရိုင်းရိုင်းဆိုင်းဆိုင်း မေးလာသူတွေဟာ လွက်လပ်ရေး ရထားကြီး ကထွက်သွားပြီ ၊ ဒင်းတို့က ဆဲလို့ကောင်းကြတုန်း။ နောက်ဆုံး ဖြတ်လေးဖြတ်နဲ့မိပြီး တွင်းအောင်းရတဲ့ နိုင်ငံရေး မြေကြွက်ကြီးတွေ ဘ၀နဲ့ ဇာတ်သိမ်းမလှခဲ့ကြ။

အခုလည်း မနေနိုင်တော့လို့ ဒေါ်စု ကိုစိမ်ခေါ်ပြီ ၊ ဒေါ်စုဘယ်လဲ ဘာလဲ ဆိုတဲ့ ပေမမှီ ဒေါက်မမှီ လက်ဝဲစွန်း ရဲရဲနီတွေ ဒီမိုကရေစီ ရထားကြီး ထွက်သွားတာကို မသိလိုက်ဖူး။ အော်လို့ ၊ ဆဲလို့ ကောင်းကြတုန်း။ တသက်လုံး လူထု ၊ လူထု ဆိုပြီး အော်လာလိုက်ကြတာ ၊ လူထုက ဖင်ကြားထဲတောင် မထဲ့ဖူး။ ဒေါ်စု မဲဆွယ် တခါထွက်လိုက်မှ ထွက်လာလိုက်ကြတဲ့ လူထုကြီးက ၀က်ဝက်ကွဲ လူပင်လယ်ကြီး။ အစစ် နဲ့ ဆေးစိုးပန်းရိုက် ကွာလိုက်ပါဘိ။

ဦးဝင်းတင်ကိုလေးစားရမယ်

ဦးဝင်းတင်ဟာ သူ့ရဲ့ နိုင်ငံရေးခံယူချက်ကြောင့် ကိုယ်တိုင် ရှေ့တန်းသို့ မချီတက်နိုင်။ သို့သော် ပါတီ နဲ့ ဒေါ်စု အပေါ် သစ္စာစောင့်သိလျက် .. သစ္စာမပျက်…. တိုက်ပွဲ အသစ် အတွက် စိတ်သစ် လူသစ် နဲ့ သွေးသစ်လောင်းထားတဲ့ လူငယ်ခေါင်းဆောင် အသစ်တွေနဲ့ အောင်လံတလူလူ လွှင့်ခါ ချီတက်သွားကြပြီ ၊ တော်လှန်ရေး သမားဟောင်းကြီးတွေက မြို့စောင့်တပ် အနေနဲ့ ကင်းစောင့်ကျန်ခဲ့တယ်။ ရန်သူ အလစ် ၀င်မဆီးနိုင်အောင်။ လေးစားပါတယ် အဘ ဦးဝင်းတင်။ မှတ်တမ်းတင်ပါရစေ။

တပ်တော်ဦးစီမျှော်လိုက်ပြန်တော့
ရဲတံခွန်တွေလေကစား
ကြွားတလူလူပေ

တံခွန်တွေအလန်တွေ
ရဲမာန်ပွားလောက်ပေ

နတ်ရှင်နောင်ရဲ့ နံမည်ကျော် ရထုကိုသွားသတိရမိတယ်။
ဒါပေမဲ့ ဒီစစ်ပွဲက ကာယအားကိုးရတဲ့ စစ်ပွဲမဟုတ် ၊ ဥါဏအားကိုးရတဲ့စစ်ပွဲ
ဒါကြောင့် ပါလီမန်ထဲမှာ တော်လှန်ရေးသမားတွေနဲ့ တိုက်လို့မရ
ဥါဏ်ကိုလွှာသုံးရမဲ့ တိုက်ပွဲ
ပညာတတ် လူုငယ်တွေနဲ့ ၀န်းရံရမဲ့ အချိန်ကာလ

ကြားဖြတ်ရွေးကောက်ပွဲပြီးရင် ပါလီမန်ထဲမှာ နေရာယူပြီးရင် ပြည်သူတွေကိုယ်စား တောင်းဆိုရတော့မယ်
ပါလီမန်ဆိုတာ ဒို့အရေး အော်တဲ့နေရာမဟုတ်။
ပြည်သူအတွက်အကျိုးရှိမဲ့ ဥပဒေတွေတင်ရတော့မယ်။
အစိုးရ ဘတ်ဂျက် ၊ အစိုးရ ပရိုဂန်တွေ ကိုဆန်းစစ်ခွင့်ရတော့မယ်။
လောလောဆယ်မှတော့ မဲအနိုင်ရမှာ မဟုတ်သေးဖူး
စစ်မှန်တဲ့ အတိုက်အခံ ပါလီမန်မှာ ပါဝင်လာတာပဲ ရှိဦးမယ်။
ပါလီမန်တိုက်ပွဲ မှာ ပါလီမန်စည်းမျဉ်းတွေရှိတယ်။ ဘောင်ထဲက တိုက်ရမှာဖြစ်တဲ့ အတွက် နည်းပရိယာယ်တွေရှိတယ်။
ဒီကြားထဲမှာ အစဦးမှာ လူနဲစု အနေနဲ့ ရပ်တည်ရမှာ။ စိတ်စောလို့ မရဖူး။ စိတ်လောလို့ မရသေးဖူး။
စိတ်နိုင်တဲ့ ၊ ဥါဏ်ရှိတဲ့ ၊ ဦးဏျောက်ကိုလွှာ သုံးနိုင်တဲ့ လူလတ် ပညာတတ် အမတ်တွေလိုတယ်။

ပြည်တွင်း က လူငယ်တစ်ယောက် က ဆွေးနွေးလာတယ် တော်လှန်ရေးသမားတွေ ဘာလုပ်ရမှာလဲတဲ့
စာရေးသူကတော့ ဒေါ်စုကို ယုံပါလို့ အရင်ပြောချင်တယ်။
ဒုတိယ အကယ်၍ ပါလီမန် အတွင်းတိုက်ပွဲအောင်မြင်ရင် ဒီမိုကရေစီ လမ်းကြောင်းအပေါ် ရောက်မယ်။ ဒါဆိုတိုင်းပြည် အတွက်ကောင်းတယ်။
ရောက်ပါစေလို့ ဆုတောင်းရမယ်။ ရောက်အောင် စိတ်အားလူအား တတ်နိုင်သမျှ ကူုညီကြရမယ်။
ဒီလမ်းကြောင်း အပေါ်ရောက်ရင် တော်လှန်ရေးသမားတွေ ဟာ တိုင်းပြည်ထူထောင်ရေးသမား တွေအဖြစ်ပြောင်လဲရမယ်။
ဒါကြောင့် မိုးမပြို ၊ ပြုခဲ့သည်ရှိသော် ဆိုတဲ့ အသိနဲ့ ဦးဝင်းတင် ရဲ့မြို့စောင့်တပ်မှာ ၀င်အမှုထမ်း ရင်း Capacity မြင့်အောင်ကြိုးစားကြပို့ ကောင်းတယ်။

စာရေးသူကတော့ တရုတ် ဒုဥက္ကဋ္ဌဟောင်း Chen Yun ကိုအတုယူစေချင်တယ်။ Chen Yun ဟာ အထက်တန်းပညာရေး အထက်ဘာ formal education မှမရှိ ပေမဲ့ တရုတ်ပြည်ကြီးရဲ့ စီးပွားရေး ကိုပဲ့ကိုင်သွားတဲ့ ထိပ်တန်း တရုတ်ခေါင်းဆောင် (၅) ယောက်ထဲမှာ တဦးအပါအ၀င်ဖြစ်တယ်။ အလုပ်သမားစည်းရုံးရေးမှူးကနေတက်လာတဲ့ တော်လှန်ရေးသမား စစ်စစ်။ ဒါပေမဲ့ တိုင်းပြည်ထူထောင်ရတဲ့ ကာလကြတော့ ထူထောင်ရေးသမား အဖြစ် ဘ၀ပြောင်းခဲ့ရတယ်။ နိုင်ငံရေးသမားဆိုတာ လိုအပ်တဲ့အချိန်မှာ လိုအပ်တာကိုလုပ်နိုင်ဖို့လိုတယ်။ တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းတို့ဟာ လက်နက် ကိုင်မှရမယ်လို့ဆုံးဖြတ်ကြတော့ အပင်ပန်းခံ အသက်ကို ပဓါန မထားပဲ ဂျပန်ငပုတွေစီမှာ ပါးရိုက်ခံပြီး စစ်ပညာသင်ခဲ့ကြရတာပဲ မဟုတ်လား။ မိမိ Capacity မိမိပဲမြှင့် နိုင်တာပါ။ နောက် ပညာတတ် (Intellect) ဆိုတာ ဘွဲ့နဲ့ မဆိုင်ဖူး။ အတွေးအခေါ်ရှိဖို့လိုတယ်။ Analytical ဖြစ်ဖို့လို့တယ်။ နက်နက်တွေးနိုင်တဲ့ Deep Thinking ရှိဖို့လိုတယ်။ ချောင်အင်လိုင်းတို့ တိန်လျောက်ပိန်တို့ Chen Yun တို့ ဟာ ကြီးမားရှည်လျားတဲ့ ဘွဲ့ကြီးတွေ ရခဲ့တာမှ မဟုတ်တာ။ ဒါပေမဲ့ နိုင်ငံရေး (အသိ) ရှိတာကြောင့် (အတွေးအခေါ်) ရှိတယ်။ ပညာတတ်တွေဆိုတာထင်ရှားတယ်။ တခုတော့ရှိတယ် အခြေခံရှိကြတော့ အလုပ် နဲ့ တာဝန်ကသင်သွားကြတာပဲ။ တော်လှန်ရေးသမားတွေ ပါတီတာဝန်ထမ်းဆောင်ရင်း Capacity့ မြင့်လာအောင် လုပ်နိုင်ကြမှပါ။ ဒီလို ပြောလို့ စော်ကားတယ် မထင်လိုက်ကြပါနဲ့။ မြန်မာနိုင်ငံအတွင်းမှာ အများစု ရဲ့  အဓိက အားနဲချက်က Capacity ပဲ။ မိမိတို့ရဲ့ အားနဲချက်ကို လက်ခံမှသာ တိုးတက်မှုကို လိုချင်မှာ မဟုတ်ဖူးလား။

ဒေါ်စုရဲ့ အင်အား

ပထမ အနှစ် (၂၀) ကျော် စစ်အာဏါရှင် ထူထောင်တဲ့ ကာလ မှာ ဒေါ်စုဟာ ရင်ကော့ပြီး သတ္တိပြခဲ့တယ်။ Principle အပေါ်ရပ်ခဲ့တယ်။ ဒါကြောင့် မြန်မာနိုင်ငံက ပြည်သူတွေ က ချစ်ခဲ့ကြတယ်။ လေးစားခဲ့ကြတယ်။ ဒေါ်စု ဟာ မြန်မာနိုင်ငံသားတွေအတွက် မျှော်လင့်ချက် Hope ပဲ။ နောက်တဆင့် ကမ္ဘာကပါလေးစား ထောက်ခံတဲ့ ဒီမိုကရေစီ အိုင်ကွန် ဘ၀ကိုရောက်ခဲ့ရတယ်။ ပြည်တွင်း -ပြည်ပ ထောက်ခံမှု ဟာ ဒေါ်စုရဲ့ (အား) ပဲ။ ဒါတွေဟာ Political Capital ပဲ။ နိုင်ငံရေးမှာ Support ကိုမှန်မှန်ကန်ကန် သုံးတတ်တဲ့ နိုင်ငံရေး သမားဟာ အောင်မြင်တာပဲ။ သုံးခွင့် မရခဲ့ရင် အလဟာသ Waste ဖြစ်သွားမှာပဲ။ ဒေါ်စု ရဲ့ အနှစ်က Principle & Conviction ပဲ။ သူ့ရဲ့ ယုံကြည်မှုဟာ ပြင်းထန်တယ်။ သူဟာ အကြမ်းမဖက်တဲ့ ၀ါဒ Non Violence ကို ယုံကြည်တယ်။ ဒေါ်စု သာ Confrontation ကိုလက္ခံ ရင် သူ့ရဲ့ Support ဟာ People Power အတွက် ပွဲကြီးပွဲကောင်းပဲ။ ဒါကို အစွန်းရောက် တော်လှန်ရေးသမားတွေက အသုံးချချင်ကြတာ။ ဒေါ်စုက အကြမ်းမဖက် တဲ့ ၀ါဒကို လက်ကိုင်ထားတော့ အခက် တွေ့ခဲ့ကြရတယ်။ ဒီအားကြီးကို မသုံးရကောင်းလားဆိုပြီး အားမလို အားမရာက ဝေဖန်ကြတယ် ၊ ဆော်ကားကြတယ်။

အစိုးရကသာ စစ်အာဏါရှင်စနစ် လမ်းကြောင်းကိုသာ ဆက်လျှောက်ရင်လည်း ဒွိဟ Dilemma ဖြစ်စရာရှိတယ်။ Political Capital နဲ့ Support ကိုတည်ဆောက်ထားပြီး မသုံးလိုက် ရရင် နှမြော စရာကြီး။

အစိုးရက လမ်းကြောင်းပြောင်း သွားတော့ ဒေါ်စု ရဲ့ Support ကို ငြိမ်းချမ်းသောနည်း နဲ့ အသုံးချ ဖို့ အခွင်အရေး လာဖြစ်တယ်။ လက်ရှိ ဒေါ်စု ကို တိုင်းပြည် နဲ့ လူထု  က ချစ်တာ ၀က်ဝက်ကွဲ အောင်ကြိုဆို ကြတာကိုမြင်ရတော့ … ဒေါ်စု ရဲ့ နောက်က ထောက်ခံမှု ကို ကမ္ဘာက သိသွားပြီ။ အစိုးရ ကလည်းမြင်သွားပြီ။

ရေစီးသန်တဲ့ မြစ်ကို လမ်းကြောင်းမှန် အောင် တဲ့ပေးပြီး ရေအားနဲ့ Turbine တွေကိုမောင်းရင် အများ အတွက် အကျိုးရှိတဲ့ လျှပ်စစ်ကို ထုတ်နိုင်တယ်။
အထိန်းအကွပ် မရှိ ရေကြီးရင် ဒီရေအား ကပဲ လူတွေ အိမ်တွေကို ဖျက်စီးပြန်ရော။
ဒေါ်စု က သူ့ရဲ့ ထောက်ခံမှု ကို အကျိုးရှိရှိ သုံးချင်တယ်။
ဥါဏ်နဲတဲ့ သူတွေ က ဒီ ထောက်ခံမှု ကိုသုံးပြီး စနစ်ဟောင်းကို ဖျက် စနစ်သစ် ထူထောင်ချင်တယ်။
ပြောင်းသွားတဲ့ လမ်းကြောင်း ကိုအခွင့်အရေးယူပြီး ဒေါ်စု က evolution နဲ့ တဖြည်းဖြည်းပြောင်းချင်တယ်။
အစွန်းရောက်တွေက revolution ကနဲနမှ လျော့နိုင်။ သို့သော် revolution ဘယ်လို နိုင်အောင် ဖေါ်ဆောင်မယ်ဆိုတာကိုတော့ မစဉ်းစားထားကြ။

ဘ၀ခြားသွားရတာက evolution နဲ့ revolution ပဲ။
လက်ရှိ အခြေအနေ မှာ ဒေါ်စု အားကို ပြသခွင့်ရပြီ။ မြင်ရပြီ။
ဒီ အားကိုသုံးပြီး ဒေါ်စု က တိုင်းပြည်ကို ဒီမိုကရေစီ လမ်းကြောင်းအပေါ် တင်ပေးနိုင်အောင် ကြိုးစားနေတယ်။ အားရ စရာမဟုတ်ဖူးလား
ပြဿနာက ဥါဏ်မမှီ Capacity မပြည့်ရင် evolution လမ်းကြောင်းကို နားလည်ရ ခက်တယ်။
နားလည်သူတွေ အဖို့ ဒီမိုကရေစီ အနံ့ ရနေပြီ။ လက်တကမ်း ပဲ လိုတော့တယ်။ လမ်းချော်ပြီး ဂျောက်ထဲ မကျ ဖို့ပဲ သတိရှိရမယ်။
ဒေါ်စု မှာ လည်း တစ်ယောက်ထဲ ။ Challenges စိမ်ခေါ်မှု အခက်အခဲ တွေအများကြီး ရှိပါတယ်။

ဘိုဘိုကျော်ငြိမ်း
ချင်းမိုင်
ဖေေါ်ဝါရီလ ၁၇ ရက်
နံနက် ၄း၀၇

No comments :