ဒီနေ့ ဦးသိန်းစိန် အစိုးရရော ၊ အမျိုးသားဒီမိုကရေစီအဖွဲ
့ချုပ်ရဲ့ ပြသနာက အရည်သွေးရှိတဲ့ လူတွေ မရှိတော့တဲ့ ပြသနာပဲ။ တိုင်းပြည်ကို
ပြန်လည်တည်ဆောက်နိင်တဲ့သူတွေမရှိတော့ဘူး။ ဖက်ပေါင်းစုံချွတ်ခြုံကြသွားကြတေယ်။
ဒီလို ပြောလို့ ကျနော် တို့ မှာရှိ တယ်လို့ အကြွားပို ပြောနေတာမဟုတ်ဘူး။
ကျနော်တို့ ပြည်ပ အဖွဲ့ တွေမှာလဲမရှိပါဘူး။ နိင်ငံတကာကိုရောက်နေတဲ့ မြန်မာ
လူမျိုး ပညာရှင်တွေ ရှိပါတယ်။ သူကို ဖိတ်ခေါ်သင့်တယ်။ ၂၀၁၄ မှာ အာဆီယံအစည်းဝေး
တွေရှိတယ်။ အစည်းဝေးပေါင်း ၅ရာ အနည်းဆုံးလုပ်လာရမဲ့အနေထားရှိတယ်။ ဒီ လို အစည်းဝေးတွေကို
ဘယ်သူတွေက host လုပ်မလဲ။ ဘယ်မှာလဲ ပညာတတ်လူသားအရင်းမြစ်။
၈၈ အရေးတော်ပုံကြီးက ပေးလိုက်တဲ့သခန်းစာကတော့ ဒီတိုင်းဆက်သွားလို့ မရတော့ဘူးဆိုတဲ့ သင်ခန်းစာပါ။ အစိုးရဟာ ဗဟိုချုပ်ကိုင်မှု၊ ပါတီတခုဟာ ဗဟိုချုပ်ကိုင်မှုဆိုတဲ့ အုပ်ချုပ်မှုပုံစံနဲ့သွားလို့ မ၇တော့ပဲ။ ပိုမို လွတ်လပ်တဲ့ ( Independent ) ဖြစ်တဲ့ ထိရောက်တဲ့ ( Efficient ) ပုံစံ တွေကို ဖြစ်လာနေတယ်။ ပိုမို Complex ဖြစ်လာတယ်။
ငွေကြေး၊ စွမ်းအင်၊ ဆောက်လုပ်ရေး၊ကုန်သွယ်ရေး ၊ စီမံခန့် ခွဲရေး တွေမှာ အရေသွေးရှိလူသားအရင်းမြစ်တွေကို ပိုလိုလာတယ်။ မွေးထုတ်ရမယ်။ဒီအတွက် နိင်ငံရေးလွတ်လပ်မှုဟာ သေရေးရှင်ရေးဖြစ်လာတယ်။
1 comment :
Absolutely correct. Here in Singapore we have all kind of expatriates from all sectors whom can support International standard events or project.
Just supporting us by pay us same amount we are getting here. Don't blame us for not loving our country, we do but we need to support ourselves and our family. We can't sacrifice our life for a peanuts.
If government can offer a same remuneration, I believed 99% of Myanmar will come back to Home.
Post a Comment