ဖေဖော်ဝါရီလ ၂၁ ရက်နေ့ က သရက်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဖွင့်ပွဲအခမ်းအနားကို သွားရောက် အားပေးရင်း ၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များဆီက ဧရာဝတီမြစ်ကို ထောင်ဝန်ထမ်းများရဲ့ ကြပ်တည်းစွာ စောင့်ရှောက်မှု အောက်က ဖြတ်သန်းခံရပုံကို ပြန်ပြောင်းသတိရခဲ့ပါတယ်။
******************************************************************
ညီလေး... ဆုံးရှုံးတယ်ဆိုတဲ့
ဝေါဟာရကို
မင်းအဘိဓါန်ထဲက
ဆုတ်ဖြဲပစ်လိုက်...
ဆုံးရှုံးတယ်လို့
ထင်နေတာတွေဟာ
တကယ်တော့
ရင်းနှီးမြုပ်နှံတာ....
ပေးဆပ်နေတာ....
ငါတို့ကလေးတွေအတွက်
ငါတို့သားမြေးတွေအတွက်
တို့ဘိုးဘွားတွေသာ
မပေးဆပ်ခဲ့ရင်
ဒီကနေ့လွတ်လပ်ရေး
ဘယ်ရလိမ့်မလဲ...
အဲဒီပေးဆပ်မှုတွေ အတွက်
မင်းကိုယ်မင်း ဂုဏ်ယူလိုက်စမ်း...
မင်းသားမြေးတွေ
ဂုဏ်ယူတတ်အောင် သင်ပေးစမ်း...
ဆုံးရှုံးတယ်ဆိုတဲ့
ဝေါဟာရကို
မင်းခေါင်းထဲက
ဆွဲထုတ်ပစ်လိုက်...
ငါတို့ပေးဆပ်နေတယ်...
ရင်းနှီးနေတယ်..
လာ ငါတို့
ပေးဆပ်စို့
ရင်းနှီးစို့....
(၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုကိုကြီးပြောစကား)
No comments :
Post a Comment