Sunday 4 March 2012

မြန်မာပြည်မှာတကယ်ပဲအစစ်အမှန်ပြောင်းလဲမှုတွေဖြစ်နေပြီလားစားပွဲဝိုင်းဆွေးနွေးပွဲ

Burma Global Action Network (BGAN) နှင့်နယူးယောက်မြို့မှ မြန်မာ့အရေးလူပ်ရှားသူများမှ ပူးပေါင်း စီစဉ်သောမြန်မာပြည်မှာ တကယ်ပဲအစစ်အမှန်ပြောင်းလဲမှုတွေ ဖြစ်နေပြီလား မြန်မာ့နိုင်ငံရေးစားပွဲဝိုင်း
ဆွေးနွေးပွဲကို New York မြို Gallery35 – 30 East 35th Street , NY 10016 တွင်
 မတ်လ ၃ရက်စနေနေ့၂၀၁၂  ညနေ ၄နာရီမှ ၆နာရီအထိ  ကျင်းပပြုလုပ်ခဲ့ပါသည်။
 မြန်မာ့နိုင်ငံရေးစားပွဲဝိုင်း ဆွေးနွေးပွဲသို့ ပြည်ပရောက်၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမောင်မောင်ကျော်ကိုနေတင်မြင့် ကိုဇော်ဝင်း  BGAN အဖွဲ့ မှ ကိုတင်မောင်အေး နှင့်မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများမြန်မာ့အရေးစိတ်ဝင်စားသူများ ၅၀ခန့်တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
  
ဆွေးနွေးပွဲတက်ရောက်သူများမှ မြန်မာနိုင်ငံအတွင်းလက်ရှိဖြစ်ပေါ်ပြောင်းလဲမှုများအပေါ်
သဘောထားအမြင်များ၊

မကြာမီကျင်း ပမည့် ကြားဖြတ်ရွေးကောက်ပွဲ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်
 ဒေါ်အောင်ဆန်းစုကြည်တို့၏လက်ရှိအခြေအနေများနှင့်

မြန်မာ့ဒီမိုကရေစီရေးအတွက်ရှေ့အလားအလာများကိုရင်းရင်းနှီးနှီးတက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

1 comment :

Anonymous said...

stop talking ..ok ,,,,nobody take care ur talking....ok..