Saturday 3 March 2012

ဦးသိန်းစိန် စာဖတ် ခြင်း


သမတဦးသိန်းစိန် ကို ချီးကြူစရာတခုတော့ရှိတယ်။ သူက စာဖတ်တယ်။ သူမသိတာကိုလည်း သိတဲ့သူတွေဆီကမေးလေ့ရှိတယ်လို့ ကြားရတယ်။  ဦးနေ၀င်း၊ ဦးစမ်းယု၊ ဦးစိန်လွင် ( ဗေဒင်) ၊ ဦးသန်းရွှေ တို့ ထက် ပို ပြီး လေ့လာတယ်လို့ သိရတယ်။ တလောက သူုဖတ်နေတဲ့ စာအုပ်က တော့  The Marketing of Nations: A Strategic Approach to Building National Wealth  လို့ ဆိုတယ်။ ဒီစာအုပ်ကို ၀န်ထမ်းတွေကိုဖတ်ဖို့ လည်းသူက ညွန်ကြားထားတယ်လို့ သိရတယ်။  ဘာပဲဖြစ်ဖြစ်စာအုပ်စာပေတွေကို ဖတ်တာ ကောင်းတယ်။ စာဖတ်တဲ့သူဟာ ဗဟုသုတအမြင်ကျယ်လာတယ်။ အမှားအမှန်ကို ခွဲခြားနိင်စွမ်းရှိတယ်။

သူကိုဒီလိုချီးကြူးတာကတော့ သူကိုအားပေးချင်လို့ ပါ။ လက်ရှိမြန်မာ့ ပြည်ရဲ့အခြေအနေအရ
လူထုလှုပ်ရှားမှုကြီးတွေပေါ်ပေါက်နိင်တဲ့အနေထားတွေရှိနေသေးတယ်။ ဒီအခြေအနေမှာ
ဦးသိန်းစိန် ဟာ လူထု ကိုရက်ရက်စက်စက် နိပ်ကွပ်တာတွေကိုရှောင်ရှားပြီး မှန်ကန်တဲ့ လမ်း
ငြိမ်းချမ်းစာအဖြေရှာတဲ့လမ်းကို ရွေးချယ်နိင်အောင်လို့ ပါ။ မှန်ကန်တဲ့ ဖက်ကိုရပ်တည်နိင်အောင်လို့ ပါ။

တခါတခါမှာ လူတွေဟာ ကိုယ်မူလဗီဇ မဟုတ်ပဲ ပတ်ဝန်းကျင်တွန်းအားပေးမှုကြောင့် မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေကို ချရတဲ့အနေထားတွေရှိတတ်ကြတယ်။ ဒီအခါမျိုး မှာ ဦးသိန်းစိန် သတိပြုနိင်အောင်လို့ ပါ။

စာမဖတ်တဲ့သူတွေ အာဏာရတဲ့အခါမှာ  ရက်စက်သူတွေ တယူသန်တွေဖြစ်လေ့ရှိ တယ်။

No comments :