တောင်အာဖရိက အပြောင်းလဲက
စိတ်ဝင်စားစရာကောင်းတယ်။ တွေ့ ဆုံဆွေးတဲ့နည်းနဲ
့ ပြသနာကို ချုပ်ငြိမ်းစေခဲ့တယ်လို့ နားလည်ထားကြတယ်။ တောင်အာဖရိက တွေ့ ဆုံဆွေးနွေးမှုကို ကျနော်တို
့မကြာခန ကိုးကားကြတယ်။ တောင်အာဖရိကမှာလူမဲ (အများစု) က ဒီမိုကရေစီနည်းကျ အာဏာရလာကြပါပြီ။
ပြသနာတွေက ပြီးပြီလား။ နှစ်ပေါင်း ၂၀သက်တန်းရှိခဲ့သောငြားလဲ ပြသနာတွေ မပြီးသေးဘူးလို
့ ဆိုတယ်။ ဒီအကြောင်းကို စာရေးသူ Fiona
Fordeသူရဲ့  An Inconvenient Youth: Julius Malema and the ‘New’ ANC မှာ
ဆွေးနွေးတင်ပြထားတယ်။ အာဏာကတော့လူအများစုဖြစ်တဲ့ လူမဲတွေလက်ထဲမှာ ဒါပေမဲ့
စီးပွားရေးလုပ်ငန်းကြီးတွေ ကတော့ လူဖြူ ( လူနည်းစု) လက်ထဲမှာ လို
့ထောက်ပြထားပါတယ်။ ၀င်ငွေမညီမျှမှုနဲ့  ငွေ
ကြေးလည်ပတ်မှု မှာ လူဖြူတွေကဆက်လက်ထိမ်းချုပ်ထားနိင်ခဲ့တယ် ။ ဒီအခြေခံပေါ်မှာ
အသားအရောင်ခွဲခြားမှုဇတ်လမ်း ဟာ
မပြီးပြတ်နိင်ပဲဖြစ်နေတယ်ဆိုတဲ့အကြောင်းကိုဆွေးနွေးထားတယ်။ ဒီစာအုပ်မှာ
တောင်အာဖရိက နိင်ငံရေးမှာ တရိပ်ရိပ်တက်လာတဲ့ ဂျူးလီးယက် မာလီမာ ရဲ့ 
ဘ၀ကိုနောက်ခံထားပြီးတင်ပြလာတာဖြစ်တယ်။ မာလီမာက လူငယ်ခေါင်းဆောင်။ သူအကြောင်းကို ပြင်ပကမာ
က မသိကြပေမဲ့သူဟာ အသားရောင်တိုက်ဖျက်ရေးလှုပ်ရှားမှုမှာ
တလျောက်လုံးပါဝင်ခဲ့သူ။
သူကို မိခင်အေအင်စီအဖွဲ့ ကြီးကလည်း တာဝန်က ရပ်ဆိုင်း ထားတာခံရဘူးတယ်။
အပြစ်ပေးတာကိုခံရဘူးတယ်။ ဒါပေမဲ့ ဒီစီးပွားရေးမညီမျှမှု က အာဖရိကို
ဆင်းရဲတွင်းနက်စေနေတဲ့ အဖြစ်ကို သူက အပြောဆုံး။
ဒီလိုပြောတဲ့အတွက် လူထုထောက်ခံမှုတဟုန်တိုးရလာတယ်။ အေအင်စီကလည်း
တိုက်ပွဲကာလကလို မဟုတ်တော့ပဲ အာဏာရလာတဲ့အခါမှာ လျော့တိလျောလျဲ ဖြစ်လာတယ်။ လူဆင်းရဲသားတွေဘဝ
ကို မေ့ လျောေ လျာ့ရှိလာတယ်။ ဒီအခြေနေမှာ ဂျူးလီယပ် မာလီမာ
ဟာ
တောင်အာဖရိကမှာရော ၊ နိင်ငံတကာမီဒီယာမှာပါသတိပြုစရာလူဖြစ်လတယ်။
စာရေးသူ
ဖီယိုးယား ဖေါ့ဘ် ကတော့ မာလီမာ ဟာ မညီမမျှဖြစ်နေတဲ့ အာဖရိကဘ၀ တွေထက်
အာဏာကိုပိုပြီးစိတ်ဝင်စားသူလို့ ကောက်ချက်ချတယ်။ ဟုတ်မဟုတ် မာလီမာရဲ
့ခြေလှမ်းတွေနဲ့ အာဖရိကတိုက်က မညီမမျှဖြစ်နေတဲ့ ဆင်းရဲချမ်းသာကွဟမှုတွေအကြောင်းကို
ကျနော်တို့ ဆက်လက်လေ့လာကြတာပေါ့။
မိုးသီး
No comments :
Post a Comment