Saturday 3 March 2012

တမတ်သား လွှတ်တော် မှ တမတ်သား အမတ်များ

တိုင်းပြည်ရဲ့ ဘတ်ဂျတ် ကို တမတ်သား လွှတ်တော် ထဲမှာ ဆွေးနွေး စဉ် CNN  က မှတ်တမ်းတင်ထားတဲ့ တမတ်သား လွှတ်တော် အတွင်း မြင်ကွင်း တခု ပါ။ CNN  က  Sleeping in Myanmar Parliament ဆိုပြီး တမ္ဘာလုံး မှာ ထုတ်လွှင့်ပြသလိုက်ပါပြီ။  အပေါ် က တော့ပြောင်းလဲနေပါတယ်၊ လုပ်နေပါတယ်တဲ့။ အောက် က တော့ ဟောင်းလောင်း ပေါ်နေသလိုပါပဲ။ မဆလ ခေတ် မှာတောင်  စစ်ဝတ်စုံနဲ့ လွှတ်တော် မှာမတွေ့ရဘူး။  စစ်သား က စစ်သား အလုပ် မလုပ်ရတော့  အိပ်တော့မှာပေါ။့ မနိုင်တဲ့ တာဝန်တွေ ကို ထမ်းဆောင်နေရတဲ့  စစ်သားတွေတောင် ဒီစနစ်ဆိုးအောက်မှာ ပင်ပန်းနေကြပြီ။ စစ်သားတွေ မှာ အပြစ်မရှိဘူး။ ဒီ စနစ်ဆိုးကြီး ကို  အကောင်အထည်ဖော်နေတဲ့  သူတွေရဲ့ အပြစ်သာဖြစ်တယ်။

CNN  က  နေပြည်တော်မှာ အရေပြားရောဂါ စွဲကပ်နေတဲ့ ဆင်နှု တရိစ္ဆန် ကိုးကွယ်နေမှု အကြောင်း ကို လည်း ထည့်သွင်းပြသ သွားခဲ့တယ်။

အောက် က ပုံ ကတော့ ထိုင်ဝမ် လွှတ်တော်ထဲ မှာ ဘဏ္ဍာရေးပြဿနာများ၊ တိုင်းပြည် ဘတ်ဂျတ် လိုငွေပြမှု ပြဿနာများ ၊ တရုတ်နိုင်ငံ နှင့် ကုန်သွယ်မှု နှင့် စီးပွားရေး မူဝါဒများ ကို ထိုင်ဝမ် လွှတ်တော် အတွင်းမှာ လွှတ်တော် အမတ်များ ခိုက်ရန်ဖြစ်တဲ့ အထိ  စိတ်ဝင်တစား အချေအတင် ဆွေးနွေးခဲ့ကြတဲ့ ဖြစ်ရပ်တခုပါ။ 




1 comment :

Anonymous said...

နဲနဲ တိုးတက်လာတဲ့ လွှတ်တော်လိုတော့ ဆိုနိုင်ပါတယ်။
ဒါပေမဲ့ အဲဒီ တမတ်သားကြောင့် တို့နိုင်ငံကြီး ကြပ်မပြည့် ဖြစ်နေစဲ ဆိုတာတော့ ရှင်းနေတာပါပဲ။