တိုင်းပြည်ရဲ့ ဘတ်ဂျတ် ကို တမတ်သား လွှတ်တော် ထဲမှာ ဆွေးနွေး စဉ် CNN က မှတ်တမ်းတင်ထားတဲ့ တမတ်သား လွှတ်တော် အတွင်း မြင်ကွင်း တခု ပါ။ CNN က Sleeping in Myanmar Parliament ဆိုပြီး တမ္ဘာလုံး မှာ ထုတ်လွှင့်ပြသလိုက်ပါပြီ။ အပေါ် က တော့ပြောင်းလဲနေပါတယ်၊ လုပ်နေပါတယ်တဲ့။ အောက် က တော့ ဟောင်းလောင်း ပေါ်နေသလိုပါပဲ။ မဆလ ခေတ် မှာတောင် စစ်ဝတ်စုံနဲ့ လွှတ်တော် မှာမတွေ့ရဘူး။ စစ်သား က စစ်သား အလုပ် မလုပ်ရတော့ အိပ်တော့မှာပေါ။့ မနိုင်တဲ့ တာဝန်တွေ ကို ထမ်းဆောင်နေရတဲ့ စစ်သားတွေတောင် ဒီစနစ်ဆိုးအောက်မှာ ပင်ပန်းနေကြပြီ။ စစ်သားတွေ မှာ အပြစ်မရှိဘူး။ ဒီ စနစ်ဆိုးကြီး ကို အကောင်အထည်ဖော်နေတဲ့ သူတွေရဲ့ အပြစ်သာဖြစ်တယ်။
CNN က နေပြည်တော်မှာ အရေပြားရောဂါ စွဲကပ်နေတဲ့ ဆင်နှု တရိစ္ဆန် ကိုးကွယ်နေမှု အကြောင်း ကို လည်း ထည့်သွင်းပြသ သွားခဲ့တယ်။
အောက် က ပုံ ကတော့ ထိုင်ဝမ် လွှတ်တော်ထဲ မှာ ဘဏ္ဍာရေးပြဿနာများ၊ တိုင်းပြည် ဘတ်ဂျတ် လိုငွေပြမှု ပြဿနာများ ၊ တရုတ်နိုင်ငံ နှင့် ကုန်သွယ်မှု နှင့် စီးပွားရေး မူဝါဒများ ကို ထိုင်ဝမ် လွှတ်တော် အတွင်းမှာ လွှတ်တော် အမတ်များ ခိုက်ရန်ဖြစ်တဲ့ အထိ စိတ်ဝင်တစား အချေအတင် ဆွေးနွေးခဲ့ကြတဲ့ ဖြစ်ရပ်တခုပါ။

1 comment :
နဲနဲ တိုးတက်လာတဲ့ လွှတ်တော်လိုတော့ ဆိုနိုင်ပါတယ်။
ဒါပေမဲ့ အဲဒီ တမတ်သားကြောင့် တို့နိုင်ငံကြီး ကြပ်မပြည့် ဖြစ်နေစဲ ဆိုတာတော့ ရှင်းနေတာပါပဲ။
Post a Comment