Saturday 24 March 2012

ယနေ့နံနက် တာချီလိတ်မြို့ဂေါက်ကွင်းဗုံးပေါက်ကွဲမှုကြောင့် ရှမ်းပြည်နယ်ဒေသအချို့ မဲဆန္ဒနယ်မြေကျင်းပခွင့်ပိတ်ပင်မည်ကို စိုးရိမ်နေ။


 

၂၄.၃.၂၀၁၂
ယနေ့နံနက် ၈နာရီအချိန်ခန့်တွင် တာချီလိတ်မြို့ ဂေါက်ကွင်းအတွင်း မိနစ်အနည်းငယ်ခြားပြီး ဗုံး (၂) လုံးပေါက်ကွဲခဲ့ကြောင်းသတင်းရရှိသည်။ ယနေ့နံနက်တွင် တာချီလိတ် ဂေါက်ကွင်းဖွင့်ပွဲပြုလုပ်ရန် ပြင်ဆင်နေချိန်တွင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဂေါက်ကွင်းဖွင့်ပွဲပြုလုပ်ရန်ပြင်ဆင်ထားသောအခမ်းအနားစင်မြင့်နှင့် ဂေါက်ကွင်းအတွင်းပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပေါက်ကွဲမှုကို မည်သည့်အဖွဲ့အစည်းလက်ချက်ဟု မသိရှိရသေးသော်လည်း ကချင်ပြည်နယ်တွင် ကြံခိုင်ဖွံ့ရေးမနိုင်နိုင်သော မဲဆန္ဒနယ်မြေကို လုံခြုံရေးအကြောင်းပြပြီး ရွေးကောက်ပွဲကျင်းပခွင့်ပိတ်ပင်ခြင်းများကြောင့် ရှမ်းပြည်နယ်အချို့တွင်လည်း အလားတူ မဲဆန္ဒနယ်မြေများကို အစိုးရမှပိတ်ပင်လာနိုင်ကြောင်းအထူးစိုးရိမ်နေကြသည်ဟုသတင်းရရှိသည်။

1 comment :

Anonymous said...

ခင်များတို့လုပ်တာဘဲနေမှာဘာ ကိုယ်အချင်းချင်းတောင်ကိုယ်သတ်သေးဒါကို