လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ မြိတ်မြို့ခရီးစဉ်တွင် အာဏာပိုင်တို့ရဲ့ နောက်ကွယ်မှ ဟန့်တားနှောင့်မှုများကြောင့် သွားရောက်လိုသောစည်းရုံးခရီးစဉ်တချို့ဖျက်သိမ်းခဲ့ရသည်။ တနာရီရေမိုင်၂၅မိုင်နှုန်းမောင်းနှင်နိုင်သော ရှပ်ပြေးယာဉ်ကို ကြိုတင်ငှားရမ်းခဲ့သော်လည်း မြိတ်အာဏာပိုင်တို့ ခြိမ်းခြောက်မှုကြောင့်ယာဉ်ပိုင်ရှင်မှ မငှားရဲသောကြောင့် သာမာန်ယာဉ်ကို အသုံးပြုရသဖြင့် စခန်းသာကျေးရွာသို့သာရောက်ရှိခဲ့သည်။ အပြန်ခရီးလမ်းတွင် သောင်တင်မှုကြောင့် မြိတ်မြို့သို့ ည(၁၀)ကျော်မှပြန်လည်ရောက်ရှိခဲ့သည်။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် လှိုင်းမှုးသည်ဒါဏ်ကြောင့် ဆေးကုသမှုခံနေရသော်လည်း ယနေ့နံနက် ၁၀နာရီခွဲအချိန်ခန့်တွင် မြိတ်မြို့ကန်ဖျားလမ်းမကြီး ကြယ်တခွန်အိမ်ရှေ့ဝရံတာမှာ မိန့်ခွန်း၁၀ မိနစ်ခန့်ပြောခဲ့သည်ဟုသိရသည်။ မြိတ်မြို့မှရန်ကုန်သို့ ယနေ့ညနေလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ကျမ္မာရေးအခြေအနေမှာ သွေပေါင်ကျ၊မူးဝေအံ့ပြီး ဖျားနေသည်ဟုသိရသည်။
လက်ရှိကျမ္မာရေးအခြေအနေအရ မတ်လ(၂၇) ရက်မကွေးမြို့ ခရီးစဉ်ကို ဖျက်သိမ်းလိုက်သည်ဟု သတင်းရရှိသည်။ ထိုသို့ စည်းရုံးခရီးစဉ်ဖျက်သိမ်းရခြင်းကို မကွေး၊ကျောက်ပတောင်း၊တောင်တွင်းကြီး၊နတ်မောက်မြို့များမှ ပြည်သူလုထုအား အနူးအညွတ်တောင်းပန်ကြောင်းတရားဝင်ကြေညာချက်ထုတ်ခဲ့သည်။
3 comments :
ဘိတ်မြို့မှ ရှပ်ပြန်ရေယာဉ်လုပ်ငန်းပိုင်ရှင်က ဦးကျောက်စိမ်း ဖြစ်ပါတယ်... အာဏာပိုင်အလိုကျ သခင်အားရ ကျွန်ပါးဝလိုက်တာပါ။ ခင်ဗျားသတိထားပါ
ခွေးတိရိစ္ဆာန် ကျောက်စိမ်းနဲ့ ငလှသန်း...မင်းတို့တွေ ခွေးဖြစ်မဲ့နေ့ကို ဘိတ်ကပြည်သူတွေ စောင့်မျှော်နေတယ်ဆိုတာ ခေါင်းထဲထဲ့ထားလိုက်...မင်းတို့ရဲ့အောက်တန်းကျတဲ့စိတ်ဓါတ်က သမိုင်းမှာ အမည်းစက်တစ်ခုဖြစ်သွားပြီ.
ခွေးမသား ကြံ့ဖွံနောက်လိုက် လဒမျိုး ရှပ်ပြေး ရေယာဉ်ပိုင်ရှင်ဆိုတဲ့ကောင်တွေ...ငါတို့အမေ တခုခု ဖြစ်လို့ကတော့ မင်းတို့အသက်ဖက်နဲ့သာထုပ်ထားတော့ခွေး သူတောင်းစားတွေ...မင်းတို့တဆွေလုံးတမျိုးလုံး ရောက်တဲ့အရပ်မှာ ငါကိုယ်တိုင် လာသတ်မှာ ... မယုံမရှိနဲ့..မင်းအမျိုးတွေ ဘယ်နိုင်ငံဘယ်ရောက်လို့ ဘာလုပ်နေတယ်ဆိုတာ လူတိုင်းသိတယ်..
Post a Comment