မတ်လဆန်းပိုင်းကစတင်ရောင်းချခဲ့သော
( ၂ )သိန်းတန် မိုလ်ဘိုင်းဖုန်းများအား နိုင်ငံဝန်ထမ်းများအားအတင်းအကြပ် မဝယ်မနေရဟု သက်ဆိုင်ရာဌာန၏ဝန်ကြီးများက
အဓမ္မရောင်းချနေသည်ဟု သတင်းများထွက်ပေါ်နေသည်။
တချို့ဌာနများသည်
မိမိတို့လက်အောက်ရှိဝန်ထမ်းများအားတလလျင်ကျပ် ၄သောင်းသွင်းဖြင့် အရစ်ကျ မယူမနေရ ဝယ်ခိုင်းသောကြောင့်
လစာနည်းဝန်ထမ်းများမှာ အခက်အခဲများနှင့်ကြုံတွေ့နေရသည်။
တိမွေးကု
ဆေးတက္ကသိုလ်တွင် ပထမတန်ဖိုးနည်း ၂သိန်းတန်ဂျီအက်စ်အမ် ဖုန်းများအားအရစ်ကျဝယ်ယူခွင့်ပြုမည်။
ဝယ်ယူလိုသူများကစာရင်းများကောက်ယူခဲ့သည်။
စာရင်းပေးသွင်းထားသူများမှ
မဝယ်ယူသူများအား အရေးယူမည်ဟု မတ်လ (၂၃)ရက်နေ့ကအမိန့်စာထုတ်ကြေညာခဲ့သောကြောင့် တိမွေးကုတက္ကသိုလ်မှ
ဆရာ၊ဆရာမများမှ ကြောက်ရွံ့နေကြရကြောင်း ဆရာမတဦးကပြောပြသည်။
ဆင်းကဒ်တကဒ်လျင် ကျပ်၅၀၀၀ဖြင့်
အသုံးပြုခွင့်ရရေးလှုပ်ရှားမှုများ မြန်မာပြည်အနှံကျယ်ပြန့်လာသောအခါ တန်ဖိုးနည်း၂သိန်းတန်များကို
ဝယ်ယူသူများမှ စိတ်ဝင်မှုနည်းလာခဲ့သည်။ ၂သိန်းတန်ဂျီအက်စ်အမ်ဖုန်းများကို ဦးသန်းရွှေမိသားစုနှင့် ဦးတေဇကုမ္မဏီတို့မှ
ရောင်းချခြင်းဖြစ်သောကြောင့် ဝန်ကြီးဌာနအသီးသီးမှ ဝန်ကြီးများကိုယ်တိုင် မိမိတို့ ဝန်ထမ်းများအား
အာဏာဖြင့်အတင်းအကျပ်ရောင်းချနေခြင်း သတင်းများထွက်ပေါ်နေသည်။
4 comments :
လွန်ခဲ့တဲ့တစ်နှစ်လောက်က နှစ်သိန်းနဲ့ေ၇ာင်းမယ်ဆိုလို့ကတော့ တစ်နိုင်ငံလုံး အလွန်တ၇ာပျော်၇ွှင်ကြပါလိမ့်မယ်။ တစ်နှစ်လောက်အကောင်ထည်ဖော်တာနောက်ကျသွားတဲ့အတွက် လူတွေ၇ဲ့ အသိအမြင်တွေပြောင်းလဲသွားပြီး မတ၇ားမှုတွေကို အ၇င်ကထက်ပိုခွင့်၇ှိလာပါတယ်။ မြန်မာပြည်ဟာ စပြောင်းနေပါပြီ။ ဆက်ပြောင်းနေဘို့ အားလုံးဆက်လက် ကြိုးပမ်း၇ပါမယ်။ အပြောင်းလဲဖြစ်ခွင့်ပေးသူနဲ့ အပြောင်းလဲဖြစ်အောင် ကြိုးပမ်းကြသူများကို တလေးတစား ဦးညွတ်လျှက်။ ။
ဗမာပြည်ကလူတွေလဲ စောက်ရူးတွေပဲ..ဒီဖုန်းလောက်ကိုပဲ စောက်ရူးအကြီးအကျယ်ထနေတယ်...ငါးထောင်တန် ငါးထောင်တန်နဲ့ ဒါကို ကမ်ပိန်းတစ်ခုတောင်လုပ်နေရတယ်လို့.
ဟုတ်သားပဲ စောက်ရူးတွေပဲဟာ... ဘာခံယူချက်မှမရှိ သူများယောင်တိုင်းလိုက်ယောင် နေကြတာ
သူငယ်ချင်း မန္တလေးသား တစ်ယောက်က ပြောပြတဲ့စကားလေးတစ်ခုကို ပြောပြချင်ပါတယ်။ မန္တလေးကို အမေစု မဲဆွယ်ပွဲလာတော့ မန္တလေးသားတွေက အမေစု အမေစု ၅ ထောင်တန်ဖုန်းကဒ်လေး လုပ်ပေးပါလို့ အော်ကြတယ်။ တစ်ကယ်တမ်းက မန္တလေးမှာ အမေစု လာမယ်ဆိုလို့ မီးဖြတ်ထား ရေဖြတ်ထားတာ ကြာနေပြီ။ တစ်ကယ့်လိုအပ်ချက်ကို မတောင်းဆိုဘဲနဲ့ ဘာမဟုတ်တဲ့ကိစ္စတစ်ခုကို တောင်းဆိုနေတဲ့ အလွဲတွေဘဲ။ အပေါ်က တစ်ယောက်ပြောသလိုဘဲ သူများယောင်တိုင်း လိုက်မယောင်နေပါနဲ့။
Post a Comment