Monday 26 March 2012

စသုံးလုံးရုံးပေါ်မှခုန်ချအဆုံးစီရင်သောအမှုကို သတင်းလိုက်သော သတင်းထောက်များအားစသုံးလုံးကခြိမ်းခြောက်။

စသုံးလုံးရုံးပေါ်မှစစ်ကြောရေးဝင်နေစဉ် ခုန်ချအဆုံးစီရင်ခဲ့သူ။ ( Photo: YPI)

မတ်လ(၂၄)ရက်နေ့ကဆိပ်ကမ်းသာလမ်းပေါ်ရှိစသုံးလုံးရုံးအပေါ်မှအမျိုးသမီးငယ်တဦးမိမိကိုယ်ကိုအဆုံးစီရင်မှုဖြစ်ပွားခဲ့သည်။ အဆုံးစီရင်သူမှာ ရှမ်းပြည်နယ်မိုင်းဖြတ်မြို့မှ အသက်(၁၉)နှစ်အရွယ်ရှိနန်းဝိုဖန် ဖြစ်သည်။ သူမသည် ငွေကြေးအလွဲသုံးစားမှုနှင့်တရားစွဲခံထားရပြီး စသုံးလုံးမှစစ်ကြောရေးဝင်နေစဉ်အတွင်း မိမိကိုယ်ကို ခုန်ချအဆုံးစီရင်ခဲ့ခြင်းဖြစ်သည်။ စသုံးလုံးရုံးပေါ်မှခုန်ချအဆုံးစီရင်ပြီးနောက် အလောင်းကိုရင်ခွဲရုံသို့ပို့ဆောင်ခဲ့သည်။ ရင်ခွဲရုံတွင် အလောင်းပြင်ဆင်ထားစဉ် ယနေ့မနက်ပိုင်းပြည်တွင်းဂျာနယ်မှ သတင်းထောက်အချို့ သတင်းသွားယူစဉ် စသုံးလုံးမှ သတင်းထောက်များကို မင်းတို့အန္တရာယ်ဖြစ်သွားချင်လားဟုတ်ခြိမ်းခြောက်ပြီးသတင်းယူခွင့်မပြုကြောင်းနှင့်သတင်းလာရောက်ယူသောသတင်းထောက်များ၏အမည်ကိုယူထားကြောင်း သိရှိရသည်။
အဆုံးစီရင်သူမိန်းကလေး၏ ဆေးစစ်ချက်မှတ်တမ်းများကိုလည်းကြည်ရှုခွင့်မပြုဟုသိရသည်။ စသုံးလုံးစစ်ကြောနေစဉ်အတွင်း မည်သည့်အကြောင်းအရာကြောင့် ယ္ခုကဲ့သို့ အဆုံးစီရင်ရကြောင်းကို သက်ဆိုင်ရာမိသားစုဝင်တို့မှလည်းသိလိုကြောင်းသတင်းရရှိသည်။ အလောင်းထားရာ ရင်ခွဲရုံတွင် စသုံးလုံးမှအထူးစောင့်ကြနေကြောင်းသတင်းရရှိသည်။ သက်ဆိုင်ရာမိသားစုဝင်များမှာလည်းစသုံးလုံး၏ခြိမ်းခြောက်မှုကြောင့် ကြောက်လန့်နေသည်ဟု သိရှိရသည်။
မကြာမှီရက်ပိုင်းအတွင်းက ရန်ကုန်မြို့မှာ စနေနေ့က အရေးပေါ် ခေါ်ယူကျင်းပတဲ့ မြန်မာနိုင်ငံ စာပေစာနယ်ဇင်း ညီလာခံမှာ" ဒီမိုကရေစီလမ်း လျှောက်လှမ်းနေရာမှာ အစိုးရအနေနဲ့ ခေတ်စနစ်နဲ့အညီ သတင်းမီဒီယာ ကဏ္ဍမှာ ထိန်းချုပ်မှုတွေ လျှော့ချပေးဖို့ စီစဉ်ထားတယ်လို့" စာရေးဆရာများ၊ ထုတ်ဝေသူများနဲ့သတင်းသမားများကိုပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းရဲ့ ပြောကြားချက်အပေါ် ပြည်တွင်းသတင်းထောက်များက သံသယဖြစ်နေကြကြောင်းသိရှိရသည်။
 ပြန်ကြားရေးဝန်ကြီးနှင့် ပြည်ပအခြေစိုက်Mizzima အယ်ဒီတာချုပ်။

1 comment :

Anonymous said...

စသုံးလုံးတစ်ကောင်လောက် အရေခွံနွာ နုတ်နုတ်စဉ်းပြီး ခွေးကျွေးပစ်လိုက်စမ်းပါ ... ဒီလို လူမဟုတ် တိရိစ္ဆာန်ထက် ယုတ်ညံတဲ့ စသုံးလုံးလို သတ္တ၀ါကို သတ်လို့ လုံးဝအပြစ်မရှိပါဘူး...