Wednesday, 28 March 2012

တရားမျှတပြီးလွတ်လပ်သောရွေးကောက်ပွဲဖြစ်စေရမည်ပြောတဲ့ရွေးကောက်ပွဲကော်မရှင်ဥက္ကဌရဲ့ ယနေ့သတင်းစာရှင်းလင်းပွဲ။


ဓါတ်ပုံ- ထူးသန့်

 ရွေးကောက်ပွဲတွင် သတင်းရယူမည့် သတင်းထောက်များကို မဲရုံပြင်ပမှာပင် သတင်းရယူခွင့်ပြုမည်ဖြစ်ပြီး မဲရုံအတွင်းဝင်ရောက်သတင်းရယူခွင့်ပြုမည်မဟုတ်ကြောင်း ဦးတင်အေးက ပြောသည်။ မဲဆန္ဒရှင်များ၏ လျှို့ဝှက်မဲဆန္ဒပေးမှုကို အနှောက်အယှက် မဖြစ်စေလိုသည့်အချက်မှာ မဲရုံအတွင်း သတင်းရယူခွင့်မပြုခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်ကြောင်းလည်း ၎င်းကရှင်းပြသည်။
နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းသည်ဖြစ်စေ၊ မရုပ်သိမ်းသည်ဖြစ်စေ မိမိ၏ တာဝန်မှာ တရားမျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲဖြစ်လာစေရန် ဆောင်ရွက်ရ မည်သာ ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးက ယနေ့(၂၈.၃.၂၀၁၂) ရက်က နေပြည်တော်ကော်မရှင်ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
 ကားဖြတ်ရွေးကောက်ပွဲ၊ လွှတ်တော်သုံးနေရာအတွက် မဲဆန္ဒရှင်စုစုပေါင်းမှာ ၆၄၈၄၅၆၂ ဦး (ခြောက်သန်းလေးသိန်းရှစ်သောင်းလေးထောင်၊ ငါးရာခြောက်ဆယ့်နှစ်ဦး) ဖြစ်သည်။
(7Day News Journal မှ)
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တွင်သတင်းယူနေကြသော ပြည်တွင်းသတင်းထောက်များ။
 

ဓာတ်ပုံ- ဥက္ကာကိုကို

1 comment :

Anonymous said...

U Tin Aye, you have my respect ,Sir.