Tuesday 27 March 2012

စစ်ကိုင်းမြို့တွင် NLDရွေးကောက်ပွဲအောင်နိုင်ရေးဂီတပွဲတော်ကိုအနုပညာရှင်များစွာဖြင့် ယနေ့ကျင်းပမည်။



စစ်ကိုင်းမြို့တွင် NLD ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဂီတပွဲတော်နှင့် ဈေးရောင်းပွဲတော်ကို ယနေ့ကျင်းပမည်ဖြစ်သည်။ လူမင်း၊ဝေဌုကျော်၊ရဲတိုက်၊ဇော်ဝင်းထွဋ်၊မာရဇ္ဇ၊ဆောင်းဦးလှိုင်၊ Rဇာနည်၊ဖြိုးကြီး၊အနဂ္ဂ၊ဂျီလတ်၊ လင်းလင်း၊အောင်အောင်၊စိုးထက်၊ ထွန်းအိန္ဓြာဗိုလ်၊ကော်နီ၊ကဗျာဘွဲ့မှူး၊သျှီ၊သံသာဝင်း၊ရှင်ဖုန်း၊ချစ်သုဝေ စသော အဆိုတော်နှင့်သရုပ်ဆောင်များစွာပါဝင်မည်ဖြစ်သည်။
ယနေ့နေ့လည်(၁၂) နာရီတွင် စစ်ကိုင်းမြို့ကမ်းနားလမ်း၊တိုင်ဝါတိုင်အနီးတွင်ဈေးရောင်းပွဲတော် စတင်ကျင်းပမည်ဖြစ်ပြီး၊ညနေ(၄)နာရီတွင် ဂီတပွဲတော်ကျင်းပမည်ဖြစ်သည်။

ဂီတဖျော်ဖြေပွဲ ကျင်ပမည့်စစ်ကိုင်း မြစ်ကမ်းနား စင်မြင့် ပြင်ဆင်မှု့ကို မနက် ၇ နာရီ ကတွေ့ရစဉ်။

 စစ်ကိုင်းမြို့ကမ်းနားမှာ တွေ့ရတဲ့ ရေစည်လှည်း
photos: Kyaw Swe Myint

No comments :