Friday 30 March 2012

လွပ်လပ်မျှတသန့်ရှင်းသောရွေးကောက်ဟု မထင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းပွဲတွင်ပြော။

 ဓါတ်ပုံ- အေပီ
ယနေ့နံနက် (၉)နာရီမှစတင်ကာ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများကို ဒေါ်အောင်ဆန်းစုကြည်မှ သတင်းစာရှင်းလင်းပွဲတရပ်ကို ၁နာရီနှင့်၄၅မိနစ်ကြာပြုလုပ်ခဲ့သည်။ ပြည်တွင်းပြည်ပ သတင်းစာဆရာ ၃၅၀ဦးခန့်တက်ရောက် သတင်းယူကြောင်းသိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြည်တွင်းပြည်ပသတင်းစာဆရာများအား ယခုကြားဖြတ်ရွေးကောက်ပွဲသည် တရာမျှတသောရွေးကောက်ပွဲဟု မထင်မိကြောင်း၊ ကချင်ပြည်နယ်ရှိဆိုင်းငံ့မဲဆန္ဒနယ်(၃)နယ်မြေသည် တိုက်ပွဲမှုဖြစ်ပွားနေသော နယ်မြေများမဟုတ်ဘဲ အေးချမ်းစွာရွေးကောက်ပွဲကျင်းပနိုင်သော နယ်မြေများဖြစ်ကြောင်း၊ NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်တဦးကို ရွေးကောက်ပွဲကော်မရှင်က ပယ်ချမှုသည် တရားမျှတမှုမရှိကြောင်းတို့ကို သတင်းထောက်များအားပြောကြားခဲ့သည်။ သတင်းထောက်များ၏အမေးများကိုလည်းပြန်လည်ဖြေကြားခဲ့သည်။


သတင်းထောက်များရဲ့အမေးများကိုဒေါ်အောင်ဆန်းစုကြည်၏ပြန်လည်ဖြေကြားချက်များ။
ကြားဖြတ်ရွေးကောက်ပွဲတွင် မီဒီယာများအပေါ်ထုတ်ပြန်သောစည်းကမ်းချက်များမှာ ယခုရွေးကောက်ပွဲအတွက် အားနည်းချက်တစ်ရပ်ပင်ဖြစ်ကြောင်း The Messenger ဂျာနယ် ၏မေးမြန်းမှုအပေါ် ဖြေကြားခဲ့သည်။The Messenger ဂျာနယ်မှ ကြားဖြတ်ရွေးကောက်ပွဲစောင့်ကြည့်မည့် မီဒီယာများကို ရွေးကောက်ပွဲကော်မရှင်နှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်စည်းကမ်းချက်များ မှာ မီဒီယာများအတွက်အခက်အခဲများစွာရှိသည်ဟုသုံးသပ်နေသည့်အပေါ် ဒေါ်အောင်ဆန်ုးစုကြည်နေဖြင့် မည်ကဲ့သို့သုံးသပ်ကြောင်းမေးမြန်းခဲ့ရာစည်းကမ်းချက်တွေက မီဒီယာတွေအတွက် ခက်ခဲတယ်ဆိုရင်ခက်ခဲတာပေါ့ အခုရွေးကောက်ပွဲအတွက် အဲဒီအခက်အခဲကလဲ အားနည်းချက်တစ်ရပ်ပဲ ဟု ဒေါ်အောင်ဆန်ုးစုကြည်က ပြောကြားခဲ့သည်။

ယနေ့ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က မြစ်ဆုံကိစ္စနှင့်ပတ်သက်ပြီး အားလုံးလက်ခံနိုင်သောထာရအဖြေကိုရှာရမည်ဖြစ်ကြောင်း၊ ငါးနှစ်ရပ်တန့်ရုံနှင့်မရကြောင်း ပြောဆိုသွားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်ပြည်သူ့လွတ်တောကိုယ်စားလှယ်တစ်ဦးအဖြစ်ဖြင့်လွတ်တော်ထဲရောက်ရှိပါက၀န်ကြီးနေရာတစ်နေရာအတွက်ကမ်းလှမ်းလာပါကလက်ခံရန်အစီအစဉ်ရှိမရှိသိလိုကြောင်းပြည်တွင်းအပါတ်စဉ်ထုတ်ဂျာနယ်တစ်ခုမှသတင်းစာဆရာတစ်ဦးကမေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က " ၀န်ကြီးနေရာအတွက်မကမ်းလှမ်းသေးဘဲနဲ့ လက်ခံမယ်လက်မခံဘူး မပြောသင့်သေးပါဘူး။လွတ်တော်ထဲရောက်ဖို့လုပ်ရတာလွယ်လွယ်လေးလုပ်ရတာမဟုတ်ပါဘူး။ဒါကြောင့်လွတ်တော်ထဲကလည်း ခဏလေးနဲ့ထွက်သွားမှာလည်းမဟုတ်ပါဘူး " ဟုပြန်လည်ဖြေကြားသွားခဲ့သည်။

ဒေါ်အောင်ဆနုးစုကြည်၏လုံခြုံရေးနှင့် ပတ်သက်ပြီး စိုးရိမ်နေကြခြင်းများအတွက်သီသန့်လုံခြုံရေးအစီအစဉ်များ ဆောင်ရွက်သွားရန်ရှိမရှိ မေးမြန်းချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ကျွန်မအနေနဲ့ ပြည်သူတွေကြားထဲမှာနေတာဆိုတော့ လုံခြုံနေပါပြီ၊ လုံခြုံရေးနဲ့ပတ်သက်ပြီး သီးခြားစီစဉ်စရာမလိုပါဘူးဟု ပြန်လည်ဖြေကြားသွားခဲ့သည်။


"လွှတ်တော်ထဲမှာ အသံတစ်သံကတောင် တစ်ကမ္ဘာလုံးကို ပြန့်နိုင်ပါတယ်။ လူထုအသံကို တစ်ကမ္ဘာလုံးက ကြားနိုင်အောင် ကြိုးစားသွားမယ်" ဟု သတင်းထောက်တစ်ဦး၏ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်။
တနင်္ဂနွေနေ့တွင်ကျင်းပတော့မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနှင့် ဘယ်လောက်အထိ အနိုင်ရမည်ဟုမျှော်မှန်းထားပါသလ ဟုမေးမြန်းမှုကို ကျွန်မတို့ အနေနဲ့ များနိုင်သမျှများများ အနိုင်ရလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်ဟု ဖြေကြားခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၄နေရာတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။


No comments :