Thursday 29 March 2012

ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာအကြောင်းအရာများကို ဒေါ်အောင်ဆန်းစုကြည်သတင်းစာရှင်းလင်းပွဲကျင်းပမည်


သတင်းစာရှင်းပွဲသို့သတင်းယူရန်အတွက် ပြည်တွင်း၊ပြည်ပသတင်းစာဆရာများဝင်ခွင့်ကဒ်ထုတ်ယူနေကြစဉ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ဒေါ်အောင်ဆန်းကြည်သည် ကျမ္မာရေးကြောင့် အနားယူနေရာမှ ကောင်းမွန်သက်သာလာပြီဖြစ်ကြောင်းသိရသည်။ မတ်လ(၃၀)ရက်နေ့ ယနေ့နံနက်(၉)နာရီအချိန်တွင် ကြားဖြတ်ရွေးကောက်ပွဲသတင်းယူရန် ရောက်ရှိနေကြသော ပြည်ပမီဒီယာမှသတင်းစာဆရာများနှင့် ပြည်တွင်းမီဒီယာမှသတင်းစာဆရာများကို တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် ကြားဖြတ်ရွေးကောက်ပွဲနှင့် သက်ဆိုင်သော သတင်းစာရှင်းပွဲပြုလုပ်မည်ဖြစ်သည်။ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒစာရင်းအမှားအယွင်းများ၊ မဲဆွယ်စည်းရုံးခရီးများအတွင်းတွင်အဆင်မပြေမှုအခက်အခဲများ လည်းပြောကြားမည်ဟု သတင်းများထွက်ပေါ်နေသည်။ လက်ရှိအာဏာရကြံ့ဖွတ်ပါတီရဲ့ နည်းမျိုးစုံဟန့်တားနှောက်ယှက်မှုများ၊ နေရာအသီးသီးရှိ ဒေသအာဏာပိုင်များ၏ နှောက်ယှက်မှုများ၊NLD ပါတီဝင်များခြိမ်းခြောက်ကိုယ်ထိလက်ရောက်ကျူးလွန်မှုများ၊ ပါတီရဲ့ဆိုင်းဘုတ်အမှတ်အသားများကို ဖျက်ဆီးခံရမှုများကို အာဏာပိုင်တို့ထံသို့တိုင်ကြားသော်လည်းထိထိရောက်ရောက်အရေးယူခြင်း မရှိသည်ကို သတင်းမီဒီယာသို့အသိပေးမည်ဟုလည်း မီဒီယာအသိုင်းအဝိုင်းတွင်ပြောဆိုနေကြကြောင်း သိရှိရသည်။
လက်ရှိအစိုးရသည် ပူးပေါင်းလက်တွဲဆောင်ရွက်မည့်ကိစ္စရပ်များကို ဆောင်ရွက်နိုင်ခြင်းမရှိသည့်အပြင် မကြာခင်ကျင်းပတော့မည့်ရွေးကောက်ပွဲတွင် တရားမမျှတသော လုပ်ဆောင်ချက်များရှိနေကြောင်း၊ ထင်ထားသည်ပိုမိုများနေသည်ဟု NLD ဗဟိုကော်မတီမှပြောဆိုခဲ့သည်။

No comments :