Thursday 29 March 2012

ကျောက်ပန်းတောင်းမြို့နယ်တွင် NLD မဲဆွယ်စည်းရုံးနေသူများကို ကြံ့ဖွတ်ပါတီမှတိုက်ခိုက်မှုဖြစ်ပွား။



ကျောက်ပန်းတောင်းမြို့ခံများ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကောင်းမွန်စေရန် ဆုတောင်းပွဲ (Photo: San Win)

ကျောက်ပန်းတောင်းမြို့မှ ပါတီင်တဦးယခုပင် ဖုန်းဖြင့် ဆက်သွယ် ပြောဆိုလာပါသည်။ ဖြစ်စဉ်မှာ ကျောက်ပန်းတောင်းမြို့မှ ၃၃ မိုင်အကွာရှိ ကြပ်ပြစ်ကျေးရွာတွင်းတွင် NLD ပါတီင်များက ထော်လာဂျီ ကားတစီး ဆိုင်ကယ် ၈စီးခန့်ဖြင့် ဆောင်းဘောက်စ်အသံချဲ့စက်ငယ်များဖွင့်ကာ ဒေါ်အောင်ဆန်းစုကြည်ပုံ ဗီနိုင်းများ ချိတ်ဆွဲလျက် ရွေးကောက်ပွဲစည်းရုံး လှုံ့ဆော်ရေး လှည့်ခဲ့ကြသည် ဆိုသည်။ ယနေ့ မတ်လ ၂၉ ရက် ညနေ ၅နာရီ ၄၅ မိနစ်တွင် ထို ကြပ်ပြစ်ကျေးရွာရှိ ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူး ကိုကျော်င်း ဆိုသူက ၄င်းဧ။် အိမ်အနားသို့ ရောက်ရှိလာသော ထော်လာဂျီ စည်းရုံးရေး ကားအား အုတ်ခဲဖြင့် ထုခြင်း ဒေါ်အောင်ဆန်းစုကြည် ပုံအား ဆွဲဆောင့်ကာ ရိုင်းစိုင်းစွာပြောဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထို ကိုကျော်ဝင်း ဆိုသူ ကြံ့ဖွံ့ စည်းရုံးရေးမှူးသည် မူးယစ်နေပြီး သူ့သားသမီးများ င်ဆွဲသည်ကိုပင် တွန်းလွှတ်ကာNLD ပါတီဧ။် စည်းရုံးရေး လုပ်ငန်းများအား ကိုယ်ထိလက်ရောက် နှောက်ယှက်ဟန့်တား ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း။ ပါတီင်များမှ သက်သေဖြစ်သော အထုခံရသည့် အုတ်ခဲအားလည်း အများအသိသက်သေဖြင့် သိမ်းဆည်းထားကြောင်း၊ ထိုရွာရှိ ပြည်ခိုင်ဖြိုး အခြားပါတီင်များမှ ၀င်ရောက် ထိန်းသိမ်း တားမြစ်ပေးခြင်း မရှိကြောင်း ယခုပင် ကျောက်ပန်းတောင်းမြို့မှ NLD ပါတီဝင် ကိုဇော်နိုင်က ဆက်သွယ် သတင်းပေးပို့လာပါသည်။( အသေးစိတ် သိရှိလိုပါက ကိုဇော်နိုင် ဖုန်းအမှတ်0947112814 သို့ ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း ။)

1 comment :

Anonymous said...

ဦးနှောက်ဖျက်ဆီးခံထားရသည့် 
ကျောက်ပန်းတောင်းအတွက် ယြုကုံးမရ ဖြစ်ပါသည် ခေတ်မှီရန်တော်တော် လိုအပ်နေပါသည်
ကျောက်ပန်းတောင်းသူတစ်ယောက်